အလုပ်သမား ဥပဒေများ - TopicsExpress



          

အလုပ်သမား ဥပဒေများ သိရှိရေး တစ်လတစ်ကြိမ် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပမည် Posted by Myo Chit Myanmar on 6:07 AM with No comments မန္တလေးတိုင်းဒေသကြီး အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနက အလုပ်သမား များနှင့် အလုပ်ရှင်များ လိုက်နာရမည့် ဥပဒေများ သိရှိနိုင်ရေးအတွက် ဥပဒေများနှင့် ပတ်သက်၍ တစ်လလျှင် တစ်ကြိမ် အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါဌာန ဒုတိယ ဦးစီးမှူး ဦးဝင်းသိန်းက ပြောကြားသည်။ ယင်းအလုပ်ရုံ ဆွေးနွေးပွဲများတွင် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စက်ရုံ၊ အလုပ်ရုံမှ အလုပ်ရှင်များ နှင့် အလုပ်သမားများ၏ လုပ်ခ၊ လစာများ၊ ခွင့်ရက်များ၊ အလုပ်သမား ဖူလုံရေးကတ် စသည့် အကြောင်းအရာများနှင့် အခြား အလုပ်ရှင် အလုပ်သမားများ လိုက်နာရမည့် ဥပဒေများကို ဆွေးနွေး မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲများကို ဇူလိုင်လက စတင် ကျင်းပခဲ့ပြီး လာမည့် လများတွင်လည်း လစဉ် ကျင်းပသွားမည် ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ သိရသည်။ “အလုပ်ရုံ ဆွေးနွေးပွဲကို တက်ရတော့ မသိသေးတဲ့ အလုပ်သမား ဥပဒေတွေကိုလည်း သိရတယ်။ ဖြစ်ချင်နေတဲ့ အကြောင်းအရာတွေ၊ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုလည်း အလုပ်ရုံ ဆွေးနွေး ပွဲမှာ မေးမြန်းခွင့် ရတယ်။ အကျိုး ရလဒ်တွေ အများကြီး ရပါတယ်” ဟု အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်လာသူ စုစည်းချမ်းသာ ဂျပ်ပုံး စက္ကူလုပ်ငန်း စက်ရုံမှ အလုပ်သမား တစ်ဦးက ဆိုသည်။ ယင်းကဲ့သို့ အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ရာတွင် နေရာ အခက်အခဲ ရှိခြင်းကြောင့် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ အလုပ်ရုံများမှ အလုပ်သမားများကို အလှည့်ကျ ခေါ်ယူပြီး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပသွားမည် ဖြစ်ကြောင်း ဦးဝင်းသိန်းက ပြောကြားသည်။ သြဂုတ်လအတွက် အလုပ်ရုံ ဆွေးနွေးပွဲကို သြဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီတွင် ၇၈ လမ်း ချမ်းမြသာစည်မြို့နယ် သီတာအေး ရပ်ကွက်ရှိ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာန (တိုင်းဒေသကြီး ရုံး) တွင် ကျင်းပခဲ့ပြီး အလုပ်ရုံပေါင်း ၂၀ မှ အလုပ်သမား ၃၇ ဦး တက်ရောက်ခဲ့သည်။ credit to:The Voice Weekly Email ThisBlogThis!Share to TwitterShare to Facebook
Posted on: Fri, 16 Aug 2013 13:50:51 +0000

Trending Topics



Recently Viewed Topics




© 2015