၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ - TopicsExpress



          

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် ¬¬¬¬¬¬¬¬¬¬¬¬ အကြောင်းအရာ ။ ။ မြန်မာအန်ဂျီအိုနှင့် စီဘီအိုများ အစည်းအဝေး ဖိတ်ကြားခြင်း။ လူကြီးမင်းရှင့် - မြန်မာအန်ဂျီအိုနှင့် စီဘီအိုများ၏ နှစ်ပတ်တစ်ကြိမ် ပုံမှန်အစည်းအဝေးကို ၂၀၁၄ခုနှစ် ဇန်နဝါရီလ ၂၁ ရက်၊ အင်္ဂါနေ့တွင် ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့(LRC) အစည်းအဝေးခန်းမတွင် ကျင်းပမည် ဖြစ်ပါသည်။ လူကြီးမင်းတို့ အဖွဲ့အစည်းမှ အသိပေးတင်ပြလိုသည်များရှိပါက ကြိုတင်အကြောင်းကြားပေးလျှင် အစည်းအဝေးအစီအစဉ်တွင် ထည့်သွင်းပေးမည်ဖြစ်ကြောင်း အသိပေးဖိတ်ခေါ်လိုပါသည်။ အစည်းအဝေးကျင်းပမည့်နေ့ - ၂၁-၁-၂၀၁၄ (အင်္ဂါနေ့) အစည်းအဝေး ကျင်းပမည့်နေရာ - ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ (Local Resource Centre) ဆော်လမွန် စီးပွားရေး စင်တာ၊ တတိယထပ်၊ ဦးဝိစာရလမ်းနှင့် ဓမ္မစေတီလမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။ အစည်းအဝေး ကျင်းပမည့်အချိန် - နံနက် ၁၀:၀၀ နာရီ မှ ၁၂:၀၀ နာရီ အထိ လေးစားစွာဖြင့် - ကေခိုင်ဦး (၀၉ ၄၅၀၀၀ ၃၀၄၂၊ ၅၀၁၃၇၉) From Mail
Posted on: Mon, 20 Jan 2014 08:19:34 +0000

Trending Topics



Recently Viewed Topics




© 2015