ဝန်ကြီးခင်ဗျာ။ - TopicsExpress



          

ဝန်ကြီးခင်ဗျာ။ ၀န်ကြီးဒီစာကို ဖတ်ပြီး ကျွန်တော် မပြုံးဘဲ ၀ါးလုံးကွဲရယ်လိုက်မိတယ်ဗျာ။ ခွင့်လွှတ်ပါ။ (မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာနှစ်စောင်ရဲ့ စောင်ရေဟာ လျော့နည်းသွားခြင်းမရှိဘဲ ဆက်လက် တိုးတက်နေတာကို ကြည့်ရင် ပရိသတ်အနေနဲ့ အများပြည်သူဝန်ဆောင်မှုမီဒီယာ ဘက်ကိုရှေ့ရှုတဲ့ ပြုပြင်ပြောင်းလဲမှုများကို ကြိုဆိုလက်ခံနေတယ်ဆိုတာ သိသာပါတယ်) (အများ ပြည်သူဝန်ဆောင်မှုမီဒီယာမရှိသင့်ဘူးလို့ ထင်ရင် ပြည်သူတွေက သတင်းစာတစ်စောင်မှ မ၀ယ်ပဲ နေပါလိမ့်မယ်။ အဲဒီအခါကျရင် ဦးသိန်းသန်းဦးလည်း ပြောစရာမလို၊ Eleven လည်း ရေးစရာမလိုပဲ အဲဒီသတင်းစာတွေရပ်သွားပါလိမ့်မယ်။ ပြည်သူတွေက ၀ယ်ယူ ဖတ်ရှု အားပေးနေသမျှတော့ ဦးသိန်းသန်းဦး ဘာပြောပြော၊ Eleven ဘာရေးရေး အများပြည်သူ ၀န်ဆောင်မှု မီဒီယာတွေ ဆက်လက်ရှင်သန်ရပ်တည်နေမှာပါပဲ) အဲဒီစကားအတွက် ကျွန်တော်တစ်ခုပဲ အကြံပြုချင်ပါတယ်ဝန်ကြီးခင်ဗျာ။ ၀န်ကြီးတို့ရဲ့ သတင်းစာတွေအတွက် အစိုးရက အရှုံးခံပေးနေတဲ့ ပြည်သူ့ဘဏ္ဍာတွေအသုံးပြုနေတာကို ဒီနေ့ ရပ်လိုက်ရင် မနက်ဖြန် ၀န်ကြီးတို့ရဲ့ သတင်းစာတွေ လုံးဝပျောက်ကွယ်သွားပါလိမ့်မယ်။ မယုံရင်စမ်းကြည့်ပါ။ အရင်တစ်ခေါက်လွှတ်တော်ဘဏ္ဍာရေးရှင်းတမ်းမှာ ပြန်ကြားရေးဝန်ကြီးဌာန ဘယ်လောက်အရှုံးပေါ်နေလဲဆိုတာကို တင်ပြသွားတာ ကျွန်တော်မှတ်မိပါသေးတယ်။ ကျပ်ငွေ ဘီလျံ ၅၀ကျော်ပါတယ်။ ၀န်ကြီးတို့ရဲ့ သတင်းစာတွေရပ်တည်နေနိုင်တာဟာ ပြည်သူကကြိုက်လွန်းလို့မဟုတ်ဘဲ အစိုးရက အိတ်စိုက်ကျားကန်ပေးထားလို့ဆိုတာကို ၀န်ကြီးတကယ်မသိဘူးဆိုတာတော့ မဖြစ်နိုင်လောက်ပါဘူးဗျာ။ ၀န်ကြီးတို့ရဲ့ သတင်းစာဆိုတာကလည်း ဘာအတွက် သက်သက်ပဲဖတ်ကြတာလည်းဆိုတာကို ကွန်မင့်တွေဖတ်ကြည့်ရင်သိနိုင်ပါတယ်။
Posted on: Sat, 26 Oct 2013 05:46:08 +0000

Trending Topics



Recently Viewed Topics




© 2015