အားလုံးပဲ မင်္ဂလာပါ။ Global - TopicsExpress



          

အားလုံးပဲ မင်္ဂလာပါ။ Global Enchanting Training Center မှ သြဂုတ်လ ထုတ် Newsletter ဖြစ်ပါတယ်။ ဒီတစ်လမှာတော့ လုပ်ငန်းခွင်ဘေး အနရယ်ကင်းရှင်းရေးနှင့် ပါတ်သက်သော SAFETY & ME campaign, အလုပ်ရုံ၊ အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန နှင့် ပူးပေါင်းလက်တွဲ ပြုလုပ်သော သင်တန်းများ၊ မနလေးရှိ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်း တွင် ပြုလုပ်ခဲ့သော construction safety သင်တန်းများ အကြောင်းပါရှိထား ပါတယ်။ ယနေ့ ကမာပေါ်တွင် ဘေးအနရယ်အများဆုံး လုပ်ငန်းခွင် တစ်ခုဖြစ်သော ဆောက်လုပ်ရေး လုပ်ငန်းခွင် ဘေးအနရယ် ကင်းရှင်းရေး (Construction Safety Orientation Course) သင်တန်းကို သြဂုတ်လ တွင်းမှာ ရန်ကုန် မှာ စတင်ဖွင့်လှစ်ခဲ့ ပါတယ်။ ဒီသင်တန်းမှာ ဆောက်လုပ်ရေး လုပ်ငန်းခွင် ၀င်ရောက်မည့် မည်သူမဆို တက်ရောက်သင့်သော သင်တန်းဖြစ်ပြီး Singapore Standard အတိုင်း သင်ကြားပေးပါတယ်။ သင်တန်းမှာ စာသင်ကြားရေးနှင့် လက်တွေ့ဆင်း ရမည့်(site visit) အပိုင်း နှစ်ပိုင်းပါရှိထားပါတယ်။ လက်တွေ့ချိန်မှာ ယခု ဆောက်လုပ်လျက်ရှိသော လုပ်ငန်းခွင်များကို သွားရောက်လေ့လာခဲ့ပါ တယ်။ ယခုစက်တင်ဘာလထဲမှာ Challenges of Workplace Safety and Health ခေါင်းစဉ်နှင့် ဆွေးနွေးပွဲလေးတစ်ခု ပြုလုပ်မှာ ဖြစ်တဲ့အကြောင်း အသေးစိတ်ကို သတင်းစာစောင်ထဲမှာ ဖော် ပြထားပါ တယ်။ယခုလထုတ် သတင်းစောင်ကိုတော့ Taw Win Tab Book Center, MCC သင်တန်းများ၊ Global Enchanting ကျောင်းနှင့် Pangolin Protective Equipment Co.,Ltd ၁၁၇/၁, ၈မိုင် ပြည်လမ်း မှာ ရရှိမှာ ဖြစ်ပါတယ်။ အလုပ်ရုံ၊ စက်ရုံ များနှင့် ကုမဏီ အဖွဲ့အစည်းများမှ သတင်းစာစောင် ရရှိလိုသူများ လိပ်စာနှင့်တကွ am.education.enchanting@gmail ကို ပေးပို့နိုင်ပါတယ်။
Posted on: Tue, 03 Sep 2013 16:14:04 +0000

Trending Topics



Recently Viewed Topics




© 2015