အသက်ရှင်သော - TopicsExpress



          

အသက်ရှင်သော စာ 23.11.2013 ဖတ်ရန်: ၂ ကော ၃း၁-၁၁ သင်တို့သည်မှင်နှင့် ရေးထားသော စာမဟုတ်။ အသက်ရှင်တော်မူသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့်ရေး ၍၊ ... ငါတို့ပြုစုသော ခရစ်တော်၏စာ ထင်ရှားစွာဖြစ်ကြ၏။ ၂ ကော ၃း၃ သမ္မာကျမ်းစာ တစ်နှစ်တာ: □ ယေဇ ၂၀-၂၁ □ ယာ ၅ ၁၉၆၃ ခုနှစ် နိုဝင်ဘာလ၊ သမ္မတ ဂျွန် အက်ဖ် ကနေဒီ လုပ်ကြံခံရသည့် တစ်နေ့ တည်းမှာပင် ခရစ်ယာန်ခေါင်းဆောင် ကလိုက်ဗ် စတက်ပယ်စ် လူးဝစ်လည်း ကွယ်လွန်ခဲ့သည်။ အောက်စ်ဖို့ဒ်တက္ကသိုလ်ထွက် ပညာရှင်ကြီးသည် ဘုရားမဲ့ဝါဒီဘဝမှ ခရစ်ယာန်ဘာသာကို ယုံကြည် သက်ဝင်လာသူဖြစ်ပြီး ထိရောက်အကျိုးရှိသော စာပေများရေးသားနိုင်သူလည်း ဖြစ်သည်။ခိုင်မာ သော ခရစ်ယာန်တရားတော်ကို အခြေခံသည့် အသိပညာပေးစာအုပ်များ၊ အပျော်ဖတ်သိပ္ပံ ဝတ္ထုများ၊ ကလေးစာပေများနှင့် အခြားစာအုပ် စာပေမျိုးစုံကို ရေးသားခဲ့သည်။ သူ့စာအုပ်များ အားဖြင့် နိုင်ငံရေးသမားတစ်ဦး၊ နိုဗယ်ဆုရ သိပ္ပံ ပညာရှင် တစ်ဦးအပါအဝင် လူမြောက်များစွာတို့ ပြောင်းလဲလာရန် ဘုရားရှင်အသုံးပြုခဲ့သည်။ လူအချို့က သူတို့ရေးသားသည့် စာအုပ်စာပေများအားဖြင့် ခရစ်တော်အကြောင်း ဝေမျှရန် စေစားခံရသည်။ သို့သော် ယုံကြည်သူတိုင်းသည် မိမိ၏အသက်ရှင်မှုအားဖြင့် လူတို့ဖတ်နေသည့် ခရစ်တော်၏စာဖြစ်ရန် စေစားခံရသည်။ ‘‘သင်တို့သည် မှင်နှင့်ရေးထား သောစာ မဟုတ်။ အသက်ရှင်တော်မူသောဘုရားသခင်၏ ဝိညာဉ်တော်နှင့်ရေးထားသော ခရစ်တော်၏စာ ထင်ရှားစွာဖြစ်ကြ၏’’ ဟုရှင်ပေါလု မိန့်ကြားထားသည် (၂ ကော ၃း၃)။ ဘုရား၏သတင်းစကားကို ရေးထားသောစာရွက်ကို ရှင်ပေါလုပြောနေခြင်းမဟုတ်ဘဲ၊ အခြားသူအပေါ်မိမိ၏ဆက်ဆံမှု၊ သမ္မာသတိတည်ကြည်မှုဖြင့် ကြိုးစားအသက်ရှင်မှု စသည်တို့၌ ထူးခြား ခြားနားအောင် သခင်ယေရှုက မည်သို့ပြုပေးသည်ကို ရှင်သန်သော စာအားဖြင့် ထင်ရှားအောင်ပြသနိုင်ပါသည်။ ဆရာကြီး စီ အက်စ် လူးဝစ် ကဲ့သို့ ထိရောက်လွှမ်းမိုးမှုမျိုး ပေးနိုင်သူမဖြစ်နိုင် ငြားလည်း ကျွန်ုပ်တို့ကိုချစ်ပြီး ရွေးနုတ်ခဲ့သည့် သခင့်ဘုန်းထင်ရှားစေရေး မိမိသည်လည်း စေစားစေခိုင်းခံရပါသည်။ —Dennis Fisher ထားရာအရပ်မှာ သက်သေခံရန် စေစားခံရပြီး ကျွန်ုပ်အသက်တာကို နေ့စဉ်ကြည့်နေ၊ ကိုယ်တော်နှင့် ကိုယ်တော်ပေးသည့် ကြွယ်ဝသောအသက်တာအကြောင်း တစ်ပါးသူတို့ သိချင်လာအောင် နှိုးဆော်သည့် အသက်တာမျိုးဖြင့် ရှင်သန်နိုင်ရန်မစမူပါ။ ကျွန်ုပ်တို့အသက်တာကို ဖတ်နေသူများအားလုံးအတွက် ကျွန်ုပ်တို့သည် ခရစ်တော်အကြောင်း အာမခံချက်ပေးသော စာများပင်။ Living Letters November 23, 2013 — by Dennis Fisher Subscribe on iTunes Play MP3 (Mobile) Our Daily Bread Radio is hosted by Les Lamborn Read: 2 Corinthians 3:1-11 Clearly you are an epistle of Christ . . . written not with ink but by the Spirit of the living God. —2 Corinthians 3:3 Bible in a Year: Ezekiel 20-21; James 5 In November 1963, the same day that President John F. Kennedy was shot, another leader died—Clive Staples Lewis. This Oxford scholar, who had converted from atheism to Christianity, was a prolific writer. Intellectual books, science fiction, children’s fantasies, and other works flowed from his pen with a strong Christian message. His books have been used by God in the conversion of many, including a politician and a Nobel Prize-winning scientist. Some are called to tell others about Christ through their writing, but all believers are called to be “epistles,” or letters of Christ, in the way we live. The apostle Paul tells us, “Clearly you are an epistle of Christ . . . written not with ink but by the Spirit of the living God” (2 Cor. 3:3). Certainly Paul does not mean we are actually pieces of paper upon which God’s message has been written. But as living “letters” we can illustrate how Jesus Christ makes a difference in how we treat others and strive to live with integrity. Few will have the influence that C. S. Lewis did, but we are all called to bring glory to the One who loves us and has redeemed us! Dear Lord, You have called me to be a witness for You wherever You have placed me. Every day my life is on display. Help me to live in such a way that others will want to know You and the abundant life You offer. We are Christ’s “letters of recommendation” to all who read our lives. ဖတ်ရန်: ၂ ကော ၃း၁-၁၁ ၁-ငါတို့သည် တဖန်ကိုယ် ကို ကိုယ်ချီးမွမ်းကြသလော။သို့မဟုတ် ချီးမွမ်းသောစာကို သင်တို့ထံသို့ သူတပါး ပေးစေခြင်းငှါ၎င်း၊သင်တို့သည် သူတပါးထံသို့ ပေးစေခြင်းငှါ၎င်း၊ငါတို့သည် အချို့သောသူကဲ့သို့ အလိုရှိကြသလော. ၂-သင်တို့သည် ငါတို့စိတ်နှံးလုံးပေါ်၌ ရေးထားသောစာ လူအပေါင်းတို့သိ၍ ဘတ်တက်သော ငါတို့စာပင်ဖြစ်ကြသတည်း ၃-အဘယ်သို့နည်းဟူမူကား၊ သင်တို့သည် မှင်နှင့်ရေးထားသော စာမဟုတ်။ အသက်ရှင်တော်မူသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ရေး၍၎င်း၊ ကျောက်ပြားပေါ်၌ မရေးဘဲ အသားနဲ့ပြည့်စုံသော နှလုံးပြားပေါ်၌ ရေး၍၎င်း၊ ငါတို့ပြုစုသော ခရစ်တော်၏စာ ထင်ရှားစွာ ဖြစ်ကြ၏။ ၄-ငါတို့သည် ခရစ်တော်အားဖြစ် ဘုရားသခင့်ရှေ့တော်၌ ထိုသို့သော ယုံမှတ် စွဲလမ်းခြင်းရှိ၏။ ၅-သို့ရာတွင် ငါတို့သည် ကိုယ်တန်ခိုးကို အမှီပြု၍ ကိုယ်အလိုအလျောက် တစုံတခုကို ကြံစည်ခြင်းငှါ တက်နိုင်သည်မဟုတ်။ဘုရားသခင်ကို အမှီပြု၍သာ တက်နိုင်သည်နှင့်အညီ၊- ၆-ပဋိညာဉ်တရားသစ်၏ ဆရာဖြစ်နိုင်သော အစွမ်းသတ္တိကို ဘုရားသခင်သည် ငါတို့အား ပေးတော်မူ၏။ထိုသို့ဆိုသော် ကျမ်းဟောင်းတရားကိုမဆိုလို၊ ဝိညာဉ်တော်တရားကို ဆိုလို၏။ ကျမ်းဟောင်းတရားသည် အသက်ကိုသတ်တက်၏။ ဝိညာဉ်တော်တရားမူကား ရှင်စေတက်၏။ ၇-ထိုမှတပါး ပျောက်တက်သော ရောင်ခြည်တည်းဟူသော မောရှေ၏ မျက်နှာမှ ထွက်သော ရောင်ခြည်ကြောင့်၊ က္ကသရေလအမျိုးသားတို့သည် သူ၏မျက်နှာကို စေ့စေ့မကြည့်ရှူနိုင်သည်တိုင်အောင်၊ ကျောက်ပြားပေါ်၌ အက္ခရာတင်၍ ရေးထားသော သေခြင်း၏တရားသည် ဘုန်းအာနုဘော်နှင့် ပြည့်စုံသည်မှန်လျှင်၊- ၈-ထိုမျှမက ဝိညာဉ်တော်တရားသည် ဘုန်းအာနုဘော်နှင့် အလွန်ပြည့်စုံရလိမ့်မည် မဟုတ်လော။ ၉-အပြစ်စီရင်တက်သော တရားသည် ဘုန်းအာနုဘော်ရှိလျှင်၊ ထိုမျှမက ဖြောင့် မတ် စေတက်သော တရားသည် ဘုန်းအာနုဘော်နှင့် သာ၍ကြွယ်ဝပြည့်စုံလိမ့်မည်။ ၁၀-နောက်ဖြစ်သောဘုန်းသည် အလွန်မြတ်သောကြောင့်၊ ဘုန်းရှိဘူးသောအရာသည် ဘုန်းကွယ်လျှက်ရှိ၏။ ၁၁-ပယ်ရှင်းရသောအရာသည် ဘုန်းရှိလျှင်၊ တည်နေသောအရာသည် သာ၍ ဘုန်းရှိလိမ့်မည်။ 1Are we beginning to commend ourselves again? Or do we need, like some people, letters of recommendation to you or from you? 2 You yourselves are our letter, written on our hearts, known and read by everyone. 3 You show that you are a letter from Christ, the result of our ministry, written not with ink but with the Spirit of the living God, not on tablets of stone but on tablets of human hearts. 4 Such confidence we have through Christ before God. 5 Not that we are competent in ourselves to claim anything for ourselves, but our competence comes from God. 6 He has made us competent as ministers of a new covenant—not of the letter but of the Spirit; for the letter kills, but the Spirit gives life. The Greater Glory of the New Covenant 7 Now if the ministry that brought death, which was engraved in letters on stone, came with glory, so that the Israelites could not look steadily at the face of Moses because of its glory, transitory though it was, 8 will not the ministry of the Spirit be even more glorious? 9 If the ministry that brought condemnation was glorious, how much more glorious is the ministry that brings righteousness! 10 For what was glorious has no glory now in comparison with the surpassing glory. 11 And if what was transitory came with glory, how much greater is the glory of that which lasts!
Posted on: Sat, 23 Nov 2013 08:55:28 +0000

Trending Topics



Recently Viewed Topics




© 2015