ရန်ကုန် - TopicsExpress



          

ရန်ကုန် နည်းပညာတက္ကသိုလ် ဓာတ်ခွဲခန်းအဆင့်မြှင့်ရန် ပြင်သစ်ကုမ္ပဏီ ကူညီမည် ယခင် ပညာသင်နှစ်က ပြန်လည် ဖွင့်လှစ်ခဲ့သော ရန်ကုန် နည်းပညာတက္ကသိုလ်၏ လက်တွေ့ ဓာတ်ခွဲခန်း အဆင့်မြှင့်တင်ရေး အတွက် ပြင်သစ် လျှပ်စစ်ကုမ္ပဏီ တစ်ခုဖြစ်သော Schneider ကုမ္ပဏီက နည်းပညာနှင့် လက်တွေ့ပစ္စည်းများ ကူညီ ပံ့ပိုးမည်ဖြစ်ကြောင်း အဆိုပါ ပြင်သစ်ကုမ္ပဏီ စီမံကိန်း မန်နေဂျာ ဦးဇော်ဇော်အောင်က ပြောကြားသည်။ အဆိုပါ ဓာတ်ခွဲခန်းကို ယခုနှစ်ကုန်မတိုင်မီ ပြုပြင်ရန် စီစဉ်လျက်ရှိပြီး သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနနှင့်လည်း လာမည့် ဇူလိုင်လတွင် သွားရောက် ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။ ရန်ကုန် နည်းပညာတက္ကသိုလ် ဓာတ်ခွဲခန်း အဆင့်မြှင့်တင်ရေးအတွက် ယင်းကုမ္ပဏီအနေနှင့် ငွေကြေးပိုင်း ထောက်ပံ့ရန် ဆွေးနွေးထားကြောင်း အဆိုပါတက္ကသိုလ် နည်းပြဆရာ တစ်ဦးက ပြောဆိုသည်။ "ကနဦးအနေနဲ့ ရန်ကုန် နည်းပညာတက္ကသိုလ် ဓာတ်ခွဲခန်းအဆင့်မြှင့်ဖို့ လုပ် မယ်။ ပြီးရင် တခြား နည်းပညာတက္ကသိုလ်တွေကို ထပ်ကူညီသွားမယ်" ဟု ဦးဇော်ဇော်အောင်က ဆိုသည်။ ပြင်သစ် Schneider ကုမ္ပဏီသည် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်း က ဝင်ရောက်ခဲ့ပြီး ယင်းကုမ္ပဏီအနေနှင့် နည်းပညာပိုင်းဆိုင်ရာ သုတေသန ဓာတ်ခွဲခန်းအထိ တည်ဆောက်သွားရန် ရည်ရွယ်ကြောင်း ၎င်းက ဖြည့်စွက် ရှင်းပြသည်။ ယင်းကုမ္ပဏီသည် ၁၈၃၆ တွင် စတင် တည်ထောင်ခဲ့ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ဝန်ထမ်းပေါင်း တစ်သိန်းခွဲကျော်ဖြင့် လည်ပတ်လျက် ရှိသော Electric ကုမ္ပဏီ တစ်ခုဖြစ်ပြီး နှစ်စဉ် ရောင်းရငွေများ၏ ၅ ရာခိုင်နှုန်းကို သုတေသနနှင့် ဖွံ့ဖြိုး တိုးတက်ရေး (Research and Development) အတွက် လုပ်ဆောင်လျက်ရှိသည်။ Reposted By SU Credit to The Voice Weekly facebook/MMcities
Posted on: Wed, 26 Jun 2013 07:37:35 +0000

Trending Topics



Recently Viewed Topics




© 2015