အားလုံး အဆင်ပြေတယ် - TopicsExpress



          

အားလုံး အဆင်ပြေတယ် ဖေဖေ ညီလေးကို ည၁၂နာရီခွဲတိုင်း သားတစ်ယောက်တည်း သွားကြိုတယ် အမှောင်ကြောက်တဲ့ကောင်လို့ အပစ်မတင်ပါနဲ့တော့ မီတာခသွားသွင်းတော့ လုပ်ငန်းသုံးတယ် ဘာညာနဲ့ ၅၀၀၀ တောင်းတယ် ဖေဖေ့တုန်းကရော တလောက ဝိုင်ယာလျှော့ခ်ဖြစ်လို့ အိမ်က မီးခလုတ်တွေအကုန် ပြန်ပြောင်းလိုက်တယ် မေမေက ငါ့သား လျပ်စစ်အင်ဂျင်နီယာကြီးတဲ့ ဖေဖေသင်ပေးထားတာလို့ မပြောလိုက်ဘူး တော်ကြာ သူက မျက်ရည်လွယ်တယ် အငယ်ကောင် ထုံးစံအတိုင်း အာသီးယောင်သေးတယ် အမယ် သားက ဖေဖေ့လို သူ့ကို ဖက်အိပ်ပေးလိုက်တာပေါ့ ပူလိုက်တာ ဖေဖေရာ မနက်နိုးတော့ ရေအကြာကြီးချိုးလိုက်ရတယ် မေမေလည်း ဖေဖေ့လိုပဲ ခေါင်းကိုက်သေးတယ် ဖေဖေ မေမေ့ကိုတော့ ထပ်မခေါ်ပါနဲ့နော် အိမ်မှာ ဟောပလိတ်နဲ့ ပန်ကာတစ်လုံး စတိုခန်းထဲရောက်နေတယ် ဒါကလည်း သားမအားသေးလို့ပါ သားအားရင် ကုလား ခေါ်ပြီးရောင်းလိုက်မယ် သား မပြင်တတ်ဘူး အားလုံးခြုံပြောရင်တော့ အဆင်ပြေပါတယ် ဖေဖေ…။ နသည
Posted on: Thu, 03 Oct 2013 03:48:37 +0000

Trending Topics



Recently Viewed Topics




© 2015