၂၀၁၃ ခုနှစ်အတွက် - TopicsExpress



          

၂၀၁၃ ခုနှစ်အတွက် ကျွန်းနှင့်အခြား သစ်မာများ ထုတ်လုပ်မှုအား ကုဗမီတာ ၀ ဒသမ ၈၅၈၇၈ သန်းအထိ လျာထား တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ၂၀၁၃ ခုနှစ်အတွက် ကျွန်းနှင့် အခြားသစ်မာများ ထုတ်လုပ်မှု စုစုပေါင်း ကုဗမီတာ ၀ ဒသမ ၈၅၈၇၈ သန်းအထိ လျာထားကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ သိရသည်။ 'သစ်တောဦးစီးဌာန အနေနဲ့ စီးပွားဖြစ် စိုက်ခင်းတွေကို ပြန်လည်တန်ဖိုးမြင့်တဲ့ အစီအစဉ် Enrichment Planning ကို လုပ်ဆောင်နေပါတယ်။ သစ်ပင်ခုတ်လို့ ဖြစ်ပေါ်တဲ့ မြေကွက်လပ်ကို အပင်ပြန်စိုက်ပြီးတော့ တန်ဖိုးမြင့်အောင် လုပ်ဆောင်တာ ဖြစ်ပါတယ်' ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ လက်ရှိသစ်တော ဖုံးလွှမ်းမှု အခြေအနေမှာ ၂၀၁၀ ပြည့်နှစ်၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် ပူးပေါင်းဆန်းစစ် တွက်ချက်မှုအရ နိုင်ငံဧရိယာ၏ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ ၁၉၇၅ ခုနှစ်တွင် ထူထပ်သစ်တော ဟက်တာဧက ၃၀၃၂၂ နှင့် ၂၀၀၆ တွင် ဟက်တာဧက ၁၇၄၆၈ ဒသမ ၅၈ သာကျန်ရှိပြီး ၁၉၇၅ ခုနှစ်တွင် ရွက်အုပ်ပွင့် သစ်တော ၁၀၈၇၃ ဒသမ ၆ ဟက်တာဧက ရှိခဲ့သော်လည်း ၂၀၀၆ ခုနှစ်တွင် ၁၅၅၄၂ ဒသမ ၅၆ ဟက်တာဧကသာ ရှိတော့ကြောင်း တစ်ကမ္ဘာလုံးဆိုင်ရာ သစ်တောအရင်းအမြစ် အကဲဖြတ်ရေး အဖွဲ့၏ ၂၀၁၀ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ပျဉ်းကတိုး၊ ကျွန်း၊ အင်၊ ကညင် စသည့် သစ်မာထုတ်လုပ် မှုများသည် ၁၉၉၀ ခုနှစ်တွင် ကုဗမီတာ ၁၃၄၀ ဒသမ ၀၅ သန်း၊ ၂၀၀၀ ပြည့်နှစ်တွင် ကုဗမီတာ ၅၅၉ ဒသမ ၆၂ သန်းရှိခဲ့ကြောင်း သိရသည်။ 'တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သစ်တော ဖုံးလွှမ်းမှုက ၂၄ ရာခိုင်နှုန်းပဲ ရှိတော့တယ် ဆိုတာကို လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်က တင်ပြထားပေမယ့် အစိုးရက လက်မခံသေးဘူး၊ ပိုက်ဆံအကုန်အကျခံပြီး မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့တောတွေကို Remote Scanning သုံးပြီး ဓာတ်ပုံရိုက်ပြီးတော့ တွေရှိတဲ့နေရာတွေကို ပြန်တွက်မယ်၊ အစိမ်းရောင်ရှိတဲ့ နေရာတိုင်းတော့ မဟုတ်ဘူး၊ ဓာတ်ပုံမှာ မြက်တွေ ၀ါးတွေရှိတဲ့ နေရာတွေကလည်း အစိမ်းရောင်ပဲ ပေါ်မှာပဲ၊ တကယ့် တောနေရာကိုပဲ ဆန်းစစ်ပြီး ရာခိုင်နှုန်း တွက်စေချင်ပါတယ်' ဟု သစ်တောပညာရှင် ဦးအုန်းက ပြောကြားသည်။ Reposted by pyae phyo Credit to eleven media facebook/MMcities
Posted on: Tue, 27 Aug 2013 01:14:57 +0000

Trending Topics



Recently Viewed Topics




© 2015