2885 နိုင်ငံပေါင်း ၂၁၀ - TopicsExpress



          

2885 နိုင်ငံပေါင်း ၂၁၀ ကျော်တွင် ငွေပေးချေနိုင်သော EASI Travel Master Card ကို သမ၀ါယမဘဏ်က စတင်ထုတ်ဝေ နိုင်ငံပေါင်း ၂၁၀ ကျော်တွင် ငွေပေးချေနိုင်သော EASI Travel နိုင်ငံပေါင်း ၂၁၀ ကျော်တွင် ငွေပေးချေမှု ပြုလုပ်နိုင်သောEASI Travel Master Card ကို သမ၀ါယမဘဏ်နှင့် MasterCard မှ မြန်မာနိုင်ငံတွင် ပထဦးဆုံး ထုတ်ဝေခဲ့ကြောင်း သမ၀ါယမဘဏ်မှ CEO0 ဦးကျော်လင်း၏ ပြောကြားချက်အရ သိရသည်။ 'သမ၀ါယမဘဏ်ဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံး အီလက်ထရောနစ် ငွေပေးချေမှုကို စတင်ခဲ့ခြင်းဖြစ်ပြီး ယခုလို ကြိုတင်ငွေ ပေးချေရသည့် EASI Travel Master Card ကို ထုတ်ဝေခွင့်ရသည့်အတွက် ၀မ်းမြောက် ဂုဏ်ယူပါတယ်။ မြန်မာနိုင်ငံသားများ ပြည်ပနိုင်ငံများသို့ သွားရောက်သည့်အခါ နိုင်ငံပေါင်း ၂၁၀ ကျော်ရှိ ATM စက်များမှ ငွေထုတ်ယူနိုင်ခြင်း၊ ဈေးဝယ်ခြင်း စသည်ဖြင့် အသုံးပြုနိုင်ပြီး Online ငွေပေးချေမှု ပြုလုပ်ရန်အတွက် EASI Travel Master Card ကို အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်'ဟု ဆက်လက် ပြောကြားသည်။ EASI Travel Master Card တွင် အမေရိကန်ဒေါ်လာ ငါးထောင်အထိ အများ ဆုံး ထည့်သွင်းအသုံးပြုနိုင်ပြီး ကတ်အသုံးပြုသူအနေဖြင့် အဆိုပါကတ်တွင် အနည်းဆုံး လက်ကျန်ငွေပမာဏမှာ အမေရိကန်ဒေါ်လာ နှစ်ဆယ်အထိ ချန်ထားရမည်ဖြစ်သည်။ အဆိုပါကတ် အသုံးပြုသည့်အတွက် ၀န်ဆောင်ခများအနေဖြင့် ကတ်လျောက်လွှာခ ကျပ်ရှစ်ထောင်၊ လစဉ်ကြေး အမေရိကန်နှစ်ဒေါ်လာ၊ ပြည်ပ ATM စက်တွင် ငွေထုတ်ယူခ အမေရိကန် သုံးဒေါ်လာ၊ လက်ကျန်ငွေကြည့်ရှုခ၊ ငွေထပ်မံဖြည့်တင်းခ၊ ကတ်ပြန်လည်သုံးစွဲရန် လျောက်ထားခတို့မှာ ကျပ်တစ်ထောင်အဖြစ် သတ်မှတ်ထားပြီး အစားထိုးကတ်အသစ် ထပ်မံထုတ်ပေးခနှုန်းမှာ ကျပ် ၁၀၀၀၀ ဖြစ်ကြောင်း သိရသည်။ Master Card အရှေ့တောင်အာရှ၏ President ဖြစ်သူ Mr.Mattew Driver က 'မြန်မာနိုင်ငံရဲ့ လူဦးရေအများစုဟာ ဘဏ်ဝန်ဆောင်မှုများနဲ့အခြားဘဏ္ဍာရေးဆိုင်ရာ ၀န်ဆောင်မှုတွေကို အသုံးပြုမှု မရှိကြသေးဘူး။ ဒါပေမဲ့ ငွေပေးချေနိုင်ရန် အဆောက်အအုံများက အလျင်အမြန်ပဲ တိုးတက်လာပါပြီ။ ATM စက်တွေ၊ POS Terminal တွေနှင့် ယခုဆိုလျှင် ကြိုတင်ငွေဖြည့်ကတ်များပဲ ဖြစ်ပါတယ်။ အခုမိတ်ဆက်ပေးခဲ့တဲ့ ကတ်ဟာ နိုင်ငံခြားတိုင်းပြည်တွေကို ငွေသားတွေ အများကြီးယူသွားဖို့လိုတဲ့ မြန်မာနိုင်ငံသားများအတွက် ရွေးချယ်စရာ နည်းတစ်ခုဖြစ်ပါတယ်' ဟု ထည့်သွင်းပြောကြားသည်။ Master Card သည် သမ၀ါယမဘဏ်ကို ပထဦးဆုံး နိုင်ငံတကာ ငွေပေးချေမှုကွန်ရက်အတွက် ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် လိုင်စင်ထုတ်ပေးခဲ့သော ပထမဦးဆုံး နိုင်ငံတကာ ငွေပေးချေမှု လုပ်ငန်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအတွင်း နိုင်ငံတကာ ငွေပေးချေမှု ကတ်များအကြား ပထမဦးဆုံး ATM စက်တွင် ငွေသားထုတ်ယူနိုင်မှုကိုလည်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် သမ၀ါယမဘဏ်၏ ATM စက်တွင် စတင် ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။ EMG
Posted on: Thu, 10 Oct 2013 09:12:20 +0000

Trending Topics



Recently Viewed Topics




© 2015