> ၂၀၁၂ခုနှစ်၊ - TopicsExpress



          

> ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ၊ (၂၁)ရက်နေ့တွင် မြန်မာနိုင်ငံသို့ ခေတ္တပြန်လည်ရောက်ရှိလာကြသော ဥက္ကဋ္ဌ ကိုသံခဲဦးဆောင်သည့် ABSDF အဖွဲ့နှင့် အထွေထွေအတွင်းရေးမှူး ကိုငွေလင်းဦးဆောင်သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့မှ ကိုယ်စားလှယ်များ၊ မင်းကိုနိုင် ဦးဆောင်သော ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့ တွေ့ဆုံကြရာမှ နိုင်ငံတကာနှင့် နယ်ပယ်အသီးသီးတွင် ပြန့်ကျဲ နေသော ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အင်အားစုများ၏ နိုင်ငံရေးဆွေးနွေးညှိနှိုင်းပွဲတစ်ရပ် ကျင်းပရန်၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပိုမိုကျယ်ပြန့်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတစ်ရပ်ကျင်းပရန် ပထမအကြိမ် စတင်ဆွေးနွေး ဖြစ်ခဲ့ကြသည်။ ထို့နောက် ၂၀၁၃ခုနှစ်၊ မေလ၊ (၂၃)ရက်နေ့တွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)ရုံး၌ အဆိုပါ (၃)ဖွဲ့တို့ ဒုတိယအကြိမ် ထပ်မံတွေ့ဆုံခဲ့ကြပြီး အနာဂတ်မြန်မာနိုင်ငံတော်၏ ငြိမ်းချမ်းရေးနှင့် စစ်မှန်သော အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် ပြည်တွင်း၊ ပြည်ပမှ တိုင်းရင်းသား ညီအစ်ကို၊ မောင်နှမများ၊ ဒီမိုကရေစီ အင်အားစုများ အားလုံး စုစည်းညီညွတ်စွာဖြင့် ၂၀၁၃ခုနှစ်၊ သြဂုတ်လ(၈)ရက်တွင် ကျရောက်မည့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အခမ်းအနားတွင် တွေ့ဆုံဆွေးနွေးနိုင်ရေး စီစဉ်ဆောင်ရွက်ကြရန်နှင့် အဆိုပါ အခမ်းအနားကြီးတွင် ပြည်တွင်းပြည်ပမှ ရှစ်လေးလုံး ဒီမိုကရေစီ မျိုးဆက်များ၊ တိုင်းရင်းသားညီအစ်ကို၊ မောင်နှမ၊ အဖွဲ့အစည်းများအားလုံး၊ နိုင်ငံရေးအနှစ်သာရပြည့်ဝစွာ၊ စုစည်းညီညွတ်စွာ ဖြင့် ပူးပေါင်းပါဝင် ဆက်သွယ် ဆောင်ရွက်ကြပါရန် ဖိတ်ခေါ်ပန်ကြားခဲ့သည်။ ထိုမှတဆင့် ၂၀၁၃ခုနှစ်၊ မေလ၊၂၈ရက်နေ့တွင် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနား ကျင်းပရေး စုံညီ အကြိုညှိနိုင်းအစည်းအဝေးကို ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ရုံး၌ ကျင်းပရာ (၁) နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့၊ (၂) ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ (၃) ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ (၄) တ.က.သ အဆောက်အဦ ပြန်လည်တည်ဆောက်ရေးအဖွဲ့၊ (၅) လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ (၆) တက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ (၇) အင်ဂျင်နီယာ ကွန်ယက်၊ (၈) လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ပြည်တွင်း)၊ (၉) ဇွန်လူပ်ရှားမူအဖွဲ့၊ (၁၀) မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံး၊ (၁၁) မေတ္တာကမ်ပိန်း၊ (၁၂) 88 RC2 Union, (၁၃) Generation Wave, (၁၄) မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ (၁၅) 141 Plus, (၁၆) Myanmar Institute for Democracy(MID)၊ (၁၇) ၁၉၇၄၊ ၇၅၊ ၇၆ အင်အားစုများ၊ (၁၈) နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်၊ (၁၉) Civil Society of Myanmar၊, (၂၀) ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) နှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်များအပါအ၀င် စုစုပေါင်း ၆၀ ယောက်ကျော် တက်ရောက်ခဲ့ကြသည်။ အဆိုပါအကြို ညှိနိုင်း အစည်းအဝေးတွင် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနား ကျင်းပရေးကော်မတီအား ၁၉၈၈ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီးမှ အစပြု၍ မြန်မာနိုင်ငံဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် နိုင်ငံတည်ဆောက်ရေးတို့တွင် ယနေ့အထိ တက်ကြွစွာ ပါဝင်ခဲ့ကြသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအားလုံး ကျယ်ပြန့်စွာ ပါဝင်သော ငွေရတုအခမ်းအနား ကျင်းပရေးကော်မတီအား ယာယီ ဖွဲ့စည်းခဲ့ကြသည်။ ထို့နောက် ၂၀၁၃ခုနှစ်၊ သြဂုတ်လ၊ ၈ ရက်နေ့တွင် ကျရောက်သော ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ၏ ၂၅နှစ်ပြည့် ငွေရတု အခမ်းအနားကြီးအား နိုင်ငံရေးအနှစ်သာရ ပြည်ဝစွာ ကျန်းပနိုင်ရန် “ ရှစ်လေးလုံးငွေရတုမှသည် မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် စစ်မှန်သော အမျိုးသားပြန်လည်သင်မြတ်ရေးဆီသို့ ” ဦးတည်ရည်မှန်း၍ သြဂုတ်လ ၆/ ၇/ ၈ ရက်နေ့များတွင် ကျင်းပမည့် ငွေရတု အခမ်းအနားနှင့် တွေ့ဆုံဆွေးနွေးပွဲများကို အောက်ပါ အကြောင်းအရာ(၆)ခုဖြင့် စာတမ်းများ တင်သွင်းဆွေးနွေးကြရန် မူဝါဒချမှတ် ခဲ့ကြသည်။ (၁) အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (၂) လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဖြစ်ပေါ်တိုးတက်မူ (၃) အနာဂတ်ပြည်ထောင်စု (၄) စစ်မှန်သောအမျိုးသား ပြန်လည်သင့်မြတ်ရေး (၅) နိုင်ငံတော်တည်ဆောက်ရေးနှင့် ရှစ်လေးလုံး ဒီမိုကရေစီ အင်အားစုများ၏ အခန်းကဏ္ဍ (၆) တိုင်းပြည်ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ထိုအကြောင်းအရာများကို ငွေရတုအခမ်းအနားကျင်းပမည့် ၃ရက်အတွင်း စနစ်တကျ ဆွေးနွေးနိုင်ရန် အတွက် ပင်မ အစည်းအဝေးကြီးနှင့် တွဲဖက်အစည်းအဝေးများကို ပြုလုပ် သွားရန်ဖြစ်ပါသည်။ ဖော်ပြပါ အကြောင်းအရာ ၆ခုကို တွဲဖက်အစည်းအဝေး ၆ခုဖြစ်လည်းကောင်း၊ ထိုတွဲဖက်အစည်းအဝေးများမှ ဆွေးနွေး ရရှိချက်များကို ပင်မအစည်းအဝေးကြီးမှ အတည်ပြုသွားရန်ဖြစ်ပါသည်။ အထက်ဖော်ပြပါ ခေါင်းစဉ်များဖြင့် တင်သွင်းလိုသည့် စာတမ်းများရှိပါက ဇူလိုင်လ ၁၀ရက် ထက်နောက်မကျစေဘဲ ပေးပို့ပါရန် အဆိုပါ အစည်းအဝေးမှ အဆိုပြုခဲ့ကြပါသည်။ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနား ကျင်းပရေး ဒုတိယအကြိမ် အဖွဲ့ပေါင်းစုံ အစည်းအဝေးကို မေလ၊ ၃၀ ရက် မွန်းလွဲ ၂း၀၀ နာရီမှ ညနေ ၄း၀၀နာရီထိ ရန်ကုန်မြို့ရှိ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)ရုံး၌ ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် တက်ရောက်သူများက ငွေရတုအခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီအား ၁၅ဦးဖြင့် စတင်ဖွဲ့စည်း၍ လိုအပ်လျှင် တိုးချဲ့ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့အပြင် အခမ်းအနားဖြစ်မြောက်ရေး ဆပ်ကော်မတီ (၁၀)ခုအား အောက်ပါအတိုင်း ဖွဲ့စည်းခဲ့ကြသည်။ (၁) ဖိတ်ကြားရေး ဆပ်ကော်မတီ (၂) သတင်းနှင့် ပြန်ကြားရေး ဆပ်ကော်မတီ (၃) ဧည့်ခံကြိုဆိုရေးနှင့် နေရာချထားရေး ဆပ်ကော်မတီ (၄) လုံခြုံရေးနှင့် စည်းကမ်းထိမ်းသိမ်းရေး ဆပ်ကော်မတီ (၅) အခမ်းအနား ပြင်ဆင်ရေး ဆပ်ကော်မတီ (၆) ရန်ပုံငွေ ရှာဖွေရေးနှင့် ဘဏ္ဍာရေး ဆပ်ကော်မတီ (၇) အခမ်းအနားအစီအစဉ် ဖော်ဆောင်ရေး ဆပ်ကော်မတီ (၈) နိုင်ငံတကာဆက်ဆံရေး ဆပ်ကော်မတီ (၉) မှတ်တမ်း၊ ပြခန်းနှင့် သုတေသန ဆပ်ကော်မတီ (၁၀) ငွေရတုအထိမ်းအမှတ် ပုံနှိပ်ထုတ်ဝေရေး ဆပ်ကော်မတီ (၂၅)နှစ်တာ ကာလကိုဖြတ်သန်းခဲ့ပြီး ငွေရတုသို့တိုင်ခဲ့လေပြီ။ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးတွင် နေရာဒေသ အသီးသီး၊ ကဏ္ဍ အသီးသီးတွင် ပုံသဏ္ဍန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားခဲ့ကြသည့် ညီအစ်ကို မောင်နှမအပေါင်းတို့သည် ယနေ့အချိန်ထိ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် တည်ဆောက်လိုသည့် ရှစ်လေးလုံး ဒီမိုကရေစီရေးစိတ်ဓါတ်တို့ ရှင်သန်ဆဲပင်။ မျက်မှောက် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် စစ်မှန်သောအမျိုးသားပြန်လည်သင့်မြတ်ရေးတို့ တည်ဆောက်နိုင်ရေးအတွက် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအခမ်းအနားကြီးကို တိုင်းရင်းသားညီအစ်ကို၊ မောင်နှမများအားလုံး စုစည်းညီညွတ်မှုဖြင့် အောင်မြင်စွာ ဆင်နွှဲ ကျင်းပနိုင်ရေးပင် ဖြစ်ပေတော့သည်။ ။ An initiative meeting of discussion amongst the mission of ABSDF led by Ko Than Khei during their short visit back home, representatives of DPNS led by Ko Ngwe Lin and 88 generation (Peace and Open Society) led by Min Ko Naing on 21 December 2012 was held together very first time in Yangon. They all presumed that with the forces of 88 generation activists who are now spreading around the world, working in various different sectors, a general convention has to be commemorated for peace restoration process against civil war and national reconciliation as a nationwide political dialogue platform. Then as the second time meeting, on 23 May 2013, these three groups met again together at 88 generation (Peace and Open Society) office in Yangon. In this time, they all made a joint offering to all nationalities of Myanmar and Myanma democratic forces home and abroad as 8888 Silver Jubilee ceremony should be commemorated coming 8th August 2013. The preparation meeting for celebrating 8888 Silver Jubilee was commenced on 28 May at 88 generation (Peace and Open Society) office in Yangon. Representatives from 20 organizations and groups such as (1) Former Political Prisoners group (2) All Burma Student Union (3) League of all student unions (4) Student Union of Yangon University reconstruction committee (5) DPNS (6) University Student Union (7) Engineer Network (8) DPNS (home) (9) June Activists group (10) Myanmar Youth Organization (11) Metta Campaign (12) 88 RC2 Union (13) Generation Wave (14) ABSDF (15) 141 Plus (16) Myanmar Institute for Democracy (MID) (17) The forces from 1974/75/76 (18) League of political prisoners (19) Civil Society of Myanmar (20) 88 generation (Peace and Open Society) and many individuals from different sectors , altogether more than 60 persons attended the meeting. Then a working committee (Temporary) formed with 20 prominent activists from the different organizations and individuals was approved for further action to be taken to accelerate and initiate commencing a grand convention of 8888 Silver Jubilee. This meeting also was able to make some guidelines, agendas and policy for Silver Jubilee to be more meaningful and effective. The grand Silver Jubilee Convention will be commenced on 6, 7 and 8 August of 2013 as a three days long grand meeting with sub-discussion groups with specialize agenda. And altogether 6 agendas for the sub-discussions were approved such as 1. Ceasefire and Peace Process of Myanmar 2. Human right and progressive democratic reform 3. Future Union 4. True National Reconciliation 5. The duties of 88 democratic movement activists in State building 6. Nation development and restoration Alongside with main thematic meeting, there will be six different sub-discussion groups meetings will also be held at the same time within 6, 7 and 8 of August 2013. The result and conclusion of those sub-discussion groups will be read out and presented in main thematic meeting and thematic grand meeting will make approval after discussion amongst all attendees and with their will. If so, whoever wants to propose their own paper to be discussed in sub-discussion group meeting regarding above mentioned six agenda, they have to send it working committee not later than 10 of July 2013, by the decision of preparation meeting. In order to accelerate the momentum, the second preparation meeting was held again on 30 May evening 4 PM with representatives and individuals together with temporary working committee members at 88 generation (Peace and Open Society) office in Yangon again. In this meeting, the working committee was reformed with 15 members and also ten sub committees were formed as follow. (1) Invitation (2) Information (3) Hosting and accommodation (4) Security and measure (5) Ceremony preparation (6) Finance and fund raising (7) Protocol and preparation for MC activities (8) International relation (9) Archives, Display and Research (10) Silver Jubilee document Printing Even after making a breakthrough 25 years ago against dictatorship, 88 era comrades in arms, as brother and sisters are still active to take part in democratic reform process and state building process so far with the flame of 88 inspirations. Therefore, all are sincerely encouraged as by the unity of 88 comrade brothers and sisters and new blood generation, this Silver Jubilee grand ceremony will have to be commemorated successfully with all participation into current priority causes of the nation, Peace and True National Reconciliation.
Posted on: Thu, 27 Jun 2013 05:20:24 +0000

Trending Topics



Recently Viewed Topics




© 2015