ရွှေအကြောင်းသိကောင်းစရာ - TopicsExpress



          

ရွှေအကြောင်းသိကောင်းစရာ (၁၀) အမှတ်(၇)မှာ အကယ်ဒမီနဲ့ဘသန်း တံဆိပ်ရွှေတုံးအကြောင်းပြောခဲ့တယ် အဲဒီရွှေတုံးတွေက ရွှေချိန်အတိအကျမရှိဘူး ပုံမှန် (standard) တုံးတွေက 10 ကျပ်သားနဲ့ 10 ကျပ် 7 ရွေးကြားထဲမှာရှိတယ် အဲဒီထက်လျော့သွား ပိုသွားရင် ရောင်းတဲ့အခါ တစ် ကျပ်သား ငါးရာ တစ်ထောင်လောက် ဈေးလျော့သွားတယ် မြန်မာနိုင်ငံမှာ အစိုးရကထုတ်တဲ့ ရွှေ ဒင်္ဂါးပြားတွေရှိတယ် တစ်မတ်သား ငါးမူးသား တစ်ကျပ်သားကနေ နှစ်ဆယ်သားအထိ ထုတ်တယ် အစိုးရထုတ်ကတော့ စက်ကြီးတွေနဲ့လုပ်တာဖြစ်တဲ့အတွက် ရွှေချိန် အတိအကျထွက်တယ် ဒါပေမယ့် အစိုးရသတ်မှတ်တဲ့ တစ်ကျပ်သားအလေးချိန်နဲ့ ကုန်သည်တွေ အရောင်းအဝယ်လုပ်တဲ့ တစ်ကျပ်သားအလေးချိန်က မတူဘူးဖြစ်နေတယ် အစိုးရကတစ်ကျပ်သားကို 16.328 gram သတ်မှတ်ပြီးအပြင်မှာက 16.606 gram သတ်မှတ် တယ် ဒီတော့အစိုးရထုတ် တစ်ကျပ်သား ဒင်္ဂါးကိုရွှေဈေး ကွက်မှာ လာရောင်းရင် ရွှေဈေးကွက်က သမာဓိချိန်ခွင်မှာ ချိန်ရင် ၁၅ ပဲ ၅.၅ ရွေးပဲရှိတယ် Tate Sein Gold Shop
Posted on: Fri, 30 Aug 2013 11:47:19 +0000

Trending Topics



10152870177167389">Join Sid Hameed and Dan Moran on how to get started in the non
😊Smile : because it makes a
Persija Ingin Lanjutkan Hegemoni atas Persib Posted By »»
“Yangon [Rangoon] is a city important not only for the history
Personal SXSW Latin & World Music Itinerary - Per friend and

Recently Viewed Topics




© 2015