သုခိတာဇီဝိတဒါန - TopicsExpress



          

သုခိတာဇီဝိတဒါန တိုင်းရင်းဆေးခန်းမှ မကျန်းမာသူများကို အခမဲ့ ကုသပေးလျက်ရှိ ===================================== ရန်ကင်းမြို့နယ်တွင် သုခိတာ ဇီ ဝိတဒါနတိုင်းရင်းဆေးခန်းမှ မကျန်းမာ သူများကို အခမဲ့ကုသပေးလျက်ရှိ ကြောင်း သိရသည်။ အဆိုပါဆေးခန်းတွင် မြန်မာတိုင်း ရင်းဆေးဆရာများအဖွဲ့၏ အငြိမ်းစား ဆရာကြီးဦးတင်ယုက ဦးဆောင်ကာ တာဝန်ခံကုသပေး လျက်ရှိပြီး အသုံးပြု သော တိုင်းရင်းဆေးများမှာလည်း မြန် မာ တိုင်းရင်းဆေးအဖွဲ့မှ သတ်မှတ် ပြဋ္ဌာန်းထားသော ဆေးများကိုသာ သုံး စွဲကြောင်း သိရသည်။ နိုင်ငံတော်ရုံးပိတ်ရက်၊ နေ့ကြီး ရက်ကြီးများမှအပ ဗုဒ္ဓဟူး၊ ကြာသပ တေးနေ့များတွင် နံနက် ၉ နာရီမှ ၄ နာရီအထိ ဖွင့်လှစ်ထား ပြီး ပြည်သူများ နေထိုင်မကောင်းဖြစ်ပါက အခမဲ့ကုသ ပေးလျက်ရှိကြောင်း တာဝန်ယူဖွင့်လှစ် ထားသည့် သုခိတာ ပရဟိတလုပ်ငန်း များအဖွဲ့မှ သိရသည်။ သုခိတာဇီဝိတဒါနကုသိုလ်ဖြစ် တိုင်းရင်းဆေးခန်းကို ၂ဝ၁၁ ခုနှစ်ဇူ လိုင်လကတည်းက စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး အသုံးစရိတ်ရန်ပုံေ ငွအနေဖြင့် အကျိုးဆောင်တစ်ဦးမှ တာဝန်ခံဖြည့် ဆည်းပေးနေပြီး အခြားအကျိုးဆောင် များမှ ပံ့ပိုးကူညီကြသလို စေတနာသဒ္ဓါ ရှိသူအချို့မှလည်း လှူဒါန်းသည်များရှိ ကြောင်း သိရသည်။ မြတ်စုငြိမ်း Popular Myanmar News Journal
Posted on: Thu, 01 Aug 2013 07:10:20 +0000

Trending Topics




© 2015