အွန်လိုင်းပေါ်တွင် ရသဝတ္ထုတိုများ၊ အက်ဆေးများ ရေးသားရာမှာ နာမည်ရှိသူတစ်ဦးဖြစ်တဲ့ ဘလော့ဂါ မြစ်ကျိုးအင်းရဲ့ ဝတ္ထုတိုလေးတစ်ပုဒ် ဖြစ်ပါတယ်။ ဘလော့ဂါ မြစ်ကျိုးအင်းဟာ ၂၀၀၉ ခုနှစ်က ပြုလုပ်ခဲ့တဲ့ Myanmar Blog Academy Award မှာ "အကောင်းဆုံး ရင်တွင်းဖြစ်ခံစားမှု စာစုများနှင့် ရသကဗျာ စာပေဘလော့ဂ်ဆု" ကို ဆွတ်ခူးရရှိထားခဲ့ပါတယ်။ အခုဝတ္ထုလေးကိုတော့ "မမြင်နိုင်သော လောက" လို့ အမည်ပေးထားပါတယ်။ "ရပ်ရွာထဲတွင် သက်ကြီးဝါကြီးသူ ဖြစ်သလို ဘုရားတရားနှင့် နေလေ့ရှိသူ ဦးသောင်းတင်၏ စကားကို အလေးအနက်ထားကာ မိုးကျော် တစ်ယောက် စဉ်းစားသွားရတော့သည်။ “ ကျနော်တို့က ဒီတစ်ကွက်လုံး တူးဖို့ မှန်းထားတာဆိုတော့ မကြာခင် တူးသွားရင်းနဲ့ ညောင်ပင်ဆီကို ရောက်သွားမှာပဲ အဲဒီအခါကျ ခုတ်မှ ဖြစ်မှာလေ ” . . . မိမိ၏ ကိုယ်ပိုင်လုပ်ကွက်မဟုတ်သဖြင့် ဦးသောင်းတင် တစ်ယောက် တားမြစ်ဖို့ မစွမ်းသာသောကြောင့် အိမ်ဘက်ကို ပြန်လျှောက်လာခဲ့သည်။ ထိုအိပ်မက်မက်ပြီး ၁၀ ရက်ခန့် ကြာမြင့်သွားသောအခါ ဦးသောင်းတင် ကိုယ်တိုင် မေ့မေ့ပျောက်ပျောက် ဖြစ်သွားတော့၏။ မိုးကျော်ကိုယ်တိုင်လည်း သတိမရခြင်းလား သို့မဟုတ် အလေးအနက် မထားခြင်းလား တစ်ခုခုကြောင့် ဖြစ်မည်ထင်သည်။ ခြံအနောက်ဘက် ချောင်းကမ်းစပ်အထိ ရွှေတူးရင်း ထို ညောင်ပင်ကို ခုတ်လိုက်ကာ အမြစ်ပါ တူးပစ်လေတော့သည်။ ထို့နောက် ညောင်ကိုင်း တစ်ကိုင်းကို လှေပေါ်တင်ကာ ချောင်းဟိုဘက်ကမ်းကူးပြီး “နေခဲ့ကြတော့”ဟု ရယ်ရယ်မောမော ပြောကာ ညောင်ကိုင်းကို တဖက်ကမ်းတွင် ချန်ထားခဲ့ကြောင်း ပြန်ကြားရသည်။ အပင်ကို ခုတ်ပြီးခဲ့လျင်တောင် ဒီလောက်အထိ ပေါ့ပျက်ပျက် မလုပ်သင့်ဟု တွေးမိသဖြင့် ဦးသောင်းတင် သက်ပြင်းချမိသည်။" page-28.blogspot/2010/10/blog-post.html
Posted on: Thu, 12 Sep 2013 04:01:07 +0000