ရန်ကုန်မြို့တွင် - TopicsExpress



          

ရန်ကုန်မြို့တွင် ဆောက်လုပ်နေသည့် တန်ဖိုးသင့် အိမ်ရာများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအမံဖြင့် ရောင်းချမည် ဖြစ်သော်လည်း အစိုးရ၀န်ထမ်းများ အပါအ၀င် ၀င်ငွေနည်း ပြည်သူများကို စိစစ်ရွေးချယ် ၀ယ်ယူခွင့်ပြုမည် ရန်ကုန်မြို့တွင် ဆောက်လုပ်နေသည့် တန်ဖိုးသင့် အိမ်ရာများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအမံဖြင့် ရောင်းချမည် ဖြစ်သော်လည်း အစိုးရ၀န်ထမ်းများ အပါအ၀င် ၀င်ငွေနည်း ပြည်သူများကို စိစစ်ရွေးချယ် ၀ယ်ယူခွင့်ပြုမည်ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်က ပြောကြားသည်။ ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် စတင်တည်ဆောက် လျက်ရှိသော တန်ဖိုးသင့် ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းများကို ဆောက်လုပ်ပြီးစီးပါက ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းအပ်နှံပေးပြီး ဖြန့်ဖြူးရောင်းချခြင်းကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ အစီအမံဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် စီမံထားရှိကြောင်း ဦးစိုးတင့်က ဆိုသည်။ ဆောက်လုပ်ဆဲ၊ ဆောက်လုပ်မည့် တန်ဖိုးသင့်နှင့် တန်ဖိုးနည်း အိမ်ရာများ ရောင်းချဖြန့်ဖြူးရေးတွင် အစိုးရ ၀န်ထမ်းများ အပါအ၀င် ၀င်ငွေအလယ်အလတ်နှင့် ၀င်ငွေနည်း ပြည်သူလူထုများထဲမှ ၀ယ်ယူခွင့်ပြုသင့်သည့် ဦးစားပေး အခြေခံရမည့် အချက်အလက်များ (Criteria) သတ်မှတ်၍ စိစစ်ရွေးချယ် ၀ယ်ယူခွင့်ပြုရေး စီမံဆောင်ရွက် သွားမည်ဟု ဦးစိုးတင့်က ဆက်လက် ပြောကြားသည်။ အဆိုပါ အိမ်ရာစီမံကိန်းများအပြင် ရန်ကုန်တိုင်းဒေသကြီး အပါအ၀င် တိုင်းဒေသကြီး/ပြည်နယ်များတွင် လူနေထိုင်ရန် အရန်မြေများ သတ်မှတ်ပြီး အိမ်ရာဘဏ္ဍာငွေ အစီအမံများ ချမှတ်၍ တန်ဖိုးသင့်နှင့် တန်ဖိုးနည်း အိမ်ရာများ စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရေးကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများနှင့် ပူးပေါင်းဆောင်ကာ စီမံဆောင်ရွက်မည်ဟု သိရသည်။ တန်ဖိုးသင့်၊ တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ အစိုးရ၀န်ထမ်းများ အပါအ၀င် ၀င်ငွေအလယ်အလတ်နှင့် ၀င်ငွေနည်းပြည်သူ မိသားစုများ အိမ်ပိုင်ရာပိုင် ဖြစ်လာစေရန် ရည်မှန်းဆောက်လုပ် ခြင်းဖြစ်ကြောင်း ဦးစိုးတင့်က ဆိုသည်။ သို့သော် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ရှိ ရတနာနှင့် ဧရာဝဏ် အိမ်ရာစီမံကိန်းများသည် အခန်းဈေးနှုန်းများမှာ ကျပ်သိန်း ၂၀၀ ခန့်အထိ ပါဝင်သဖြင့် သာမန်အခြေခံ လူတန်းစားများ လက်လှမ်းမမီသည့် ဈေးနှုန်းများ ဖြစ်နေသည်။ Ref : EMG Posted : KKL
Posted on: Mon, 09 Sep 2013 04:45:21 +0000

Trending Topics



>I would like to say a heart felt thank you to every one for all of
Dear Kryon QUESTION: "Kryon, what about the ancient masters of
Champion Womens Double Dry Fitness Tee Reviews. If you are
Its getting closer to the time my company shows up after 20+ yrs

Recently Viewed Topics




© 2015