နိုင်ငံတော်၏ - TopicsExpress



          

နိုင်ငံတော်၏ ဂေဇက်ဝင်နေ့ကြီးတွင် ပြင်ပရောက်နေသည့် သမ္မတဦးသိန်းစိန်က မြန်မာပြည်တွင်း မွတ်စလင်နှိပ်ကွပ်ရေး ပဋိပက္ခများတွင် ၄င်းတို့အစိုးရ အပြစ်မရှိကြောင်းဆို ================================= M-Media ဇူလိုင်လ ၂၀ ရက်နေ့၊ ၂၀၁၃ ပညာရှင်နှင့် ကျွမ်းကျင်သူများ၏ စနစ်ကျသော ထောက်ပြမှုများသာမက လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ (HRW) ၏ အစီရင်ခံစာများနှင့် အမေရိ ကန်ပြည်ထောင်စု၏ USCIRF အစီရင်ခံစာ ၂၀၁၃ (စာမျက်နှာ ၂၀ မှ ၂၆ အထိ) တို့အရ မြန်မာအစိုးရ၏ မွတ်စလင်နှင့် ခရစ်ယာန်ဘာသာဝင် များအပေါ် စနစ်ကျသော နှိပ်ကွပ် ညှဉ်းဆဲမှုများ ရှိနေသော်လည်း သမ္မတဦးသိန်းစိန်က မိမိတို့အစိုးရတွင် အပြစ်မရှိကြောင်း ပြင်သစ်တီဗွီ France 24 သို့ ပြောကြားခဲ့သည်။ “အပြင်ဘက်က အချက်အလက်တွေက ဖွတာတွေ၊ သတင်းမှားတွေ၊ လူမျိုးတုန်းသတ်ဖြတ်မှုဆိုတာမျိုး လုံးဝမရှိဘူး” ဟု ဦးသိန်းစိန်က ရခိုင်ရှိ ရိုဟင်ဂျာ အရေးကို ရည်ညွှန်းပြောကြားခဲ့သေးသည်။ ထို့ပြင် ဦးသိန်းစိန်က ပြည်ပက သတင်းများသည် အပုတ်ချမှုများဖြစ်သည်ဟု ပြည်ပမီဒီယာများကို ရည်ညွှန်းကာ ပြောကြားခဲ့သေးသည်။ AFP သတင်းကမူ နယူးယောက်အခြေဆိုက် လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ (HRW) က ဧပြီလ၌ မြန်မာအစိုးရအား “လူမျိုးတုန်းသတ်ဖြတ်မှု စစ် ဆင်ရေး” ဆင်နွဲနေသည်ဟု စွပ်စွဲခဲ့ကြောင်း၊ သို့စွပ်စွဲရာ၌ HRW က အလောင်းကောင်အမြောက်အမြားနှင့် လူထောင်ပေါင်းများစွာအား အင်အား သုံး မောင်း ထုတ်ပြစ်မှုများကို သက်သေအဖြစ်တင်ပြခဲ့ကြောင်း၊ မြန်မာအစိုးရ၊ အဖွဲ့အစည်းခေါင်းဆောင်များနှင့် ဗုဒ္ဓဘာသာဘုန်းကြီးများက အဓိကရုဏ်းများ ကို ခေါင်းဆောင်ခဲ့ကြောင်း၊ ၄င်းအဓိကရုဏ်းတို့ကို အစိုးရအင်အားစုများက ထောက်ပံ့ထားကြောင်း ဖော်ပြထားသည်။ (ရည်ညွှန်း – channelnewsasia/news/asiapacific/myanmar-leader-says/750042.html) အမေရိကန်ပြည်ထောင်စု၏ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်အစီရင်ခံစာ (၂၀၁၃) တွင်လည်း မြန်မာမွတ်စလင်နှင့် ခရစ်ယာန်ဘာသာဝင် တိုင်းရင်းသားတို့၏ အဖိနှိပ်ခံ အခြေအနေမှန်များကို စနစ်တကျမီးမောင်း ထိုးထောက်ပြထားပြီး မြန်မာအစိုးရအား ဖိအားပေးထားသည်။ (ရည်ညွှန်း – uscirf.gov/images/2013%20USCIRF%20Annual%20Report%20%282%29.pdf) ဦးသိန်းစိန်ကမူ ၄င်း၏ဥရောခရီးစဉ်အတွင်း နိုင်ငံတကာအား ပဋိပက္ခထိန်းချုပ်နိုင်ပြီးဖြစ်ကြောင်းကိုသာ တွင်တွင်ပြောကြားလျက်ရှိသည်။ သို့သော် ဦးသိန်းစိန် အစိုးရက အပြောသာရှိပြီး အလုပ်မဖြစ်ကြောင်း ဝေဖန်မှုများ ဆက်တိုက် ထွက်ပေါ်နေသလို မွတ်စလင်နှင့် ခရစ်ယာန်ဘာသာဝင်များကိုသာ အပြစ်ပေး အရေးယူနေပြီး အဓိကတရားခံ ဗုဒ္ဓဘာသာဝင် အကြမ်းဖက်များကိုမူ ထိရောက်သည့် အရေးယူမှု၊ ဖိအားပေးမှုများ မရှိကြောင်း နိုင်ငံတကာ မီဒီယာများက ဆက်တိုက်ထောက်ပြလျက်ရှိသည်။ ဦးသိန်းစိန်က ၄င်းတို့အစိုးရအနေဖြင့် စုံစမ်းရေးကော်မတီများဖွဲ့စည်းဆောင်ရွက်နေသည်ဟု ပြင်သစ်တီဗွီအား ပြောကြားခဲ့သေးသည်။ ဦးသိန်းစိန် ၏ နိုင်ငံခြားခရီးစဉ်တိုင်း၌ ထူးခြားမှုများရှိနေပြီး ယခုခရီးစဉ်တွင်လည်း သက်သေမရှိသဖြင့် အရေးယူနိုင်ခြင်းမရှိပါဟု သတင်းထုတ်ပြန် ခဲ့ဖူး သည့် တောင်ကုတ်အကြမ်းဖက် လူသတ်ကောင်များကို ဖမ်းဆီးပြခြင်းမှာလည်း အလွန်တိုက်ဆိုင် ထူးခြားလျက်ရှိကြောင်း သုံးသပ်ရရှိပါသည်။ ထို့ပြင် ဦးသိန်းစိန်က နိုင်ငံရေးအကျဉ်းသားအားလုံးကို ယခုနှစ်ကုန်တွင် လွတ်လပ်စေရမည်ဟု ကတိပေးသော်လည်း ပြည်တွင်း၌မူ ဦးဘရန်ရှောင်နှင့် ဒေါ်ဘောက်ဂျာတို့အား အငြင်းပွားဖွယ် ဖမ်းဆီးခဲ့သည်။ m-mediagroup/news/16268
Posted on: Sat, 20 Jul 2013 13:43:52 +0000

Trending Topics



Recently Viewed Topics




© 2015