ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ - TopicsExpress



          

ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ချမ်းသာနေတဲ့ ရွံ့စရာကောင်းတဲ့ အာရပ်ပဒေသရာဇ်ကြီးတွေ sheikh တွေ (UAE, Saudi Arabia, Qatar နဲ့ နောက်ဆုံး သူတို့နဲ့ ရန်ဖြစ်နေတဲ့ ဆီးရီးယားအစိုးရကတောင်) မွတ်စလင်ညီအကိုတော်များအဖွဲ့ အိုးနင်းခွက်နင်းဖြစ်တာကို ဝမ်းသာလုံးဆို့နေကြတာ အံ့အားသင့်စရာ မရှိဘူး။ တကယ်တော့ အောက်ခြေလူတန်းစားရဲ့ နစ်နာမှုတွေ၊ အသံတွေကို မြှင့်တင်ပေးဖို့၊ ဖော်ထုတ်ပေးဖို့ကို မူတရပ်အနေနဲ့ထားတဲ့ ဘယ်အဖွဲ့အစည်းကို မဆို ဒီလို ရေနံပဒေသရာဇ်တွေက ရန်ညှိုးထားမှာကို ဗေဒင်မေးစရာမလို။ သို့သော်လည်း အီဂျစ်အဖြစ်အပျက်ကနေ သင်ခန်းစာယူစရာတွေ အများကြီးရှိနေတယ်။ UAE စော်ဘွားရဲ့ mouth-piece Sultan al-Qasami က twitter မှာ ခုလို ရိတယ်။ “Nasser, Sadat and Mubarak tried to get rid of the Brotherhood. Only Morsi succeeded” မော်စီနဲ့အတူ မွတ်စလင် ဘရားသားဟုဒ်ပါ သွားပြီလို့ သူက ယူဆချင်ပုံပဲ။ အဲဒီလို ပြောဖို့ကတော့ စောပါသေးတယ်။ တကယ်က အီဂျစ်မှာ Islamist တွေ အာဏာရမှာကို (သူတို့အကြောင်းနဲ့ သူတို့) မလိုလားသူတွေ အပေါ်မှာ ပြောခဲ့သလို အရှေ့အလယ်ပိုင်းမှာ မလိုလားသူတွေ အများကြီးပဲ။ ကာတာတို့၊ ယူအေအီးတို့က အီဂျစ်လိုမျိုး သူတို့ဆီ ကူးစက်လာမှာကို လန့်တယ်။ ဆော်ဒီအာရေဗျကျတော့ အီဂျစ်က Islamist တွေကို သူ့ရဲ့ ပိုတောင်မှ conservative ဖြစ်တဲ့ ဝါဟာဘင်ဝါဒကို interpret လုပ်ပုံကို စိန်ခေါ်မှုအဖြစ် မြင်တယ်။ ဒီမလိုလားမှုတွေအကုန်လုံး ဝိုင်းတိုက်တာ၊ ဖိအားပေးတာကို ခံရတဲ့အတွက် မွတ်စလင်ညီအကိုများအဖွဲ့ ဒီတချက် ခံလိုက်ရတာပဲ။ ဒီမိုကရေစီအစိုးရဟာ လူထု ထောက်ခံမှု ဘယ်လောက်ရှိရှိ၊ သူ့ရဲ့ လက်တွေ၊ ခြေတွေကို တုတ်ထားပြီး ရာဇပလ္လင်ပေါ် တင်ပေးလိုက်ရင် တချိန်က သူ့ကို ဘယ်လောက်ပဲ ထောက်ခံခဲ့၊ ထောက်ခံခဲ့ ဒီထောက်ခံမှုတွေကို ဆက်ထိန်းထားနိုင်မှာ မဟုတ်ဘူး။ မော်စီ ဟုတ္တိပတ္တိ အလုပ်လုပ်နိုင်အောင် အပြင်က ဘာအထောက်အပံ့မှ မပေးဘူး။ ဝိုင်းယုတ်မာတာလို့ ပြောနိုင်တယ်။ (တဘက်မှာ အီဂျစ်စစ်တပ်ကို ပေးနေတဲ့ ဘီလီယံနဲ့ ချီတဲ့ အထောက်အပံ့တွေက ရပ်မသွားဘူး။) ယူအေအီးက ပုဂ္ဂိုလ်ပြောစကားကို ကျနော်တို့ တိုင်းပြည်က အတိုက်အခံတွေ သတိပြုမိကြမယ်မျှော်လင့်တယ်။ (ဒီမိုကရေစီကို ဖြုတ်ချဖို့၊ လူတွေမုန်းအောင်လုပ်ဖို့ မဆလ၊ နဝတ၊ နအဖတွေ ကြိုးစာတာ မအောင်မြင်ဘူး၊ အောင်ဆန်းစုကြည်ကို သမ္မတပေးလုပ်မှပဲ လူတွေ ဒီမိုကရေစီကို လက်လန်တော့တယ် ဆိုတဲ့ comment မျိုးတွေ ထွက်မလာဘူးလို့ ဘယ်သူ အာမခံလဲ။ တခုရှိတာက သူက Brotherhood လိုမဟုတ်ဘဲ အနောက်အုပ်စုက သူတို့လူလို့ သတ်မှတ်ထားတဲ့လူ။ ဒီတော့ သူ့ဘက်က constraint ကကျတော့ Brotherhood ရင်ဆိုင်ရတဲ့ constraint နဲ့ မတူဘူး။ ရှည်မစိုးလို့ ဒီလောက်နဲ့ရပ်ပါရစေ။) ဒီတော့ မော်စီဟာ လူထောက်ခံမှုတော့ရှိပါရဲ့။ ဒါပေမယ့် တကယ့် လက်တွေ့ကျတဲ့ စားဝတ်နေရေး၊ လုံခြုံရေး ကိစ္စရပ်တွေကို သူထိထိရောက်ရောက် မဆောင်ရွက်နိုင်ဘူး။ (သို့သော်လည်း ဒါက သူ့အပြစ်သက်သက်တော့မဟုတ်) တဘက်မှာ Islamist တွေဘက်က အားနည်းချက်က အီဂျစ်လူ့အဖွဲ့ အစည်းထဲက dynamism နဲ့ အညီ သူတို့ရဲ့ ပေါ်လစီတွေကို လိုက်လျောညီထွေ ဖြစ်အောင် အချိန်မှီ လိုက်လုပ်နိုင်ပုံမရဘူး။ ဥပမာ မော်စီဟာ အီဂျစ်လူ့အဖွဲ့အစည်းထဲမှာ crystallize ဖြစ်လာနေတဲ့ လူနည်းစုဖြစ်သော်လည်း သူ့ identity နဲ့သူရှိတဲ့ နိုင်ငံရေး အင်အားစု အဖွဲ့တွေရဲ့အားကို လျှော့တွက်ခဲ့တယ်။ ဒါကတော့ သူတို့ရဲ့ အားနည်းချက်။ ဥပမာ မော်စီဟာ သူ့ coalition ထဲမှာ လစ်ဘရယ်တွေ၊ လက်ဝဲအင်အားစုတွေနဲ့ secular (အထူးသဖြင့် လူငယ်ပိုင်းက) activists တွေကို မထည့်ဘူး။ နိုင်ငံရေးပါတီ အဖွဲ့အစည်းတခုဟာ သူ့ရဲ့ core principles တွေကို ခိုင်ခိုင်မာမာ တည်ဆောက်ပြီး (ဒီ မူတွေကို အထိမခံဘဲ) core မဟုတ်တဲ့ တချို့ အပေါ်ယံအပိုင်းတွေမှာ လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်ရင် လုပ်နိုင်သလောက် အောင်မြင်မှု ရတာပဲ။ ဘရားသားဟုဒ်ဟာ အောက်ခြေလူတန်းစားအရေးကို တကယ်မြှင့်တင်ပေးနိုင်မယ့် အဖွဲ့ဆိုရင် ဒါကို ကိုယ့်ရဲ့ core principle အဖြစ် ထားပြီး တချို့ လိုက်လျောညီထွေ လုပ်လို့ရတာတွေကို လုပ်နိုင်မယ်ဆိုရင် သူဟာ အောင်မြင်မှာပဲ။ အဲဒီလိုမှ မဟုတ်ဘဲ pluralistic ဖြစ်လာတဲ့ လူ့အဖွဲ့အစည်းတွေရဲ့ သရုပ်ကို မထင်ဟပ်ဘဲ ကိုယ်ဖြစ်စေချင်တဲ့ ဘာသာရေးအခြေခံတဲ့ နိုင်ငံရေးစနစ်ကိုပဲ ဇွတ်ဖော်ဆောင်ဖို့ လုပ်မယ်ဆိုရင် အောက်ခြေလူတန်းစားတွေကို ကိုယ်စားပြုနိုင်မယ့် အဖွဲ့အစည်းတခု ပျောက်သွားမှာမို့ ဒီမိုကရေစီအတွက် ကြေကွဲစရာ ဇာတ်လမ်းတပုဒ်သာသာပဲ ဖြစ်မယ်။ ဒီအဖြစ်မျိုး မရောက်ပါစေနဲ့လို့ ဆန္ဒပြုပါတယ်။
Posted on: Thu, 11 Jul 2013 02:41:24 +0000

Trending Topics



Recently Viewed Topics




© 2015