= = = အရှေ့တောင်အာရှဒေသ - TopicsExpress



          

= = = အရှေ့တောင်အာရှဒေသ အယ်ကေဒါကွန်ယက် (ဒေါက်တာ ရိုဟန် ဂုဏ ရတန) = = = (KMS ဘာသာပြန်) အပိုင်း - ၄ Al Qaeda’s Network in Southeast Asia by Dr. Rohan Gunaratna = အယ်လ်ကေဒါအဖွဲ့တွင် အစ္စလာမ်တိုင်းပြည်များ ထူထောင်ရန် သံဓိဌာန် ရှိ၏ = အယ်ကေဒါအဖွဲ့မှာ သံဓိဌာန်တစ်ခု ရှိပါတယ်။ မူစလင်တွေ နေတဲ့ နေရာတိုင်းမှာ အစ္စလာမ် တိုင်းပြည် ထူထောင်မယ်ဆိုတဲ့ သံဓိဌာန်ပါ။ နောက်ပြီးတော့ကာ - ဒါဟာပဲ အရှေ့တောင်အာရှဒေသမှာ ရှိတဲ့ အုပ်စုတွေရဲ့ သံဓိဌာန်လည်း ဖြစ်တယ်လို့ အကြောင်းကြောင်းကို ထောက်ရှုပြီး ပြောနိုင်ပါတယ်။ အရှေ့တောင်အာရှ ဒေသက အုပ်စုတွေကို အယ်ကေဒါအဖွဲ့က အကြီးမားဆုံးပြုခဲ့တဲ့ ကျေးဇူးဟာ သူတို့ရဲ့ ဒေသဆိုင်ရာ ဂျီဟတ် စစ်ဆင်ရေးကို တိုက်ခိုက်ရုံသာမဟုတ်ဘဲ ကမ္ဘာ့အဆင့်မှာပါ တိုက်ခိုက်ရမယ်ဆိုတဲ့ အချက်ပါပဲ။ အမေရိကန်ပြည်ထောင်စုကို ပစ်မှတ်ထားဖို့အတွက်၊ အမေရိကန်ပြည်ထောင်စုရဲ့ မိတ်ဆွေတွေ၊ မဟာမိတ်တွေကို ပစ်မှတ်ထားဖို့အတွက် အယ်လ်ကေဒါအဖွဲ့ဟာ ဒီအရှေ့တောင် အာရှဒေသက အုပ်စုတွေကို သူတို့ ဆန့်ကျင်ဘက် ပြုတဲ့ အစိုးရတွေကိုချည်း ပစ်မှတ်ထားလို့ မရဘူး၊ သူတို့ အချိန်အကြာကြီးတိုက်နေခဲ့တဲ့ အစိုးရတွေကိုသာမက အမေရိကန်ပြည်ထောင်စုကိုပါ အမဲလိုက်သလို လိုက်ရမယ် ဆိုပြီးတော့ နည်းအမျိုးမျိုးနဲ့ ဦးနှောဏ်ဆေးပစ်ခဲ့ပါတယ်။ အိုစမာ ဘင်လာဒင်ဟာ စံနမူနာပြ ဖြစ်ခဲ့ပါတယ်။ သူက အင်တာဗျူးတစ်ခုမှာ ပြောဖူးတယ် - “အမေရိကန် ပြည်ထောင်စုဟာ အဆိပ်ပြင်းတဲ့ မြွေရဲ့ ခေါင်းပဲ။ အစ္စလာမ် အုပ်စိုးသူ အတုတွေကို၊ ခြစားပျက်စီးနေတဲ့ အစ္စလာမ် အစိုးရတွေကို တိုက်ရမယ့်အပြင် အဝေးမှာ ရှိနေတဲ့ ရန်သူကိုလည်း ပစ်မှတ်ထားဖို့ အရေးကြီးတယ်။ ဒါဟာ ဒီ ပျက်စီးနေတဲ့ အစိုးရတွေ၊ မူစလင် အုပ်စိုးသူ အတုတွေကို အကာအကွယ်ပေးနေတဲ့ အမေရိကန်ပြည်ထောင်စုပဲ။” ဒီစကားတွေဟာ အယ်လ်ကေဒါအဖွဲ့ရဲ့ စကားလုံးတွေပါပဲ။ ဒါဟာ အယ်လ်ကေဒါအဖွဲ့က ဂျော်ဒန်၊ အီဂျစ်နဲ့ ဆော်ဒီ အာရေဗျစတဲ့ ပစ်မှတ်ဖြစ်တဲ့ နိုင်ငံတွေကနေ ရွှေ့ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်၊ အရှေ့ အာဖရိကမှာ ရှိတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ အကျိုးစီးပွားတွေကို ပစ်မှတ်ထားလာတဲ့အချိန်(၁၉၉၈)ခုနှစ် သြဂုတ်လမှာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ (၂၀၀၀)ခုနှစ် အောက်တိုဘာလမှာ ယူအက်စ်အက်စ်ကိုးလ် စစ်သင်္ဘော အတိုက်ခံရပြီး အဲဒီနောက်မှာ ၉/၁၁ ဖြစ်တော့တာပါပဲ။ အရှေ့တောင်အာရှဒေသက အုပ်စုတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ မြင်ရတာကတော့ ဂျေအိုင်လို့ ခေါ်တဲ့ ဂျာမား အစ္စလာမီးယားဟာ အယ်လ်ကေဒါနဲ့ အနီးကပ်ဆုံး အုပ်စုဖြစ်ပါတယ်။ သိသာတဲ့ အချက်တစ်ခုက - ဂျာမား အစ္စလာမီးယားရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းဟာ အဗဒူ အက်ဇ်ဇမ်ရေးတဲ့ အယ်လ်ကေဒါအဖွဲ့ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းကနေ တိုက်ရိုက် အပိုဒ်လိုက် ယူထားတာကို အင်မတန်မှ ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။ အယ်လ်ကေဒါဟာ ရှေ့ဆောင်ဦးရွက်ပြုသူ ဆိုတဲ့ အတွေးအခေါ်ဟာ ၊ ရှေ့ကလမ်းပြနေတဲ့ ရှေ့ဆောင်ဦးရွက်ပြုသူ အယ်ကေဒါ ဆိုတာဟာ အမေရိကန်ပြည်ထောင်စုရယ်၊ မဟာမိတ်တွေ၊ မိတ်ဆွေတွေကို တိုက်ခိုက်မယ့် ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ် လှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့တဲ့ လှံဖျားထိပ်ပါပဲ။
Posted on: Thu, 11 Jul 2013 15:40:32 +0000

Trending Topics



class="sttext" style="margin-left:0px; min-height:30px;"> Several people commented last week that Space II was their
Well, turning 30 hasnt been too bad........ Ive had the best

Recently Viewed Topics




© 2015