အမေရိကန် DNA စက် နှစ်လုံး - TopicsExpress



          

အမေရိကန် DNA စက် နှစ်လုံး ကျန်းမာရေး ဝန်ကြီးဌာန ဝယ်ယူ 26/7/2013 မှုခင်း ဖြစ်ရပ်များ၌ မျိုးရိုးဗီဇ စစ်ဆေးရန် အမေရိကန်နိုင်ငံထုတ် နည်းပညာမြင့် DNA စစ်ဆေးသည့် စက် နှစ်လုံးကို ကျန်းမာရေး ဝန်ကြီးဌာန ၏ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲခန်းက ယခုဘဏ္ဍာနှစ်တွင် ဝယ်ယူ ခဲ့ကြောင်း ယင်းစက်ပစ္စည်း ထုတ်လုပ်သော Life Technologies Corporation ၏ မြန်မာပြည် ကိုယ်စားလှယ် BioMed Myanmar Co., Ltd. တာဝန်ရှိသူ ဒေါက်တာထင်လင်းက ပြောကြားသည်။ အဆိုပါ DNA စက် တစ်လုံးလျှင် အမေရိကန်ဒေါ်လာ ခုနစ်သောင်းကျော်ရှိပြီး စက် အမျိုးအစားမှာ Genetic Analyzer 3500 မော်ဒယ်လ် ဖြစ်ကြောင်း၊ ယင်းစက်များသည် နည်းပညာ မြင့်မားသည့် အတွက် လိုအပ်သည့် စစ်ဆေးချက်များ တိကျစွာ ရရှိနိုင်သည့်အတွက် မှုခင်း ဖြစ်ရပ်များတွင် အသုံးဝင်ကြောင်း BioMed Myanmar Co., Ltd. ၏ တာဝန်ရှိသူများထံမှ သိရသည်။ ယင်းအပြင် ယခု ကျန်းမာရေး ဝန်ကြီးဌာနက ဝယ်ယူထားသော DNA စက်များအတွင်း မျိုးရိုးဗီဇ တိုက်ဆိုင် စစ်ဆေးသည့် နည်းပညာ (Human Identity Testing) ပါရှိခြင်းကြောင့် ပြစ်မှု ကျူးလွန်သူ ရာဇဝတ်သား တစ်ယောက်၏ တစ်သျှူးကို စစ်ဆေးကြည့်ပါက ယခင် ကျူးလွန်ဖူးသည့် အမှုများကို ဖော်ထုတ်နိုင်ကြောင်း Life Technologies u India Pacific Business Development Lead (အိန္ဒိယ-ပစိဖိတ် စီးပွားရေး ဖွံ့ဖြိုးမှု ဦးဆောင်သူ) Ng Hoi-Shu Orion က ဆိုသည်။ ကျန်းမာရေး ဝန်ကြီးဌာနတွင် သက်ရှိများနှင့် သက်ဆိုင်သော သုတေသန လုပ်ငန်းများ ဆောင်ရွက်ရန် ဆေးသုတေသန ဦးစီးဌာန အောက် မြန်မာပြည်နှင့် အထက် မြန်မာပြည်တို့တွင် DNA စက်များ တပ်ဆင်ထားလျက် ရှိသည်။ ပြင်ပ DNA စစ်ဆေးနိုင်သည့် နေရာများသည် မြန်မာနိုင်ငံတွင် နည်းပါးလျက် ရှိသည့်အတွက် မှုခင်းနှင့် သက်ဆိုင်သော စစ်ဆေးမှုများ ခက်ခဲလျက် ရှိကြောင်း ဆေးပညာ အသိုင်းအဝိုင်းက သုံးသပ် ပြောကြားသည်။ The Voice Weekly
Posted on: Fri, 26 Jul 2013 05:06:00 +0000

Trending Topics



Recently Viewed Topics




© 2015