သူရိယနေ၀န်းဂျာနယ် - TopicsExpress



          

သူရိယနေ၀န်းဂျာနယ် အမှုဆောင်ချုပ်အပေါ် ကိုယ့်အမြင် သူရိယနေ၀န်းရဲ့ အမှုဆောင်ချုပ်ကတော့ ပြောလေရဲ့ ဘယ်ခရိုနီ ၊ဘယ်အစိုးရနဲ့မှ မပတ်သက်ဘူး။ ဖိုးလပြည့်ဆိုတာတောင် သိလည်းမသိဘူး.. မြင်လည်း မမြင်ဖူးဘူးတဲ့... ( ကလေးကအစ ခွေးအဆုံး မသိတဲ့သူခပ်ရှားရှားလူကို သူက မသိဘူး မြင်လည်း မမြင်ဖူးဘူးဆိုတော့ စဉ်းစားစရာတွေ များနေပြီ။ဒါနဲ့များ မီဒီယာသမားဆိုပြီး ပြောနေသေးတယ်။..နောက်ပြီး သူလိုလူက ခရိုနီနဲ့ရော အစိုးရနဲ့ရော မပတ်သက်ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား...) မိုးဟိန်းဆိုတဲ့ကောင်က မပိုင်ရင် ခြင်တောင် မရိုက်ဘူး.. ဖွင့်ချဦးမှာ အကုန်သိတယ်.. အချိန်မတန်သေးလို့တဲ့.... (အကုန်သိတယ်ဆိုတော့ အကြားအမြင်များ ရနေသလားပဲ..ကြိုက်သလိုဖွင့်ချပါ သက်သေခိုင်လုံဖို့တော့ လိုပါမယ်။ မဟုတ်ရင်ဥပဒေကြောင်းအရ ရင်ဆိုင်ရပါမယ်။ခုလိုပွင့်လင်းလာတဲ သတင်းလောကမှာ ကိုယ့်တာဝန်ကိုယ်ယူရပါမယ်။ မှားရင်လည်း ခံရဲရမယ်။့ အရင်တုန်းကတိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံသူအဖြစ်ကနေ စာနယ်ဇင်းလောကအတွက် အနစ်နာခံနေရသူဆိုပြီး နာမည်ထပ်ရနေပါဦးမယ်.. ) သူရိယနေ၀န်းက မိုးဟိန်းပိုင်မဟုတ်ပါဘူး။ ၈၈ အဖွဲ့အစည်း ၊နိုင်ငံရေးအကျဉ်းသားတွေ ၊ဆင်းရဲသားတွေ ပိုင်တာပါ။ အများပိုင်အဖြစ်လုပ်မှာပါ။ရှယ်ယာတွေလည်း တစ်သောင်းလောက်နဲ့ ရောင်းပေးဦးမယ်.. ( အများပိုင်လကုမ္ပဏီလုပ်တယ်ဆိုတာ ကိုယ်လုပ်ချင်တိုင်းလုပ်လို့ရတယ်များမှတ်နေလားမသိဘူး။ ကိုယ့်ဆရာက အမေရိကန်မှာနေလာလို့တော်သေး.. အမေဇုံမှာများနေခဲ့ရင် ဒုက္ခ။ တစ်ခုတော့ ပြောပြလိုက်ချင်ပါတယ်။ ဆရာကိုဆရာလုပ်တယ်တော့ မထင်ပါနဲ့ အများပိုင်ကုမ္ပဏီ လုပ်ဖို့ဆိုတာ ယုံကြည်မှုလိုတယ်။ ကုမ္ပဏီသက်တမ်းအားဖြင့် လပိုင်းနဲ့ ခွင့်မပြုပါဘူး.. အသေးစိတ်သိချင်ရင် ပညာရှင်တွေကိုမေး ၊ ဘာတွေလိုအပ်တယ်ဆိုတာကို ဥပဒေစာအုပ်မှာ ဖတ်ပါ။လပိုင်းလောက်ပဲ ရှိသေးတဲ့ ဂျာနယ်တိုက်က အများပိုင်လုပ်မယ်ဆိုတော့ ပွဲတက်တဲ့ သတင်းသမားတွေကို မခန့်လေးစားလုပ်ရာကျမနေဘူးလား ။ ဒီသတင်းထောက်တွေကတော့ ငါပြောသမျှ ယုံမှာပဲ ။ ရေးမှာပဲဆိုပြီး လျော့တွက်တာများလား .. ) ခရိုနီတစ်ဦး တစ်ယောက်ချင်းကို တိုက်ခိုက်နေခြင်းမဟုတ် အာဏာရှင်စနစ်နဲ့ ခရိုနီစနစ်ကို တိုက်ခိုက်နေခြင်းသာဖြစ်တယ်။မီဒီယာတာဝန် ထမ်းဆောင်နေခြင်းသာဖြစ်တယ်။မီဒီယာသမားနဲ့ နိုင်ငံရေးသမားဆိုတာလည်း ခေါင်းနဲ့ပန်းလိုပဲ ခွဲခြားမရပါဘူး လို့ပြောတယ်.. (မီဒီယာသမားတစ်ယောက်ရဲ့ရပ်တည်ချက် ၊ ခံယူချက်အမြင်နဲ့ နိုင်ငံရေးသမားတစ်ယောက်ရဲ့ရပ်တည်ချက် ၊ ခံယူချက် အမြင်က မတူပါဘူး.တစ်ကယ့် သတင်းသမားသည် စီးပွားရေးကို ဦးစားမပေးတတ်ကြဘူး။ပုဂ္ဂိုလ်စွဲ ကင်းကြပါတယ်။ ဘက်လိုက်ချင်ရင်တောင် ရင်ထဲကပဲလိုက်ကြတယ် ။(ပုဂ္ဂိုလ်ရေးအရ မတိုက်ခိုက်တတ်ကြပါဘူး။ )စာမျက်နှာပေါ်ချ မလိုက်တတ်ကြပါဘူး။ခု သူရိယအလင်းမှာရေးတဲ့ ဆောင်းပါးတွေဆိုတာက ကလောင်အမည်သာကွဲတယ် အာဘော်ခြင်းတူနေတယ်..တစ်ဦးတစ်ယောက်ကို ရည်ရွယ်တယ်ဆိုတာ ထင်ရှားပါတယ်။ စနစ်ကိုတိုက်နေတဲ့ပုံ မဟုတ်ပဲ လူကို တိုက်ခိုက်နေသလိုဖြစ်နေပါတယ်။ ဒီလို အရှုပ်ကို ချပြချင်တယ်ဆိုရင် ပါပါရာဇီသာလုပ်ပါ။ဂျာနယ်လစ် မလုပ်ပါနဲ့လို့ အကြံပြုပါရစေ ။) အားလုံးကိုခြုံပြီး ဝေဖန်ရမယ်ဆိုရင် ဦးမိုးဟိန်းသည် နိုင်ငံရေးအမည်တပ်ပြီး စီးပွားရေးလုပ်စားနေသူတစ်ဦးအဖြစ်သာ ရပ်တည်နေသည့်အတွက် သတင်းသမားအဖြစ်နှင့် ထိုက်တန်မှုမရှိသေး သူဟုသာ ပြောချင်ပါသည်။ လေးစားလျှက်... ခင်မြန်မာအောင် (မိမိကြောင့် စာနယ်ဇင်းလောကကို နာမည်မပျက်စေလိုသူ )
Posted on: Sun, 03 Nov 2013 07:07:17 +0000

Trending Topics



Recently Viewed Topics




© 2015