၈လပိုင်း ၇ရက်နေ. BarCamp TU Thanlyin - TopicsExpress



          

၈လပိုင်း ၇ရက်နေ. BarCamp TU Thanlyin 2013 Live Events Production Topic ဆွေးနွေးပါမည်။ Local BarCamp တိုင်းမှာဆွေးနွေးနေကြဖြစ်တဲ့အကြောင်းအရာများဖြစ်သော Live Editing LED Back Drop Display Creation Digital Mapping Projection Broadcasting စသောအကြောင်းအရာများနှင့်ပတ်သက်ပြီးဆွေးနွေးမည်ဖြစ်ပြီး အသစ်လေ့လာတွေ.ရှိသောနည်းပညာများဖြစ်သော Flag LED, Cloud Projection System, Hologram Projection System စသည့်နည်းပညာများ၊ Calculation တွက်ချက်ပုံများ, Cube to External Hard Disk and Cloud Server စသည့်နည်းပညာများကိုလည်းထည့်သွင်းဆွေးနွေးသွားပါမည်။ ယခုခေတ်တွင် အနုပညာသည် အိမ်ထောင်ဦးစီး အမျိုးသားဖြစ်သည်ဆိုပါက နည်းပညာသည် ထိုအိမ်ထောင်ဦးစီးအမျိုးသားနှင့်ရှေ့သွားနောက်လိုက်ညီစွာဒုတိယနေရာမှလိုက်ပါလာသောကြောင့် စဉ်ဆက်မပြတ်လေ့လာနေသင့်ပါသည်။ Events Production တွင်မီဒီယာအနုပညာဖန်တီးတင်ဆက်မှု.တွင် နိုင်ငံတစ်ကာတွင် အဆင့်မြင့်နည်းပညာများကို အမြဲတိုင်းတစ်ဆင့်ထက်တစ်ဆင့် ပိုမိုကောင်းမွန်အောင်အသုံးပြုဖန်တီးလျက်ရှိပါသည်။ ယခုနောက်ပိုင်းတွင် Cloud Computing နည်းပညာကိုအသုံးပြုပြီး တိုက်ရိုက် လွှင့်ထုတ်ခြင်း၊ ရိုက်ကူးတည်းဖြတ်ခြင်း၊ ရိုက်ကဒ်အကြမ်းများကို Cube တစ်ဆင့်ခံပြီး Cloud Computing နည်းပညာဖြင့်ကြိုးမဲ့စနစ်ဖြင့် Server များစီသို.တိုက်ရိုက်ပို.လွှတ်ခြင်းစသည်ဖြင့် အံသြစရာကောင်းအောင်ပြုလုပ်ဖန်တီးလာကြပါသည်။ ထို.ကြောင့် Live Events Production ကိုမည်သို.ဖန်တီးပြုလုပ်သည်ကို ဆွေးနွေးမည်ဖြစ်ပါသောကြောင့်မည်သူမဆိုဝင်ရောက်ဆွေးနွေးလေ့လာဖို.ဖိတ်ခေါ်ပါသည်။
Posted on: Sat, 27 Jul 2013 13:53:50 +0000

Trending Topics



Recently Viewed Topics




© 2015