"သူငယ်ချင်း သင် ဒါတွေကို - TopicsExpress



          

"သူငယ်ချင်း သင် ဒါတွေကို သိပြီးပြီလား?" (၁)Vatican City က ကမ္ဘာပေါ်မှာ အသေးဆုံး နိုင်ငံဖြစ်ပြီး လူဦးရေ ၁၀၀၀ ကျော် နဲ့ အကျယ်အ၀န်းက ၁၀၈.၇ ဧကပဲရှိတယ်။ (၂) Suicide Statistics တွေအရ တင်္နလာနေ့က ကိုယ့်ကိုယ်ကို သတ်သေမှုအများဆုံးနေ့ဖြစ်တယ်။ (၃) ကမ္ဘာပေါ်မှာ နာမည် ပေးအများဆုံးနာမည်က မိုဟာမက် ဖြစ်ပါတယ်။ (၄) တစ်နှစ်ကုန်သွားတိုင်း သင့် ခန္ဓာကိုယ်ထဲက atoms 98% က အစားထိုးသွားတယ်။ (၅) သင်ကြိုက်ရာနံပါတ်တစ်ခုကို မှတ်ပြီး အဲဒီကောင်ကို ၂ ဆတိုး၊ ၁၀ ပေါင်း၊ ၂ နဲ့စား ပြီးတော့ မူလမှတ်ထားတဲ့ နံပါတ်ပြန်နှုတ်လိုက်ရင် ရလာမယ့် အဖြေက ၅ ဖြစ်ပါတယ်။ (၆) Dominica, Mexico, Zambia, Kiribati, Fiji နဲ့ Egypt အလံတွေမှာ ငှက်ပုံတွေပါကြတယ်။ (၇) M&M Chocolate က စစ်သားတွေကို လက်မှာ ကပ်စီးဖြစ်မနေဘဲ စားနိုင်အောင် တီထွင်ခဲ့တဲ့ပထမဆုံး ချောကလက် ဖြစ်ပါတယ်။ (၈) ကမ္ဘာလူဦးရေရဲ့ တစ်ဝက်လောက်က James Bond 007 ဇာတ်ကား ကြည့်ဖူးကြတယ်။ (၉) နှစ်စဉ်တိုးပြီးသုံးလာတဲ့ လျှပ်စစ်ပစ္စည်းတွေရဲ့ သံလိုက်ဆွဲအားကြောင့် ကမ္ဘာကြီးဟာ 2327 ခုနှစ်မှာ မြောက်ဝင်ရိုးစွန်းက လက်ရှိ Mid-Kansas နေရာရောက်လာမှာ ဖြစ်ပြီး တောင်ဝင်ရိုးစွန်းက အာဖရိက အရှေ့ပိုင်းနေရာကို ရောက်လာမှာ ဖြစ်ပါတယ်။ (၁၀) အမေရိကန်က Major League Baseball (MLB) ကစားသမားတွေက မဖြစ်မနေ အောက်ခံဘောင်းဘီ အနက်ရောင် ၀တ်ရပါတယ်။ ဘာလို့လဲဆိုတော့ ကစားနည်းက ဘောင်းဘီဂွပြဲနိုင်တဲ့ အတွက်ပါ။ (၁၁) ဇီးကွက် က ငှက်တွေထဲမှာ အပြာရောင်ကို မြင်နိုင်တဲ့ တစ်မျိုးထဲသော ငှက်ဖြစ်ပါတယ်။ (၁၂) Olympic အလံက စက်ဝိုင်းအရောင်တွေက အနီ၊ အနက်၊ အပြာ၊ အစိမ်း၊ အ၀ါ နဲ့ အဖြူခံပေါ်မှာ ဆွဲထားတာက ကမ္ဘာပေါ်က နိုင်ငံတွေ အလံတိုင်းမှာ အနည်းဆုံး အဲဒီ အရောင် ၁ ရောင်ပါလို့ ဖြစ်ပါတယ်။ (၁၃) ကမ္ဘာအကြီးဆုံး McDonald ဆိုင်က Beijing, China မှာ ရှိပြီးတော့ square feet 28,000 ရှိပြီး ငွေရှင်းကောင်တာ ၂၉ ခုရှိပါတယ်။ (၁၄) La Paz, Bolivia မြို့က ကမ္ဘာပေါ်မီးလောင်မှု အနည်းဆုံး မြို့ ဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၁ သောင်း ၂ ထောင် ကျော်မြင့်တဲ့အတွက် လေထုထဲမှာ ပါဝင်တဲ့ oxygen ပမာဏက မီးလောင်ရလောက်အောင် မပါတော့တဲ့ အတွက်ပါ။ (၁၅) အပြာရောင် ဝေလငါးတွေ က ထုတ်တဲ့ အသံက 188 Decibels ရှိပြီး ကမ္ဘာပေါ်က သက်ရှိတွေထဲမှာ အကျယ်ဆုံး အသံထုတ်နိုင်တဲ့ သတ္တ၀ါဖြစ်ပြီး အသံကို မိုင်ပေါင်း ၅၃၀ အကွာကနေတောင် ကြားရနိုင်ပါတယ်။ (၁၆) ကြက် နဲ့ ဘဲ က လူတွေစားတဲ့ အသားထဲမှာ မမွေးခင် ဥအနေနဲ့ရော သေပြီးတဲ့ အထိပါစားတဲ့ အကောင်တွေဖြစ်ပါတယ်။ (၁၇) လူတွေသေတဲ့ အခါမှာ နောက်ဆုံးအလုပ်လုပ်သွားတဲ့ အာရုံက အကြား အာရုံ ဖြစ်ပါတယ်။ (၁၈) အမေရိကန်က WAL-MART စတိုးဆိုင်က ၇ မိနစ်တိုင်းမှာ $ 3,000,000.00 ပျမ်းမျှ အမြတ်ရတယ်။ (၁၉) ဘီယာကြော်ငြာ အများစုမှာ ဘီယာမှာအမြုပ်များများ ထွက်ဖို့ အတွက် ဆပ်ပြာရည်တွေ ထည့်သုံးကြပါတယ်။ (၂၀) ပန်းသီးပင်က နှင်းဆီပန်းပင် အမျိုးအနွယ်ဖြစ်ပါတယ်။ (၂၁) ဘဏ်ဓားပြ တိုက်နေတဲ့ အချိန်မှာ အသတ်ခံရဆုံးလူတွေက ဘဏ်ဓားပြတွေသာဖြစ်တယ်။ (၂၂)၁၉၀၇ ခုနှစ်ရဲ့ နှစ်သစ်ကူးနေ့မှာ Theodore Roosevelt က လူပေါင်း 8513 ယောက်ကို လက်ဆွဲ နှုတ်ဆက်ခဲ့ပါတယ်။ (၂၃) Alexander Graham Bell က သူ့ မိန်းမ နဲ့ အမေ ကို တစ်ခါမှဖုန်း မခေါ်ခဲ့ဖူးဘူး။ ဘာလို့လဲဆိုတော့ သူတို့က နားမကြား(နားလေး)နေကြလို့ဖြစ်ပါတယ်။ (၂၄) ကမ္ဘာပေါ်က ရေ ရဲ့ ၂ ရာခိုင်နှုန်းသာ သန့်ရှင်းတဲ့ ရေဖြစ်တယ်။ (၂၅) Neil Armstrong လပေါ်ကို ခြေချတုန်းက ဘယ်ဘက် ခြေထောက် အရင်ချခဲ့တာ ဖြစ်ပါတယ်။ (၂၆) အက်စကီးမိုး တွေဟာ ရေခဲသေတ္တာကို စားစရာတွေ မခဲဖို့ အတွက်သုံးပါတယ်။ (၂၇) အမေရိကန် ၄ ယောက်တိုင်းမှာ ၁ ယောက်က တီဗီ မှာ ပါဖူးကြတဲ့ သူတွေဖြစ်ပါတယ်။ (၂၈) Sunday နဲ့ စတဲ့ လတိုင်းမှာ “Friday 13th” ဆိုတာ ရှိပါတယ်။ (၂၉) Bill Hanna နဲ့ Joe Barbera တို့က Tom & Jerry ကို ၁၉၃၉ မှာ စပြီး ဖန်တီးခဲ့ကြတယ်။ အားလုံး ဗဟုသုတ အပေါင်းနဲ့ ပြည့်စုံကြပါစေ.......... အေးချမ်းမွန်မှ အဆိုအမိန့် များနှင့် ဗဟုသုတဆိုင်ရာစာပေများတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်း မျှဝေခြင်းဖြစ်ပါသည်။
Posted on: Mon, 12 Aug 2013 16:00:27 +0000

Trending Topics



Recently Viewed Topics




© 2015