အန်းဒရွိုက်အတွက် Google - TopicsExpress



          

အန်းဒရွိုက်အတွက် Google Maps အန်းဒရွိုက် အသုံးပြုသူတွေ အတွက် မနေ့ကမှ ထွက်ရှိခဲ့တဲ့ Google Maps Appနဲ့ မိတ်ဆက်ပေး လိုပါတယ်။ ဖိုင်အရွယ်အစား 1MBသာ ရှိပြီးတော့ Myanmar ICT Websiteမှာ အခမဲ့ Downloadရယူနိုင်မှာ ဖြစ်ပါတယ်။ မြေပုံတစ်ခုအနေနဲ့ အလွန်အသုံးဝင်ပြီး 3Dအဆောက်အဦတွေနဲ့ မြေပုံအတိအကျ ပါဝင်ပါတယ်။ Turn-By-Trun GPS Navigationကိုလည်း အသံနဲ့ ထိန်းချုပ်ညွှန်ကြားနိုင်တဲ့ အပြင် ကားမောင်းခြင်း၊ ဆိုင်ကယ်စီးခြင်းနဲ့ လမ်းလျှောက်ခြင်း စတာ တွေအတွက်လည်း ဦးတည်ရာတွေကို ညွှန်ပြပေးနိုင်တဲ့ Mapတစ်ခုပါ။ ဒါ့အပြင် ယာဉ်ကြောပိတ်ဆို့မှုတွေကို တိုက်ရိုက်ဖော်ပြလို့ ကြိတ်ကြိတ်တိုးရခြင်းမှလည်း ကင်းဝေးစေမှာပါ။ စီးပွားရေးဆိုင်ရာတွေ အတွက် ရှာဖွေနိုင်သလို Googl Maps Street Viewလည်း ပါဝင်ပြီး လေဆိပ်တွေ၊ ဟိုတယ်တွေ၊ လက်လီဆိုင်နဲ့ အခြားနေရာများအတွက်လည်း Indoor Mapsတွေ ထည့်သွင်းထားပါတယ်။ ဒါ့အပြင် မြေပုံပေါ်က အကွာအဝေးကို အပြင်မှာ ဘယ်လောက်ဝေးတယ်ဆိုတာ တွက်ချက်ပေးနိုင်မယ့် Scale Barလည်းပါဝင်လို့ အသုံးပြုသူတွေအတွက် တကယ်ပဲ လွယ်ကူအဆင်ပြေစေမှာ ဖြစ်ပါတယ်။ မြန်မာအိုင်စီတီ ပရိသတ်ကြီးကော အထက်ပါ Google Mapsကို နှစ်သက်ပါရဲ့လား? ict.mm/?p=20898
Posted on: Wed, 21 Aug 2013 08:30:21 +0000

Trending Topics



Recently Viewed Topics




© 2015