၄၁။ Same identical - တစ်ခုတည်း - TopicsExpress



          

၄၁။ Same identical - တစ်ခုတည်း ထပ်တူ၊ လုံးဝတူ Identical သုံးရင် same သုံးစရာ မလိုတော့ဘူး။ ၄၂။ Since the time when - သောအချိန်မှစ၍ Since တစ်လုံးတည်းနဲ့ လုံလောက်နေပါပြီ၊ the time when ထည့်ဖို့ မလိုပါ။ ၄၃။ Spell out in detail - အသေးစိတ်ဖော်ပြ Spell out ဆိုတာ အသေးစိတ်ဖော်ပြတာဖြစ်ပါတယ်။ ကလည်း in detail အသေးစိတ်လို့ ဆိုလိုပါတယ်။ ဒါကြောင့် in detail ထည့်စရာ မလိုတော့ဘူး။ ၄၄။ Still remains - ရှိနေသေး ရှိနေသေးတဲ့အဓိပ္ပာယ်က remains နဲ့တင် လုံလောက်ပါတယ်။ still က ပိုနေပါတယ်။ ၄၅။ Suddenly exploded - ရုတ်တရက်ပေါက်ကွဲ ပေါက်ကွဲတယ်ဆိုတာ အကြာကြီးပေါက်ကွဲနေလို့ မရပါဘူး။ ၀ုန်းကနဲ ပြီးသွားတဲ့ ကိစ္စမျိုးမို့ suddenly မလိုပါဘူး။ ၄၆။ Therapeutic treatment - ရောဂါကုသခြင်း Treatment လည်း ကုတာဘဲ၊ therapeutic လည်း ကုတာဘဲမို့ therapeutic မလိုပါ။ ၄၇။ Unexpected surprise - မမျှော်လင့်သော အံ့အားသင့်ခြင်း မျှော်လင့်ထားမှတော့ အံ့အားသင့်စရာ မဟုတ်တော့ဘူး။ ဒါကြောင့် unexpected ပိုနေတယ်။ ၄၈။ Unintended mistake - မရည်ရွယ်သောအမှား အမှားဆိုတာ အမှုမဲ့အမှတ်မဲ့ လုပ်မိတာပါ။ မရည်ရွယ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပါပြီးသားမို့ unintended မလိုအပ်ပါ။ ၄၉။ Usual custom - ပုံမှန်ဓလေ့ ဓလေ့ထုံးတမ်းဆိုတာ ပုံမှန် ထပ်ခါတလဲလဲ ပြုလုပ် ကျင်းပ လိုက်နာ တာမျိုးကို ဆိုတယ်၊ usual ပါစရာ မလိုဘူး။ ၅၀။ Written down - ချရေးထား ရေးထားရင် ပြီးတာပါဘဲ၊ ချရေးတယ်လို့down ထည့်စရာ မလိုပါဘူး။ Read more: ရှောင်ရမယ့် စကားအသုံးအနှုန်း ၅၀ - အပိုင်း ၅ - Myanmar Network myanmar-network.net/forum/topics/3423487:Topic:751242#ixzz2ZdqHLXp3
Posted on: Sun, 21 Jul 2013 02:49:03 +0000

Trending Topics



Recently Viewed Topics




© 2015