နိုင်ငံလုံးဆိုင်ရာ - TopicsExpress



          

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်မူကြမ်း တိုင်းရင်းသား လက်နက်ကိုင်များ အတည်ပြု လက်မှတ်ထိုးမည် လေးဝါး၊ ဇန်နဝါရီ ၂၄ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အဓိက အဖြေတစ်ခုဟု ပြောဆိုထားသည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ပြုလုပ်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စုစည်းရေးဆွဲထားသည့် အပစ်အခတ်ရပ်စဲရေး မူကြမ်းသစ်ကို ကရင်ပြည်နယ် လော်ခီးလာ (စခန်းသာ) ညီလာခံက ဇန်နဝါရီလ ၂၄ ရက်နေ့တွင် အတည်ပြုလိုက်ပြီး ယနေ့ (ဇန်နဝါရီလ ၂၅ ရက်နေ့) တွင် လက်မှတ်ထိုးမည် ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များက ပြောကြားသည်။ ဇန်နဝါရီလ ၂၀ ရက်နေ့မှစတင်၍ KNU ထိန်းချုပ်နယ်မြေ လေးဝါး စခန်းတွင် ပြုလုပ်နေသည့် ဒုတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံ (လော်ခီးလာ) ပဉ္စမနေ့တွင် အထက်ပါအတိုင်း အတည်ပြုလိုက်ခြင်း ဖြစ်ကြောင်း KNU ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန်က ပြောဆိုသည်။ “တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (Nationwide Ceasefire Accore – NCA) ကို ညီလာခံက myanmarcnn/2014/01/blog-post_854.html
Posted on: Sat, 25 Jan 2014 07:24:09 +0000

Trending Topics



Recently Viewed Topics




© 2015