“ ၁၅၀၀ တန်ဖုန်း အင်တာနက် - TopicsExpress



          

“ ၁၅၀၀ တန်ဖုန်း အင်တာနက် မိုဘိုင်းဖုန်းဆိုင်များတွင် လာရောက်လျှောက်ထားသူ နည်းပါး ” ၁၅၀၀ တန်ဖုန်းများအတွက် အင်တာနက် ၀န်ဆောင်မှုပေးရခြင်း နည်းပါးကြောင်း မိုဘိုင်းဖုန်းအရောင်းဆိုင်များမှ သိရသည်။ ယခင် ၅ သိန်းတန် CDMA ဖုန်းများ အင်တာနက် လျှောက်ထား မှုနှင့် နှိုင်းယှဉ်ပါက လွန်စွာနည်းပါးကြောင်း လူကြီးမင်းမိုဘိုင်းဖုန်းဆိုင်မှ တာဝန်ရှိသူက ပြောသည်။ အဆိုပါ ၁၅၀၀ တန် တန်ဖိုးနည်း CDMA ဖုန်းများ အင်တာနက် လျှောက် ထားမှု နည်းပါးခြင်းမှာ ဖုန်းပြောဆိုနိုင်ရန်ကိုသာ အဓိက ထားသည့် ၀ယ်သူများနှင့် အနိမ့်ပိုင်း ခလုတ်ဖုန်း များသာ ၀ယ်ယူသူ များပြား ခြင်းကြောင့် လည်း ဖြစ်နိုင်ကြောင်း မိုဘိုင်းဖုန်းအရောင်းဆိုင်များက သုံးသပ်သည်။ MEC Tel တံဆိပ်ပါ ၁၅၀၀ တန် တန်ဖိုးနည်းဖုန်းများကို ၂၀၁၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် စတင်ရောင်းချခဲ့ပြီး မေလ အထိ သုံးစွဲသူ ( ၃၄၄,၀၂၂ ) ထိ ရှိပြီး ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသတင်း ထုတ်ပြန်ချက်အရသိရသည်။ Popular Myanmar News Journal ရန်ကုန် ဇွန် ၂၅
Posted on: Tue, 25 Jun 2013 15:41:56 +0000

Trending Topics



Recently Viewed Topics




© 2015