"ဦးဝီရသူ ပုံဖြင့် - TopicsExpress



          

"ဦးဝီရသူ ပုံဖြင့် မျက်နှာဖုံး ပါရှိသော TIME မဂ္ဂဇင်း၏ The Face of Buddhist Terror ဆောင်းပါးအပေါ် သုံးသပ်ချက်" ********************************************* ကျွန်တော်တို့ မြန်မာတွေရဲ့ မဟုတ်မခံဆိုတဲ့ စိတ်ဓာတ်ကိုသိလို့ TIME က stimulate လုပ်လိုက်တာလို့ ယူဆပါတယ်။ TIME မဂ္ဂဇင်းက online မီဒီယာတွေ၊ TV News Channels တွေကြောင့် အရောင်းကျနေတယ်။ ဒါကြောင့် အရောင်းမြှင့်ချင်တယ်။ အရောင်းမြင့်ချင်ရင် issue တစ်ခုကို ထူးထူးခြားခြား တင်ပြပေးဖို့လိုတယ်။ ကမ္ဘာမှာ ကြည့်လိုက်ရင် sectarian strife တွေ များနေတယ်။ ဒါပေမယ့် သူတို့ အစ္စလာမ်ကို မထိရဲဘူး။ ဟိန္ဒူကိုလည်း အကြောင်းရှာမရဘူး။ ဒါကြောင့် ဗုဒ္ဓဘာသာကို assault လုပ်လိုက်တာ။ ဦးဝီရသူပုံကတော့--ကျွန်တော်ထင်တယ်--တခြားတံဆိပ်ကပ်စရာ ဗုဒ္ဓဘာသာခေါင်းဆောင်မမြင်လို့ ဦးဝီရသူပုံကို photoshop နည်းနည်းသုံးပြီး တင်လိုက်တာလို့ ထင်ပါတယ်။ ရည်ရွယ်ချက်က အာရှမှာ ဗုဒ္ဓဘာသာဟာ အများထင်မြင်နေသလို peaceful မဟုတ်ပါဘူး လို့ရေးပြီး အဲ့ဒီအပေါ်ကို ကမ္ဘာတစ်လွှားက ဒေါသနှင့် တုံ့ပြန်တာပဲဖြစ်ဖြစ်၊ ထောက်ခံတာပဲဖြစ်ဖြစ် response လိုချင်တာပါ။ အထူးသဖြင့် မြန်မာနိုင်ငံ။ မြန်မာနိုင်ငံမှာကတော့ သူတို့ရည်ရွယ်ချက် အောင်မြင်တယ်လို့ ပြောရမယ်။ လူ့အခွင့်အရေးသမားနှင့် မျိုးချစ်သမားဆိုပြီး နှစ်ပိုင်းကွဲသွားတယ်။ ဒါပေမယ့် သူတို့ အဓိကမျှော်လင့်တဲ့ ကမ္ဘာတလွှားက စိတ်ဝင်စားမှုကတော့ မအောင်မြင်ပါဘူး။ ဆောင်းပါးမှာ အားနည်းချက်တွေရှိတယ်။ ၁။ ဦးဝီရသူက မျက်နှာဖုံးတင်ရလောက်အောင် ကြီးကျယ်တဲ့သူ မဟုတ်ဘူး။ ဆိုလိုတာက ဦးဝီရသူ တကယ်ဒီလိုရှိတယ်၊ ထင်ရှားတယ်ဆိုလို့ရှိရင် တခြား မီဒီယာများမှာလည်း --အနည်းဆုံး တစ်ပုဒ် နှစ်ပုဒ်တော့--ပါဖူးရမယ်။ ကုလားတွေရဲ့ မထင်ရှားတဲ့ blog အနည်းငယ်ကလွဲလို့ မပါဖူးဘူး။ ဒါကြောင့် ဒါဟာ လိမ်ဆင်မှန်းသိသာတယ်။ စာဖတ်သူက စိတ်မဝင်စားဘူး။ ၂။ ပုံနှင့် စာနှင့် လွဲနေတယ်။ ပုံက မြန်မာနိုင်ငံက ကမ္ဘာမှာ မထင်မရှား ကိုယ်တော်တစ်ပါး ပုံနှင့် ခေါင်းစဉ်တပ်ထားပြီး စာက ကမ္ဘာ့အထင်ရှားဆုံး ဘာသာကြီးတစ်ခုဖြစ်တဲ့ ဗုဒ္ဓဘာသာကို အပုတ်ချထားတယ်။ သက်သက်ဆွဲယူထားမှန်း သိသာတယ်။ hate speech၊ အတင်းစာ စသည်ထက် မပိုဘူး။ ပြောရရင် ဆောင်းပါးရေးသူက အဆင့်မရှိဘူး။ ၃။ ရေးတဲ့ အကြောင်းအရာ အားနည်းတဲ့အတွက် စကားလုံးတွေသာ ဖောင်းသွားတယ်။ အဓိပ္ပါယ် မပေါ်လွင်ဘူး။ exaggeration ကြီး။ အနောက်တိုင်းမှာ သတင်းဆောင်းပါးတွေကို ရေးတဲ့အခါမှာ လူသက်သေ၊ ရက်စွဲတွေနှင့်တကွ ဖြစ်စဉ်တွေကို အစီအစဉ်တကျ တင်ပြလေ့ရှိတယ်။ ကိုယ့်ထင်မြင်ချက်တွေကို မထည့်မိသလောက် ရေးလေ့ရှိပါတယ်။ ဒီဆောင်းပါးက ထင်မြင်ချက်တွေသာ လျှောက်ရေးထားတဲ့ အပေါစား ဆောင်းပါးတစ်ပုဒ်သာ ဖြစ်ပါတယ်။ နိဂုံးချုပ်ပြောရရင် ဒီဆောင်းပါးက ဗုဒ္ဓဘာသာကို ခုတုံးလုပ်ပြီး TIME က အရောင်းမြှင့်တင်ဖို့ လုပ်တဲ့ ဆောင်းပါးပါ။ အခြေအမြစ်လည်း မရှိပါဘူး။ ပြီးတော့ TIME မဂ္ဂဇင်းမှာပါတယ်ဆိုတာ BBC, Aljazeera တို့မှာ ကြီးကျယ်တာ မဟုတ်ပါဘူး။ နောက်တစ်ချက်က ကမ္ဘာကလည်း ဒီဆောင်းပါးဟာ လိမ်ဆင်ဆိုတာသိလို့ ဂရုမစိုက်ကြဘူးလို့ ပြောချင်ပါတယ်။ အဆိပ်မရှိတော့တဲ့ မြွေတစ်ကောင် ကိုက်တာကို ဂရုစိုက်မနေကြပါနဲ့တော့ဗျာ။
Posted on: Sun, 23 Jun 2013 07:30:51 +0000

Trending Topics



Recently Viewed Topics




© 2015