သိထားသလောက်ကတော့ - TopicsExpress



          

သိထားသလောက်ကတော့ သည်နိုင်ငံမှာ ငှက်ဖျားတိုက်ဖျက်ရေးလုပ်ငန်း အတူလုပ်ကြသော ပါတနာတွေ အားလုံးဟာ- (၁) ရောဂါကုသမှု Guild Line ကို National Malaria Treatment Guideline အတိုင်း လိုက်နာကြရန်။ (၂) အစီရင်ခံစာ ပုံစံကို ပုံစံ Format တစ်ခုတည်းဖြစ်သော Carbon less Report Format အသုံးပြုရန်။ (၃) ရောဂါ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများကို ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် မူအားဖြင့် သဘောတူပြီးဖြစ်တယ်လို့ ဆိုပါတယ်။ သို့ကြောင့်လည်း နယ်စပ်မှာ National Malaria Treatment Guideline အတိုင်းမဟုတ်ဘဲ သူတို့ဘာသာ သူတို့ ကုထုံးနဲ့ လာကြသော ယပက်လက်တွေကို လက်မခံခဲ့တာ ရှိခဲ့ပါတယ်။ အချို့သော INGOတွေက အစီရင်ခံစာ ပုံစံအတွက်ကို ဘတ်ဂျက်မရှိသလိုလို မသိသလိုလိုနဲ့ အကြောင်းပြ ငြင်းဆိုနေကြလို့ အဲသည် အိုင်အင်ဂျီအို အချို့ကို မကြာမတင်မှာ အရေးယူဆောင်ရွက်နိုင်ဖို့ အချို့ ကျန်းမာရေးဝန်ထမ်းငယ်တွေက တင်ပြလာသလို အချို့တွေကလည်း အဲသည်ကျန်းမာရေးဝန်ထမ်းငယ်တွေထံ သတင်းအချက်အလက် အစီရင်ခံစာ မိတ္တူ ပေးဖို့ ငြင်းဆန်နေကြတယ်လို့လည်း ဆိုပါတယ်။ အချို့သော အိုင်အင်ဂျီအိုတွေကျတော့ သူများသာ Transparency ရှိဖို့ ပြောပေမဲ့လို့ သူ့ရို့ကျတော့ ရုပ်တည်တည်နဲ့ Attendance သော်မှ လက်မှတ်မထိုးရ ဘယ်နှစ်ယောက် Attendance အဖြစ်တက်ရောက်လို့ သည်မြို့နယ်မှာ ဘတ်ဂျက် ဘယ်လောက် သုံးပြတယ်၊ ဘာတွေ ဘယ်လို လုပ်လဲဆိုတာ မသိရအောင် ကြောက်ဖို့ကောင်းအောင် ရှင်းလှတယ်။ ကိုယ့်ဖက်က လူတွေ အဲလောက်မမြင်ကြသေးသလို ဟိုက Assessment Team လာတော့မှ လက်ဖက်ရည်သောက်ထားတာ သားတို့ပါလို့ ကူ ရှင်းပေးပါအုံး လို့ မျက်နှာချိုသွေးပြီး လာအုံးမှာ မြင်ယောင်ပါရဲ့၊ အိုဘယ့် အိုင်အင်ဂျီအိုတွေ။ ဆိုလိုတာက သူတို့ လုပ်ချင်ရာ လုပ်၊ ဒေတာ ပေးချင်ရာပေး၊ ပြချင်ရာ ပြမဲ့ သဘောမျိုး ဖြစ်လာတော့ ထိထိရောက်ရောက် MoU ရုပ်သိမ်းဖို့ ဖြစ်လာနိုင်စရာတွေ ရှိလာတော့ INGO အချို့ကို လက်ရှိ ပြောင်းလဲလာသော အခြေအနေကို ပါးနပ်စွာ လိုက်ပါပြောင်းလဲဖို့ လိုအပ်ပါတယ်လို့တော့ ဆိုချင်ပါတယ်။ ပြောသာပြောရတယ် ကိုယ့်ဖက်က တာဝန်ရှိသူကလည်း သူ့ရို့မဟုတ်တာ လုပ်တာ အဲသလောက်မြင်ဖို့ Capacityရှိ/မရှိ မသေချာသလို လူနဲ့ မူမကွဲတော့ အယင်က သြဇာတက္ကမ ရှိသူတွေကို ခုတုံးလုပ်ပြီး လုပ်ချင်ရာလုပ်နေတဲ့ သူတွေကို ဘယ်ကစပြောရမှန်းလည်း မသိသေး။ ခါတလေ အိုင်အင်ဂျီအိုတွေက Date လေးစောပြီး ကြိုလုပ်တာ အတင်းပြဿနာရှာတတ်ပေမဲ့လို့ ခါတလေလည်း အဲသည်အဖွဲ့တော် လုပ်တာ အားလုံးမှန်တယ် လို့ မျက်လုံးမှိတ်ထားတတ်တော့ လုပ်ရခက်ခက်။ ဟိုသတ္တ၀ါကတော့ ငွေနောက် ကောက်ကောက်ပါလို့ ငွေအတွက် တီအမ်အိုတွေကို ထောက်ဖို့ ပြဿနာတွေ မီးခွက်ထွန်းလို့ရှာနေလေရဲ့။ ဟိုးအပေါ်ကလား အဲ အေးရာအေးကြောင်းပါပဲ။ လာကြည့်မဲ့သူ ပြရမဲ့သူမရှိသရွေ့ အေးဆေးပေါ့။ အောက်မှာ ဘာဖြစ်လဲ မသိသလို ကြည့်ဖို့ ပြင်ဖို့ လုပ်ဖို့ အစီအစဉ်မရှိသေးပါကြောင်း ဖြေမယ်ထင်ပါ့ မမလုံ။
Posted on: Fri, 05 Jul 2013 23:43:21 +0000

Trending Topics



Recently Viewed Topics




© 2015