အန္တရာယ်ဖြစ်စေမည့် - TopicsExpress



          

အန္တရာယ်ဖြစ်စေမည့် လမ်းမိုင်တိုင်အမှတ်များ ပြည်ထဲရေးထုတ်ပြန် 2/Aug/2013 ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် အန္တရာယ်ဖြစ်စေမည့် လမ်းမိုင်တိုင် အမှတ်အသားများကို ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ၁.၈.၂၀၁၃ ရက်တွင် တရားဝင် ထုတ်ပြန်လိုက်သည်။ ယင်းထုတ်ပြန်ချက်တွင် ယာဉ်မတော်တဆ ဖြစ်လေ့ဖြစ်ထရှိသော နေရာများ၊ ရေဝပ်နေသော လမ်းပိုင်းနေရာများနှင့် အန္တရာယ် ဖြစ်စေနိုင်သော လမ်းပိုင်းမိုင်တိုင်များကို တိတိကျကျ ဖော်ပြထားသည်။ “ကျွန်တော်တို့က ဘယ်မိုင်တိုင်တွေ အနီးမှာတော့ အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် ခရီးသွားပြည်သူတွေ ဘေးကင်းစေဖို့ ယာဉ်မောင်းတွေ သတိထား မောင်းနှင်ဖို့ဆိုတဲ့ အချက်ကို အဓိကပြောချင်တာပါ” ဟု အမြန်လမ်းပိုင်းဆိုင်ရာ တာဝန်ရှိသူက ၄င်းထုတ်ပြန်ချက...်နှင့် ပတ်သက်၍ ပြောသည်။ ထုတ်ပြန်ထားသော မိုင်တိုင် အမှတ်အသားများမှာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရှိ မြို့ချောင်းအမြန်လမ်း ရဲစခန်းနယ်မြေ အတွင်း မိုင်တိုင် (၇၅-၅/၆)ကြား၊ (၉၀-၆/၇)ကြား၊ (၁၀၃-၃/၄) ကြား၊ ဗောဓိကုန်း အမြန်လမ်းရဲစခန်း နယ်မြေရှိ မိုင်တိုင်အမှတ် (၁၅၀-၃/၄) ကြား၊ (၁၂၅-၃/၄) ကြား၊ သာဂရအမြန်လမ်း ရဲစခန်းနယ်မြေရှိ မိုင်တိုင်အမှတ် (၁၆၈-၀/၁) ကြားနှင့် (၁၇၀-၁/၂) ကြားတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားတတ်ကြောင်း ပါရှိသည်။ ယင်းအပြင် ဗောဓိကုန်းအမြန်လမ်း ရဲစခန်းနယ်မြေရှိ မိုင်တိုင်အမှတ် (၁၄၀-၃/၄) ကြားတွင် ရေဝပ်တတ်ပြီး သာဂရ အမြန်လမ်း ရဲစခန်းနယ်မြေ မိုင်တိုင်အမှတ် (၁၇၀-၁/၂) ကြားရှိ ဂုံမင်းကွင်းတံတားအနီး လမ်းအကွေ့မှာ အန္တရာယ် ဖြစ်စေနိုင်ကြောင်း ထုတ်ပြန်ထားသည်။ “ကားမောင်းနေတဲ့သူဟာ မိုင်တိုင်တွေကို ကြည့်ပြီး မောင်းနေဖို့ အချိန်မရဘူး။ ဒါကြောင့် အဲဒီမိုင်တိုင်တွေမှာ သတိပေးဆိုင်းဘုတ်တွေကို မြင်သာအောင် စိုက်ထူထားဖို့ လိုတယ်” ဟု အဝေးပြေးခရီးစဉ် မောင်းနှင်နေသည့် ယာဉ်မောင်းတစ်ဦးက ပြောပြခဲ့ကြောင်း ၂၀၁၃ ခုနှစ် သြဂုတ်လ ၆ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
Posted on: Fri, 02 Aug 2013 13:43:02 +0000

Trending Topics



Recently Viewed Topics




© 2015