= = = အရှေ့တောင်အာရှဒေသ - TopicsExpress



          

= = = အရှေ့တောင်အာရှဒေသ အယ်ကေဒါကွန်ယက် (ဒေါက်တာ ရိုဟန် ဂုဏ ရတန) = = = (KMS ဘာသာပြန်) အပိုင်း - ၈ Al Qaeda’s Network in Southeast Asia by Dr. Rohan Gunaratna = ဂျီဟတ် နှင့် အကြမ်းဖက်မှုကို ကို ဆန့်ကျင်တိုက်ခိုက်ခြင်းသည် အခုမှ အစဖြစ်၏ = မည်သို့ပင်ဖြစ်စေ၊ ဂျီဟတ် နှင့် ၎င်းရဲ့ အသင်းအပင်း အုပ်စုများကို ဆန့်ကျင်တိုက်ခိုက်ခြင်းသည် အခုမှ အစဖြစ်ပါတယ်။ ဒီအုပ်စုတွေမှာ ကောင်းမွန်ပြောင်မြောက်တဲ့ အခြေခံအဆောက်အအုံ၊ ကောင်းမွန်ပြောင်မြောက်တဲ့ ထောက်ပံ့မှုနဲ့ စစ်ဆင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံ ရှိနေသမျှ ကာလပတ်လုံး ဒီလိုဖြစ်နေမှာပါ။ ထောက်ပံ့မှု အခြေခံအဆောက်အအုံဆိုရာမှာ - ၀ါဒဖြန့်ချီရေး၊ ဘဏ္ဍာငွေ ဖြည့်တင်းရေး၊ ပစ္စည်းဝယ်ယူစုဆောင်းရေး၊ လေ့ကျင့်ရေး၊ လုံခြုံစိတ်ချရတဲ့ အဆောက်အဦးများ၊ သယ်ယူပို့ဆောင်ရေး တို့ဖြစ်ပြီး စစ်ဆင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံ ဆိုတာကတော့ ပစ်မှတ်တွေကို စောင့်ကြည့်မှု တိုးမြှင့်မှုနဲ့ ပြန်လည် သုံးသပ်မှု၊ ခြုံခိုတိုက်ခိုက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းနှင့် အခြား တိုက်ခိုက်မှု ပုံစံတွေကို စီမံလုပ်ဆောင်မှု တို့ကို ဆိုလိုပါတယ်။ အခြေခံ အဆောက်အအုံတွေ ကောင်းမွန်တောင့်တင်းနေသမျှ ကာလပတ်လုံး အရှေ့တောင်အာရှဒေသဟာ အကြမ်းဖက် တိုက်ခိုက်မှုကို တွေ့ကြုံနေရမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ၉/၁၁ ဖြစ်ရပ် မတိုင်မီက အယ်လ်ကေဒါအဖွဲ့နဲ့ အသင်းအပင်းအုပ်စုတွေရဲ့ တိုက်ခိုက်မှုဟာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ တစ်နှစ်ကို တစ်ခုစီ ပျမ်းမျှနှုန်း ရှိတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။ ၉/၁၁ ဖြစ်ရပ် အပြီးမှာ အယ်လ်ကေဒါ အဖွဲ့နဲ့ အသင်းအပင်းအုပ်စုတွေရဲ့ တိုက်ခိုက်မှုဟာ ပျမ်းမျှအားဖြင့် သုံးလတစ်ခါနှုန်းသို့ တိုးမြှင့်လာပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တွေ့ခဲ့ရတာက အယ်လ်ကေဒါအဖွဲ့ဟာ အမေရိကန်ဦးဆောင်တဲ့ တိုက်ခိုက်မှုကြောင့် အကြီးအကျယ် အထိနာသွားခဲ့တာကြောင့် ခြိမ်းခြောက်မှုဟာ အယ်လ်ကေဒါအဖွဲ့ဆီကနေ ကျော်လွန် ရွေ့လျားလာတာကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရပြီဖြစ်ပါတယ်။ ဒီတင်ပြချက်ကို အယ်လ်ကေဒါအဖွဲ့နဲ့ အသင်းအပင်း အုပ်စုတွေရဲ့ နောက်ဆုံး တိုက်ခိုက်မှုလှိုင်း နှစ်ခုကို ခပ်မြန်မြန် သုံးသပ်ပြီး ခြိမ်းခြောက်မှုဟာ အယ်လ်ကေဒါအဖွဲ့ဆီကနေ ဘယ်လို ကျော်လွန် လာခဲ့တယ် ဆိုတဲ့ အသိအမြင်ကို ပေးရင်း နိဂုံးချုပ်ပါရစေ - မေလတုန်းက အယ်လ်ကေဒါနဲ့ အသင်းအပင်းအုပ်စုတွေက တိုက်ခိုက်မှု ငါးခု လုပ်ခဲ့တာကို မြင်ခဲ့ရပါတယ် - မေလ (၁၂)ရက်နေ့မှာ အယ်လ်ကေဒါ အုပ်စုဟာ [ဆော်ဒီအာရေဗျနိုင်ငံ] ရီယာဒ်မြို့က လူနေအိမ်များကို တိုက်ခိုက်မှုပြုခဲ့တာ တွေ့ရပါတယ်။ ဒီစစ်ဆင်ရေးဟာ အယ်လ်ကေဒါအဖွဲ့ရဲ့ စစ်ဆင်ရေးတစ်ခုပါ။ တစ်နေ့တည်းမှာပဲ [ရုရှားနိုင်ငံ] ချေချင်းညာမှာ တိုက်ခိုက်မှုတစ်ခု မြင်ရပါတယ်။ အယ်လ်ကေဒါ အဖွဲ့ရဲ့ အသင်းအပင်း အုပ်စုတစ်ခုက ဒီတိုက်ခိုက်မှုကို ပြုပါတယ်။ မေလ (၁၄)ရက်နေ့မှာ ချေချင်းညာမာ နောက်ထပ် တိုက်ခိုက်မှုတစ်ခု ဖြစ်ပါတယ်။ မေလ (၁၆)ရက်နေ့မှာ မော်ရိုကိုနိုင်ငံက ကာဆာဘလန်ကာမြို့မှာ မိုရိုကို ဂျူး ပစ်မှတ်တွေကို တစ်ပြိုင်နက်တည်း ညှိနှိုင်းတိုက်ခိုက်မှုတွေပြုတာကို တွေ့ရပါတယ်။ ဒီတိုက်ခိုက်မှုဟာ အယ်လ်ကေဒါ အဖွဲ့က လုပ်တာမဟုတ်ပါဘူး။ အက်ဆီရက် အယ်လ်-မိုစတာကင်မ် သို့မဟုတ် ‘လမ်းဖြောင့်’ လို့ ခေါ်တဲ့ အုပ်စု - တစ်နည်း - အယ်လ်ကေဒါအဖွဲ့က လေ့ကျင့်ပေးထားတဲ့၊ လက်နက်တပ်ဆင် ပေးထားတဲ့၊ ဘဏ္ဍာငွေ ဖြည့်တင်းပေးထားတဲ့ အုပ်စုတစ်ခု က ပြုလုပ်တာဖြစ်ပါတယ် - ဂျာမတ် အစ္စလာမီယာ အဖွဲ့နဲ့ အတော်ကို တူပါတယ်။ အဲဒီနေ့ မတိုင်မီ တစ်ရက်ဖြစ်တဲ့ မေလ (၁၅)ရက်နေ့မှာ ကျွန်တော်တို့ မြင်ရတာက - ဓာတ်ဆီဆိုင် (၂၁)ဆိုင်ကို တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တဲ့ ပါကစ္စတန် အုပ်စု လက်ရှ်ကာ-အီ-တိုဘာ အဖွဲ့ ဖြစ်ပါတယ် - မိနစ် (၃၀)အတွင်းမှာ ကရာချိ တောင်ပိုင်းက အဲဒီ ဓာတ်ဆီဆိုင် အားလုံး ပျက်စီးသွားခဲ့ပါတယ် - အဲဒီ တိုက်ခိုက်မှု ငါးခုအနက် တိုက်ခိုက်မှုတစ်ခုကိုပဲ အယ်လ်ကေဒါ အဖွဲ့က ပြုခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ - ကနေ့အချိန်မှာ - ခြိမ်းခြောက်မှုဟာ အယ်ကေဒါအဖွဲ့ကို ကျော်လွန်ပြီး ရွေ့သွားခဲ့ပြီ ဆိုတာ ရှင်းသွားပါပြီ။ ကနေ့အခါမှာ - ဒီအုပ်စုတွေဟာ တိုက်ခိုက်မှုတွေကို အရေအတွက် အများကြီး လုပ်နေကြပါပြီ - တိုက်ခိုက်မှုတွေဟာ အယ်လ်ကေဒါအဖွဲ့က လေ့ကျင့်ပေးထားတဲ့၊ လက်နက်တပ်ဆင်ပေးထားတဲ့၊ ဘဏ္ဍာငွေ ထောက်ပံ့ထားတဲ့ အုပ်စုတွေက ပြုလုပ်တာဖြစ်တဲ့ အတွက် အယ်လ်ကေဒါအဖွဲ့က တိုက်ခိုက်သလိုပဲ အဖျက်စွမ်းအား ပြင်းထန်လှပါတယ်။ အယ်လ်ကေဒါအဖွဲ့ ကိုယ်တိုင်ကတော့ ပူးပေါင်းပြီး ရေရှည်ဇွဲသန်သန်နဲ့ နှိမ်နင်းမှုရဲ့ ရလာဒ်အဖြစ်နဲ့ အတော်ကို အထိနာသွားပါပြီ - မေလမတိုင်မီက ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှု လှိုင်းတွေအကြောင်း ခပ်မြန်မြန်လေး ကြည့်လိုက်ပါရစေဦး။ အောက်တိုဘာလမှာ တိုက်ခိုက်မှု သုံးခု တွေ့ခဲ့ရပါတယ်။ ပထမ တိုက်ခိုက်မှုဟာ အောက်တိုဘာလ (၆)ရက်နေ့မှာ ဖြစ်ပြီး လင်ဘာ့ခ်မှာ ဖြစ်ပါတယ် - ယီမင်နိုင်ငံက ပြင်သစ် ရေနံ သိုလှောင်စခန်းကို ဖြစ်ပါတယ် - ဒီတိုက်ခိုက်မှုဟာ အေဒင်မြို့က အက်ဘ်ယန် အစ္စလာမ် စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ အယ်လ်ကေဒါအဖွဲ့က ပြုလုပ်တာ ဖြစ်ပါတယ်။ ပြီးတော့ အောက်တိုဘာလ (၈)ရက်နေ့မှာ အမေရိကန် နှစ်ဦး တိုက်ခိုက်ခံရတာကို တွေ့ရပါတယ်။ အယ်လ်ကေဒါ လက်ဖြောင့် သေနတ်သမားတွေက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စစ်သားတစ်ယောက် အသတ်ခံလိုက်ရပြီး နောက်တစ်ယောက်က ဒဏ်ရာရသွားပါတယ်။ အဲဒီနောက်မှာ - အောက်တိုဘာလ (၁၂)ရက်နေ့မှာ ကျွန်တော်တို့ ဘာလီ ဖြစ်ရပ်ကို တွေ့ရပါတယ် - (၂၀၂)ယောက် အသတ်ခံရတယ် - အဲဒီထဲက (၈၈)ယောက်ဟာ သြစတြေးလျားလူမျိုးတွေဖြစ်ပြီး အနောက်တိုင်းသား (၁၀၀)ကျော် အသတ်ခံရပါတယ်။ အောက်တိုဘာလက ဒီတိုက်ခိုက်မှု သုံးခုကို ကြည့်ရင် - လင်ဘာခ့်ကို တိုက်တာရယ်၊ ကူဝိတ်နိုင်ငံမှာ အမေရိကန်တွေကို တိုက်တာရယ်၊ ဘာလီဖြစ်ရပ်ရယ် - ဘယ်တိုက်ခိုက်မှုက ထိခိုက်သေဆုံးမှု အများဆုံးပါလဲ ?။ ဘာလီတိုက်ခိုက်မှု ဖြစ်ပါတယ်။ ဒေနေရာမှာ တွေ့ရပြန်တာက - အယ်လ်ကေဒါဟာ ဒီတိုက်ခိုက်မှုမှာ လက်သည် မဟုတ်ပါဘူး - အယ်လ်ကေဒါ အဖွဲ့က လက်နက်တပ်ဆင်ပေးထားတဲ့၊ လေ့ကျင့်ပေးထားတဲ့၊ ဘဏ္ဍာငွေ ထောက်ပံ့ထားတဲ့ အုပ်စုတစ်စုဟာ လက်သည်ဖြစ်ပါတယ်။ = အယ်လ်ကေဒါနှင့် ရုံးစံထားသော အုပ်စုများသည် အကြီးဆုံးသော ခြိမ်းခြောက်မှုဖြစ်လာနေခြင်း = ဒီတော့ - နိဂုံးချုပ်ရမယ်ဆိုရင် - ကျွန်တော်ပြောချင်တာက ဒီကနေ့မှာ ကျွန်တော်တို့ မြင်နေရတာဟာ အယ်လ်ကေဒါနဲ့ ရုံးစုထားတဲ့ အုပ်စုများဟာ အကြီးဆုံးခြိမ်းခြောက်မှု ဖြစ်လာနေတယ် ဆိုတာပါပဲ။ ပြီးတော့ နောက်တစ်ဆင့်တက်ရန် အကြမ်းဖက်ဝါဒကို တိုက်ခိုက်မှု နောက်တစ်ဆင့်မှာ ကမ္ဘာ့တောင်ခြမ်းမှာ လှုပ်ရှားနေကြတဲ့ အယ်လ်ကေဒါ အပြင် အခြား အုပ်စုများ အကြောင်းကို ပိုမိုပြီးတော့ နားလည်သိမြင်လာစေရေးဟာ အမေရိကန်ပြည်ထောင်စု ထောက်လှမ်းရေး အသိုင်းအ၀ိုင်းအတွက် ပိုမို အရေးကြီးလာပါတယ်။ အမေရိကန် ထောက်လှမ်းရေး အတွက်သာ မဟုတ်ဘဲ အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေတဲ့ အခြား နိုင်ငံများက ထောက်လှမ်းရေး အသိုင်းအ၀ိုင်းများအတွက်လည်း အရေးကြီးပါတယ်။ အမေရိကန် ထောက်လှမ်းရေးဟာ အယ်လ်ကေဒါ အကြောင်း ဆိုရင် သေချာ သိနားလည်ပြီးသားဖြစ်ပါတယ်။ အထူးသဖြင့် ဖမ်းဆီးရမိသူတွေကို စစ်မေးရာကနေ အယ်ကေဒါကြောင်း သတင်း အချက်အလက်တွေ၊ သိမြင်နားလည်မှုတွေ အများကြီး ရထားပါတယ်။ ယနေ့အချိန်မှာ - အကြမ်းဖက်မှု နောက်တစ်လှိုင်းကို တိုက်ခိုက်ဖို့အတွက် ရှေ့ဆောင် အဖွဲ့ကြီး ဖြစ်တဲ့ အယ်လ်ကေဒါက လက်နက်တပ်ဆင်ပေးထားတဲ့၊ လေ့ကျင့်ပေးထားတဲ့၊ ဘဏ္ဍာငွေ ဖြည့်တင်းပေးထားတဲ့၊ အရေးအကြီးဆုံးအဖြစ် (၁၉၉၀)နှစ်များနဲ့ နောက်ပိုင်းဆက်တိုက် တလျောက်လုံး အာဖဂန်နစ်စတန်မှာ သဘောတရားရေး ပို့ချခံထားရတဲ့ အဲဒီအုပ်စုတွေအကြောင်း ပိုမို သိမြင်နားလည်ရေးကို ဆောင်ရွက်နိုင်ဖို့ဟာ မဖြစ်မနေလိုအပ်လာပါတယ်။ ပြီးတော့ အပြည်ပြည်ဆိုင်ရာနဲ့ ပြည်တွင်း လုံခြုံရေးကို အကြီးမားဆုံးခြိမ်းခြောက်မှု ဖြစ်လာစေမှာက ဒီအုပ်စုတွေပဲဖြစ်ပါတယ် - နောက်အကျဆုံး ရာစုနှစ်ဝက် ကာလ ပါပဲ -
Posted on: Thu, 11 Jul 2013 15:43:05 +0000

Trending Topics



Recently Viewed Topics




© 2015