အလုပ်အကိုင် ခန့်ထားရေး - TopicsExpress



          

အလုပ်အကိုင် ခန့်ထားရေး ၀က်(ပ်)စိုက် Digicel စတင် ဖွင့်လိုက်သည်။ jobs.digicelmyanmar/ ၂၉ မေ ၂၀၁၃။ ရန်ကုန်။ ရှေ့လမှာ အပ်နှင်း တော့မယ့် ဆက်သွယ်ရေး လုပ်ငန်းလိုင်စင် နှစ်ခုအနက် က တစ်ခု ကို အောင်မြင်စွာ ရယူနိုင်လျှင် ထောင်ပေါင်းများစွာသော မြန်မာနိုင်ငံသူ နိုင်ငံသားများ ကို အလုပ်များပေး နိုင်ဖို့ ဒီဂျီစယ်က အလုပ်များ လျှောက်ထားနိုင်သော ၀ိုက်(ပ်)ဆိုက် ကို ယနေ့ မှစတင် ဖွင့်လိုက်ပါသည်။ ဆက်သွယ်ရေး လုပ်ငန်းလိုင်စင် နှစ်ခုအနက် က တစ်ခု ကို အောင်မြင်စွာ ရယူနိုင်လျှင် Digicel လုပ်ငန်းရှင်များ အဖွဲ့အစည်း တွင် ရရှိနိုင်သော အလုပ်အကိုင်အခွင့်အလမ်း အမျိုးမျိုးကို စိတ်ဝင်စားလျှက် ရှိသော မြန်မာနိုင်ငံသား ဦးရေ ၆၀၀၀ ခြောက်ထောင် ကျော်ခန့် အနေနှင့် CV ဖောင်များ ပေးပို့ နိုင်သော jobs.digicelmyanmar/ ကို Digicel က အသက်သွင်းလိုက်ပါပြီ။ အသင့်တော်ဆုံး နှင့် အမှန်ဆုံး တန်ဖိုး ၊ အကောင်းဆုံးဝန်ဆောင်မှု နှင့် အကောင်းဆုံး ကွန်ရက် ချိတ်ဆက်နိုင်မှု တွေ နိုင်ငံတ၀ှမ်း ပေးနိုင်မည့် Digicel Myanmar ကို မြန်မာနိုင်ငံသူ နိုင်ငံသားများ နှင့် ဖွဲ့စည်းချင်ပါတယ် ဟု နိုင်ငံပေါင်း ၃၁ နှိင်ငံ တွင် တယ်လီကွန် လုပ်ငန်းကို ၀န်ထမ်းပေါင်း ၆၀၀၀ ခြောက်ထောင်ကျော်အား ခန့်အပ်လျှက် လုပ်ဆာင်နေသော Digicel ကုမ္ပဏီ ၏ နာယက နှင့် တည်ထောင်သူ Mr. Denis O’Brien ကပြောကြားလိုက်ပါသည်။ မြန်မာနိုင်ငံ တစ်ဝှမ်းလုံး အတွက် ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် အသစ် နှစ်ခု လေလံပွဲ တွင် တစ်ခုအတွက် လေလံဆွဲ လျှက်ရှိပါသည် Digicel အမြန်ဆုံး တိုးပွါး နေသောကမ္ဘာ့ တယ်လီကွန် ကုမ္ပဏီများ ထဲမှ တစ်ခု ဖြစ်ပါသည်။ Digicel လုပ်ငန်းရှင်များ အသင်းကို Mr. George Soros ၏ စီမံမှုအောက်ရှိ အမေရိကန် ပြည်ထောင်စု တွင်ရှိသော ရင်းနှီးမြှပ်နှံနှင့် အကြံပေး အကျိုးဆောင် အဖွဲ့ Quantum Strategic Partners၊ မြန်မာနိုင်ငံသား Mr. Serge Pun တည်ထောင်သော မြန်မာနိုင်ငံ၏ ရှေ့ဆောင် အဖွဲ့အစည်းဖြစ်သည့် SPA Myanmar နှင့် FMI တို့နှင့်အတူ အိုင်ယာလန်နိုင်ငံသား လုပ်ငန်းရှင် Mr. Denis O’Brien ပိုင်ဆိုင်သော Digicel Group တို့ဖြစ် ဖွဲ့စည်းထားပါသည်။ Digicel ဟာ မြန်မာနိုင်ငံကို ၂၀၀၉ ခုနှစ် ထည်းမှ စတင်ဝင်ရောက်လာခဲ့ ပါတယ်၊ မြန်မာ နိုင်ငံသူ နိုင်ငံသား များရဲ့ လုပ်ငန်းကျွမ်းကျင် လိမ္မာမှု နှင့် အားတက်သရော ရှိမှုတို့ကို အင်မတန် အထင်ကြီးမိပါတယ်၊ ကျွန်တော်တို့ လုပ်ငန်းလိုင်စင် နှစ်ခု အနက်က တစ်ခု ကို အောင်အောင် မြင်မြင်ရယူ နိုင်ခဲ့လျှင် ကျွန်တော်တို့ရဲ့ လုပ်ငန်းအဆင့်ဆင့် မဟာဗျူဟာ ကို စတင်အကောင်အထည် ဖော်ဖို့ အသင့်ဖြစ်ချင်ပါတယ် ဟု Mr. O’Brien က ဆိုပါသည်။ Digicel အနေနှင့် ဈေးကွက် နှင့် ရောင်းဝယ်ဖောက်ရေး ကျွမ်းကျင်သူများ ၊ အင်ဂျင်နီယာများ ၊စက်မှုနည်းပညာကျွမ်းကျင်သူများ နှင့် ဘဏ္ဍာငွေကြေး ကျွမ်းကျင်သူများ စတဲ့ အမျိုးမျိုးသော ကျွမ်းကျင်သူတွေ လိုအပ်ပါလိမ့်မယ်၊ ဒါဟာ မဟာ လိုအပ်မှုကြီး တစ်ခုဖြစ်ပါလိမ့်မယ်။ အခု ကျွန်တော်တို့နဲ့ အတူတူ လက်တွဲ လုပ်ကိုင်နေကြတဲ့ မြန်မာတွေ အားလုံး အင်တိုက်အားတိုက် တက်တက်ကြွကြွ အလုပ်ကြိုးစား ကြသူတွေဖြစ်ပါတယ်။ ကျွန်တော်တို့ အဲသလို လူမျိုးတွေ တကယ့်ကို အများကြီး လိုအပ် လာပါလိမ့်မယ် ဟု ထပ်မံ ထည့်သွင်း ပြောကြားထား ပါသည်။ ကျွန်တော်တို့ မြန်မာပြည်အတွင်း မြို့ပေါင်း ၁၂ မြို့မှာ အလုပ်ခန့်အပ်ခြင်း ဆွေးနွေးပွဲတွေ ကျင်းပခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော်တို့မှာ ကျယ်ပျံ့တဲ့ ၀န်ထမ်း အင်အား အချက်အလက်တွေ စုဆောင်းထားပြီးပါပြီဟု ယင်းကထပ်လောင်း ပြောကြားလိုက်ပါသည်။ ကျွန်တော်တို့ Digicel လုပ်ငန်းရှင်များ အနေနှင့် လုပ်ငန်း လိုင်စင်ရမယ် ဆိုရင်၊ Digicel ဟာ အရည်အသွေးအမြင့်ဆုံး နဲ့ အမှန်ကန်ဆုံး တန်ဖိုး ရှိတဲ့ မိုဘိုင်းဖုန်း ၀န်ဆောင် ကို ပေးနိုင်ယုံ မကပဲ မြန်မာ့ လူငယ်လူရွယ်တွေ ရဲ့ အဓိက အလုပ်ရှင် ဖြစ်လာမယ် ဆိုတာ ကျွန်တော် ယုံကြည်ပါတယ် လို့ မြန်မာ နိုင်ငံသား Mr. Serge Pun က ပြောကြားလိုက်ပါသည်။ ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ယူအေအီး နှင့် အမေရိကန်နိုင်ငံများတွင် နေထိုင်လျှက်ရှိကြပြီး မိမိတိုင်းပြည်ကို ပြန်လာပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရှာလျှက်ရှိသော မြန်မာများ ၏ အချက်အလက် စာရင်းများလည်း Digicel က ရရှိထားပြီး ဖြစ်ပါသည်။ Ends DIGICEL အကြောင်း ကမ္ဘာ့ရှေ့ဆောင် ဆက်သွယ်ရေး ပေးသော Digicel Group Limited ကုမ္ပဏီ ဟာ ကာရီဘီယန် ၊ အမေရိကတိုက်အလယ်ပိုင်း၊ အာရှ ပိစိဖစ် ရှိ ဈေးကွက်ပေါင်း ၃၁ခု လုပ်ဆောင် လည်ပတ်လျှက်ရှိပါသည်။ နှစ်ပေါင်း ၁၂နှစ်ကြာ လုပ်ငန်းသက်တမ်းအပြီး ယနေ့အချိန်ထိ ကမ္ဘာနှင့်တ၀ှမ်း ရင်းနှီးမြှပ်နှံ မှုပေါင်း ယူအက်စ်ဒေါ်လာတန်ဖိုးငွေ ၄.၅ ဘီလျံရှိပါသည်။၎င်း၏ အကောင်းဆုံး တန်ဖိုး၊ အကောင်းဆုံး ၀န်ဆောင်မှု နှင့် အကောင်းဆုံး ကွန်ရက် ချိတ်ဆက် နိုင်မှု တို့ကြောင့် နာမည်ကျော်ကြားပါသည်။ လူထုအကျိုးပြု ဦးတည် စွမ်းဆောင်မှု တွေကို လုပ်ငန်းရှိရာ ဈေးကွက်တွေမှာ တာဝန်ခံ လုပ်ဆောင်နိုင်ခဲ့ပါသည်။ ပညာရေး၊ ယဉ်ကျေးမှုဆိုင်ရာ နှင့် လူမှုဘ၀ အထောက်အကူ တိုးတက်ရေး အစီအစဉ်များ ကို အဓိကထားပြီး Digicel Foundations ကို ဂျမေကာနိုင်ငံ၊ ဟေတီနိုင်ငံ၊ ပါပူးဝါး နယူးဂီနီနိုင်ငံ နှင့် ဒရီနီဒက် အင် တိုဘားကိုး နိုင်ငံများမှာ အကျိုးပြုထားပါသည်။ ကာရီဘီယျံ၊ အမေရိကတိုက်အလယ်ပိုင်း နှင့် ပိစိဖစ် စသော ဒေသများမှာ Digicel ဟာ အားကစားအသင်းများ၊ မသန်မစွမ်းသူများ ပါဝင်သော အိုလံပစ်အသင်း အပြင် ကမ္ဘာ့အမြန်ဆုံးလူသား ဟုအမည်ပေးခံရတဲ့ Usain Bolt တို့၏ အဓိက ပံ့ပိုးသူဖြစ်ပါသည်။ ၀စ်အင်ဒီးနိုင်ငံ၏ ခရစ်ကတ်အသင်းကို လည်း ပံ့ပိုးလျှက်ရှိပါသည်။ ထို့အပြင်၂၀၁၂ မှစတင်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နှင့် မြန်မာ့ မသန်မစွမ်းသူများ အိုလံပစ်အသင်း ၏ အဓိက ပံ့ပိုးသူဖြစ်ပါသည်။ အခြားသီတင်းအချက်အလက်များ ပိုမိုသိရှိလိုလျှင် ဆက်သွယ်ရန် Thiri Kyar Nyo Public Relations Manager Digicel Myanmar thirikyarnyo@gmail ++95 511 7204 Visit digicelgroup Visit digicelmyanmar Visit facebook/DigicelMyanmar Career Opportunities | Digicel Career Opportunities jobs.digicelmyanmar Digicel သည် ကမ္ဘာ့ ဆက်သွယ်ရေး နယ်ပယ်တွင် ဦးဆောင်နေသော ကုမ္ပဏီတစ်ခုဖြစ်ပြီး စတင်ထူထောင်ပြီး ၁၂နှစ်တာကာလအတွင်း ကာရေဘီယန်၊ စင်ထရယ်အမေရိကား နှင့်အာရှပစိဖိတ် ရှိနိုင်ငံပေါင်း ၃၁ နိုင်ငံ
Posted on: Tue, 11 Jun 2013 05:15:42 +0000

Trending Topics



Recently Viewed Topics




© 2015