သရဖူမဆောင်းတဲ့ - TopicsExpress



          

သရဖူမဆောင်းတဲ့ ဘုရင်မကို မနေ့က ချင်းတွင်ထဲမှာ ဖတ်လိုက်ရကတည်းက ဒီလက်ရေးဖတ်ဖူးပါတယ်လို့။ မုံရွေးက န-၀-တ ဗိုလ်ချုပ်ကြီးသမက်နဲ့ ချင်းတွင်းကို မတွဲမြင်မိတာ ကျနော်ညံ့တာပဲ။ သူ့ဆောင်းပါးအနှစ်ချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို သခင်ကိုယ်တော်မှိုင်းနေရာလို ဒါမှမဟုတ် မြန်မာပြည်ရဲ့ ဗာတီကန်က ပုပ်နေရာလိုမှာ နေစမ်းပါ၊ နိုင်ငံရေးမှာရှုပ်မနေပါနဲ့လို့ဆိုချင်တာ။ ဒါးမိုးထားတဲ့ အနှစ်၂၀ကျော်တလျှောက်လုံးမှာ နိုင်ငံရေးကို တိုက်ရိုက်မတို့ထိရဲပဲ ဆန့်ထွက်အတွေးတို့ တတိယလှိုင်းတို့ စတဲ့ ဇိမ်ခံစာဖတ်သူတွေအကြိုက် စာတွေနဲ့ အလုပ်ရှုပ်ပြနေတဲ့ ဒီဆရာဝန်စာရေးဆြာကြီးက ဒေါ်စုရဲ့ လက်ရှိနိုင်ငံရေးရွေ့ကွက်တွေကို ဝေဖန်တာ သဘောရိုးမှဟုတ်ရဲ့လား တွေးမိတယ်။ လူထုအားကောင်းတဲ့ မြစ်ဆုံကိစ္စရောက်မှ စစ်အစိုးရကိုထိပုပ်ရဲတဲ့သူက နိုင်ငံရေးသမား ဒေါ်စုကို မခိုင်လုံပဲဝေဘန်တာ သဘောမကျမိတာတော့အမှန်ပဲ။ ဒေါ်စုဟာ နိုင်ငံရေးသမားတစ်ယောက်ဖြစ်တယ်ဆိုတာကို သူမသိဘူးလား၊ ဒါမှမဟုတ် မသိချင်ယောင်ဆောင်တာလား၊ ဒ်ါစုဟာ ဟိုအနှစ် ၂၀ ကျော်ကတည်းက နိုင်ငံရေးသမားဖြစ်တယ်ဆိုတာကို ပါတီတစ်ခုကိုထောင်ပြီး ဦးစီးပြကတည်းက သိဖို့ကောင်းနေပါပြီ။ ဒေါ်စုဟာ သခင်ကိုယ်တော်မှိုင်းဘယ်တုန်းကမှ မဟုတ်ခဲ့ဘူး၊ နိုင်ငံရေးသမား ဦးအောင်ဆန်းရဲ့သမီး နိုင်ငံရေးသမားပဲ။ နိုင်ငံရေးသမား ဆိုတာ အားလုံးဆိုးညစ်ယုတ်မာသူတွေလို့ ဘယ်အချက်ကို ယူပြီးကိုတာပြောချင်သလဲ ကျနော်မတွေးတတ်။ နေရာတိုင်းမှာ လူဆိုး လူကောင်းရှိသလို နိုင်ငံရေးလောကမှာလည်း ကိုယ့်ကျိုးကြည့်သူနဲ့ နကိုယ်ရည်ရွယ်ချက် အများအကျိုးအတွက် အလုပ်လုပ်သူဆိုပြီး ရှိမှာတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အတွေးပေါင်းစုံ လူပေါင်းစုံ နိုင်ငံရေးလောကမှာ မိမိမျှော်မှန်းတဲ့ ပန်းတိုင်ရောက်ဖို့ အပေးအယူအတင်းအလျှော့ရှိရမယ်၊ အချို့ကိစ္စရပ်တွေမှာ အကျိုးအပြစ်တွက်ပြီး ပြောဆိုလုပ်ဆောင်ရတာရှိမယ်၊ အချို့ကိစ္စမှာ အကျိုးအပြစ်တွက်ပြီး အပေးအယူလုပ်တာရှိမယ်။ သူထောက်ပြတဲ့ ဘာသာရေးပဋိပက္ခမှာ ၀င်ပြောလို့ ဒေါ်စုဘာအကျိုးအမြတ်ရမလဲ၊ သူပြောတဲ့စကားကိုရော လူတွေက လိုက်နာမယ်တဲ့လား၊ မှန်ကန်တဲ့စကားပြောရင် အတ္တစိတ်ကုနေတဲ့ မြန်မာအများစု အမုန်းကိုခံရမယ်၊ မြန်မာဘက်ကိုရပ်တည်ရင် ကမ္ဘာ့လေးစားမှုကိုဆုံးရှုံးမယ် ဒါကြောင့် ဆိတ်ဆိတ်နေတယ်။ နောက်တစ်ခု လက်ပံတောင်းပြဿနာကို ဖြေရှင်းတဲ့နေရာမှာ ဒေါ်စုဟာ ခံစားချက်ထက် အရှုံးထဲက အမြတ်ကို ရှာဖွေယူတတ်တဲ့ နိုင်ငံရေးသမားကောင်းတစ်ယောက်ရဲ့ အရည်အသွေးကိုပြသွားနိုင်ခဲ့တာပဲ။ လက်ပတောင်းဟာ အငိုက်မိသွားတဲ့ မြစ်ဆုံမဟုတ်၊ မြစ်ဆုံကို ဦးသိန်းစိန်အစိုးရက နိုင်ငံရေးအမြတ်ထုတ်သွားနိုင်ခဲ့ပေမဲ့ လက်ပတောင်းမှာ ဒီအကွက်ခင်းမရတော့၊ မရလို့ မီးလောင်ဗုံးတောင်သုံးခဲ့တာပဲ။ ဒီလိုအခြေနေမှာ ဒေါ်စုဟာ နဂါးခံတွင်းထဲရောက်နေပြီဖြစ်တဲ့ သားငယ်ကို ဆွဲထုတ်သလို သူဆွဲထုတ်ခဲ့တယ်၊ အင်အားကြီးတဲ့ နဂါးကို ဆန့်ကျင်ရင်ဆိုင်ရင် မြွေပါလည်းဆုံး သားလည်းဆုံးဖြစ်မယ်၊ ဒါကြောင့် သူနဂါးကိုချော့မော့ဖြောင့်ဖျတဲ့နည်းနဲ့ နဂါးပါးစပ်ထဲက သားငယ်ကို ရသလောက် ပြန်ဆွဲထုတ်တယ်၊ စာချုပ်အသစ်မှာ နိုင်ငံတော်က ၅၀%ကျော် ပြန်လည်ရရှိသွားတယ်။ အဆိုးဆုံးအခြေနေထဲက အကောင်းဆုံးကိုယူထုတ်နိုင်တာ မချီးမွမ်းသင့်ဘူးလား။ ဒီဆရာဘာလို့ ဒေါ်စုကို နိုင်ငံရေးလောကထဲက မောင်းထုတ်ချင်နေရသလဲ ချင်းတွင်းသားမို့ လက်ပံတောင်းကိုချစ်လို့ ဆိုတဲ့အကြောင်းပြချက်က မခိုင်လုံ။ လက်ပံတောင်းကို ဖြိုတာဒေါ်စုမဟုတ် ဒီဆရာ မတို့ထိရဲတဲ့ စစ်အစိုးရ။ နောက်တစ်ချက်က ဒေါ်စုမရှိရင် လက်ရှိအရွေ့ကို ဘယ်သူဦးဆောင်မလဲ။ မြန်မာနိုင်ငံမှာအမြင့်ဆုံးဆိုတဲ့ ဆေးပညာကို သင်ခဲ့ကြတဲ့ နိုင်ငံရေးစာပေရေးသူ လူသုံးယောက် ဒေါ်စုကို နိုင်ငံရေးလောကထဲမှာ မမြင်ချင်တာ ဆန်းတော့ဆန်းသား၊ ပိုပြီးဆန်းတာက ဒီသုံးယောက်စလုံး စစ်အစိုးရကို ဒါးမိုးထားတဲ့ခေတ်ကြီးမှာ နဲနဲလေးမှ တို့ထိရဲကြသူတွေမဟုတ်ပဲ။ မြန်မာနိုင်ငံရဲ့အခြေနေက ဒေါ်စုကို စာအုပ်ပုံကြား စာရေးစားပွဲပေါ်ကနေ ဇိမ်ကျကျ ဝေဘန်ရေးလေးလုပ်ဖို့ အခွင့်မပေး။ နောက်တစ်ခါ ထပ်ပြောရရင် လက်ရှိအခြေနေမှာ ဒေါ်စုသာမရှိရင် အရွေ့ကို ဘယ်သူဦးဆောင်မလဲ။ By Aung Zin Latt
Posted on: Sat, 27 Jul 2013 03:10:37 +0000

Trending Topics



Recently Viewed Topics




© 2015