^^^ 7Ps of Marketing ^^^ Marketing - TopicsExpress



          

^^^ 7Ps of Marketing ^^^ Marketing နဲ့ပါတ်သတ်ပြီး ဖတ်ဖူးမှတ်ဖူးတဲ့ထဲက တခုကို ဖောက်သည်ချချင်ပါတယ်.. ကျနော်တို့ဆီမှာက marketing ဆို၇င် ရပ်ကွက်ထဲလိုက်ပြီး တအိမ်တက်ဆင်း ဆပ်ပြာမှုန့်သွားတိုက်ဆေး လိုက်ရောင်းနေတဲ့ sales girls တွေကိုပဲ ပြေးပြေးမြင်တတ်ကြလို့ သူငယ်ချင်းတွေ ရေးကြ ထောက်ပြကြတာကို လည်းဖတ်ခဲ့ဖူးပါတယ်.. အထူးသဖြင့် သူငယ်ချင်းBlackchaw ရဲ့ Sale is sale, Marketing is marketing ကို အရမ်းသဘောကျပါတယ်. သည်ပို့စ်မှာ ကျနော် ပြောပြချင်တာက Marketing Functionနဲ့ပါတ်သတ်ပြီး Strategyချတဲ့နေရာမှာ ထည့်သွင်းစဉ်းစားကြရတဲ့ issuesတွေအကြောင်းပါ ...ကဲ ..စပါပြီ Treditional ရှေးပဝေနသီကတည်းက လက်ခံထားကြတဲ့ issuesတွေပါ Marketing လို့ဆိုလိုက်တာနဲ့ 4Ps ကိုသွားပြေးမြင်ကြပါတယ် .. 1) Product 2) Price 3) Place 4) Promotion တို့ဖြစ်ပါတယ်.. Marketer ဘက်က 4Ps ဟာ Consumer ဘက်အတွက်ကျတော့ 4Cs ဖြစ်နေပါတယ်.. Product - Customer Price - Cost Place - Convenience Promotion- Communication ပါ. Modern world မှာတော့ P4လုံး နဲ့မလုံလောက်တော့ဘူး additional Ps တွေရှိသေးတယ် ဆိုပြီး နောက်ထပ် ၃လုံး define လုပ်ကြပါတယ်.. 5) Process 6) People 7) Physical Evidence အဲ့သည့်မှာ စုစုပေါင်း 7Ps of Marketingရယ်လို့ဖြစ်လာပါတယ်. 7Ps ကို စုပေါင်းပြီး Marketing Mix လို့လည်းခေါ်ပါသေးတယ်. (အချို့သောပညာရှင်များကတော့ 4Ps is enough ဆိုကြပေမယ့် အများစုကတော့ 7Ps ကိုလက်ခံကြပါသည်) 7Ps ကိုအသေးစိတ်ပြောရရင် 1) Product ထုတ်ကုန်ပစ္စည်းလို့ ရေဘူယျ ပြောနိုင်ပေမယ့် service ကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်၊insurance policy တခုဟာလည်း product လို့ဆိုနိုင်ပါတယ် ၊ product ဟာtarget customerဆီကို value တခုခုကို ဆောင်ကျဉ်းပေးရပါမယ်။ အဲ့သည့် value ဟာ price နဲ့ ချိန်ထိုးစဉ်းစားခံထိမယ့် quality ရှိနေရပါမယ်။ ကျနော်တို့ ငယ်ငယ်က physics မှာသင်ရတဲ့ မီးသွေးကိုမီးညှပ်နဲ့ညှပ်ပြီးသယ်ရတဲ့အခါမှာ weightအရ force အရ ရှုံးပါတယ်၊ ဒါဆိုဘာလို့ မီးညှပ်ဝယ်သုံးကြပါသလဲ ..အဖြေကတော့ ရှင်းပါတယ်၊ လက်မပူအောင် မပေအောင် ကာကွယ်ပေးနိုင်တဲ့ သူ့ရဲ့ value ကြောင့်ပါ။ ဒါပေမယ့် stainless steelနဲ့ လုပ်ထားမယ် lifetime warranty ပေးမယ် made-in-germanyလည်းဖြစ်မယ် ဈေးကတော့ ဒေါ်လာ ၁၀၀၀၀ ဆိုရင်တော့ ၀ယ်သုံးမယ့်လူ အင်မတန်ရှားပါလိမ့်မယ် ..quality နဲ့ 7Ps ရဲ့ ဒုတိယအချက်ဖြစ်တဲ့ Price နဲ့ ချိန်ထိုးတွက်ချက်မှုပါ 2) Price Marketerတွေ 7Psကို ကစားတဲ့နေရာမှာ အန္တရာယ်အများဆုံးဟာ price ကို ကစားတာပါလို့ပညာရှင်တွေပြောကြပါတယ် ၊ (ကစားတတ်ရင်လည်း supra-normal profit ရတတ်သေးတာကိုး ..မီးမဆော့နဲ့ ဆိုတာလိုမျိုးပေါ့) Priceကိုပြောရင် 1) Price skimming နဲ့ 2) Penetrating ဆိုတဲ့၂နည်းရှိပါတယ်။ ပထမနည်းကိုတော့ high-tech sectorထဲမှာတွင်တွင်ကျယ်ကျယ်သုံးပါတယ်.ဈေးကွက်ထဲမှာ မရှိသေးတဲ့ အသစ်အဆန်းကိုဦးဦးဖျားဖျား ပွဲထုတ်ပြီဆိုရင် ဈေးကို လန်ထွက်နေအောင်ခေါ်လို့ ရောင်းလို့ ရတဲ့သဘောပါ.3D TVတွေပေါ်စက ဈေးတွေကိုမြင်ယောင်ကြည့်လို့ရမယ်ထင်ပါတယ်. penetrating ကိုတော့ နေ့စဉ်အိမ်သုံးပစ္စည်းတွေလို sector တွေမှာသုံးတတ်ပါတယ်.. အရပ်စကားနဲ့ပြောရရင်တော့ product အသစ်ကိုဖြန့်တဲ့အခါမှာ အရင်ရှိပြီးသား brandတွေကို အောက်ကြေးနဲ့ လိုက်ဖိုက်တယ် ဆိုတာမျိုးပေါ့။ သည် price positioning ၂ခုကို တွဲသုံးတာမျိုးလည်းရှိပါတယ် Skimmingနဲ့ ၀င်လာ ပြိုင်ဖက်တွေလိုက်လုပ်လာတဲ့အခါမှာ Penetrating ပြောင်းပြီး promote လုပ်... ဆိုတဲ့ pattern ပါ.. Apple Inc. ဟာ သည်လို လုပ်လေ့ရှိတယ်လို့ နာမည်ကြီးပါတယ် သူတောင် Skimming ကနေ penetrating အပြောင်းမှာ skimလုပ်ခံထိထားတဲ့ (သို့) product launchမှာ ဦးဦးဖျားဖျား ၀ယ်ထားမိတဲ့ enthusiastic user တွေ evangelists တွေ ပေါက်ကွဲကြတယ်လို့ဖတ်ဖူးပါတယ်ကိုယ် ဒေါ်လာ၃၀၀၀လောက်ပေးဝယ်ထားရတဲ့ MacBook က နောက် ၆လအကြာမှာ ၁၇၀၀လောက်နဲ့ဝယ်လို့ရတယ်ဆို ဘယ်သူကျေနပ်မှာလဲဗျာ နော့်... 3) Place Place ကိုတော့ where customer buy the products လို့ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပေမယ့် ၂မျိုးခွဲပြီး ဆွေးနွေးကြည့်ချင်ပါတယ် ပထမ၁ခုက distributing channels ပါ ဘယ် channel ကနေသွားမှာလဲ ..B2Bလား. B2C လား ဒါမှမဟုတ် Door2Door, Multi-level လား ရွေးချယ်စရာအများကြီးပါ product nature အလိုက် Enduser လက်ထဲရောက်ဖို့ အသင့်တော်ဆုံးလမ်းကြောင်း ကိုရွေးချယ်နိုင်ဖို့ အရေးကြီးပါတယ်။Channel Dealers နဲ့ Developer ကြားက power လွန်ဆွဲတာတွေ သတ်ပွဲတွေလည်း မနည်းမနောပါ ဒုတိယကတော့ Display Performanceပါ productကို ကိုယ်တိုင် ဆိုင်ဖွင့်ရောင်းမှာလား သူများဆိုင်မှာ သွားတင်မှာလား ဆိုတာပါ ကိုယ်တိုင်ဆိုင်ဖွင့်ရောင်းတဲ့နေရာမှာတော့ Dell ကနာမည်ကြီးပါ Direct from Dellဆိုတဲ့ slogan ဟာ နာမည်ကျော်ပါတယ်။ supermarket တွေမှာသွားတင်ရောင်းမယ်ဆိုရင်တော့ ပြိုင်ဘက်productတွေနဲ့အတူ displayလုပ်ထားမှာ အမှန်ပါပဲ။ တချို့ အခြေအနေတွေမှာ competition အရမ်းပြင်းထန်ပါတယ်။Shelf space battles လို့တင်စားကြပါတယ်။ ဆပ်ပြာ၊ခေါင်းလျှော်ရည် အစရှိတဲ့ပစ္စည်းတွေဟာ အရောင် အနံ့ ၄-၅မျိုးထုတ်ကြတယ်ဆိုတာ ကိုယ့် productထဲမှာပဲ choice-option ရအောင် Display shelf မှာ အမယ် နည်းတဲ့အခြားပြိုင်ဘက် productထက်နေရာရအောင် ရည်ရွယ်ကြတာ ဖြစ်တယ်လို့ မှတ်ဖူးပါသည်။ ဂျပန်နိုင်ငံက အချို့သော companyကြီးတွေမှာ supermarkets, stores တွေမှာ ကိုယ့်ပစ္စည်းတွေ ဘယ်လို display လုပ်ထားသလဲဆိုတာကို လိုက်ကြည့် မှတ်တမ်းတင် reportလုပ်တဲ့အလုပ်လုပ်ဖို့ ၀န်ထမ်းတွေ ခန့်ထား ကြပါတယ်။ 4) Promotion Promotion မှာ Advertising, PR, Sales management တွေ အဓိကပါဝင်ပါတယ်.တချို့သော ပညာရှင်တွေကတော့ Branding ကို promotion ထဲထည့်ထားတတ်ပါတယ်.. Promotion က pushing ပါ အရောင်းတက်လာအောင် တွန်းတင်ပေးတာပါ။အမျိုးမျိုးသော sales campaign တွေအပါအ၀င် up-selling, cross-selling နဲ့ customer loyalty, membershipအစရှိတဲ့ technique တွေသုံးတတ်ကြပါတယ် Branding ကိုတော့ pulling လို့ ခံစားမိပါတယ်။ brand image မြင့်တက်လာမယ်ဆိုရင် sales amount လည်း မြင့်တက်လာအောင် ဆွဲတင်ပေးတယ်လို့ ယူဆပါသည်။ ထူးထူးဆန်းဆန်းတွေ မကြာခဏကြားရတတ်တဲ့ P ၁လုံးဖြစ်ပါတယ်။ Product ကို package ပုံစံမျိုးလုပ်ပြီး ရွေးရခက်လောက်အောင် မျက်လှည့်ပြတတ်တဲ့ P ပါ။ ဘယ်ပစ္စည်းကို ဘာနဲ့တွဲပြီးယူရင် ဘယ်လောက် cash-back ပြန်ပေးမယ်ဆိုတာမျိုးပါ discount ရိုးရိုးမပေးဘဲ cross-selling ပါတွဲသုံးသွားတာမျိုးပါ(local က ယမကာ တမျိုးကတော့ ဘောလုံးပွဲကို ခုတုံးလုပ်ပြီး promotion အလုပ်ကောင်းမှုကြောင့် မထင်မှတ်တဲ့အသင်း ဗိုလ်ဆွဲတဲ့အခါ ဆုကြေးတွေ တပုံတခေါင်း ပေးလိုက်ရဖူးကြောင်း မှတ်ဖူးပါတယ်) အသစ်ထပ်တိုးထားတဲ့ P ၃လုံးအကြောင်း ကိုဆက်ဆွေးနွေးပါမယ်ခင်ဗျ။ 5) Process သေချာတာကတော့ ဘယ်သူမှ မစောင့်ချင်ပါဘူး ။ ကိုယ့်ကိုသာအစောင့်ခံချင်ကြတာမဟုတ်လား ။ ဘယ်customer မဆို ကျနော်တို့ရဲ့ business flow ကိုမသိချင်ကြပါဘူး ။ product development ကိုစိတ်မ၀င်စားကြပါဘူး။ သူတို့ စိတ်ဝင်စားတာ သူတို့ productကို မြန်မြန်သုံးချင်တာပါပဲ။ သည်တော့ delivery ကအရေးကြီးလာပါတယ်။ online ကနေဈေးဝယ်တယ်ဆိုပါစို့ ။ price ကို fixed ထားပြီး စဉ်းစားမယ်ဆိုရင် Business days 2-3 days အတွင်း deliver လုပ်ပေးမယ့် site က 4-5 days ပို့ပေးမယ့် site ထက် ပိုရောင်းရမှာ အမှန်ပါပဲ။ သူများထက် ပိုမြန်တဲ့ process ဖြစ်ဖို့ဆို ပိုကောင်းတဲ့ system တခုရှိဖို့အရေးကြီးပါတယ်။ 2-3 daysလို့ရေးထားပြီး တကယ်မပို့ပေးနိုင်ရင် Marketing ကညာတယ် ဆိုတာမျိုးဖြစ်သွားပါလိမ့်မယ်။ ညာတတ်တဲ့ Marketing ရှိတဲ့Organization ဟာ မကြီးပွားပါဘူး။ Organizationတခုလုံးနဲ့လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်.. အထက်မှာပြောခဲ့သလို Product/service ဟာ value တွေကိုdeliverလုပ်တာပါCustomer က အဲ့သည့် value ရဖို့ organizationဟာ value ကိုအဆင့်ဆင့် လက်ဆင့်ကမ်းပေးနိုင်မယ့် Value-Chainကြီးဖြစ်နေဖို့ လိုပါတယ်။ အချို့ marketing strongဖြစ်တဲ့ Inc. တွေမှာprocessing ပိုကောင်းဖို့အတွက် Departmental barrier တွေကို ဖြိုဖျက်ပစ်ပြီး ပိုမို ပျော့ပြောင်းတဲ့ team-structure, matrix-structure တွေနဲ့ ပြင်ဆင်ဖွဲ့စည်းကြပါပြီ။ 6) People ဘယ်လိုလူတွေကရောင်းသလဲ ဆိုတဲ့အပိုင်းဖြစ်ပါတယ်။ ပထမအပိုင်းကတော့ employees product familiar ဖြစ်မှုအပိုင်းပါ product lines တိုင်းမှာ power user တွေရှိပါတယ် high-tech မှာ ဆိုပိုဆိုးပါတယ် technical difficulties တွေမေးယ် limitationတွေအကြောင်း customizationတွေအကြောင်း ပြောမယ်ဆို သေချာ train လုပ်ထားတဲ့ sales သမားမဟုတ်ရင် မျက်ဖြူဆိုက် ကိန်းပါ။ employees တွေအတွက် product education လိုအပ်ပါတယ်။ ဒါမှသာ sales က customer ကိုcatalog ဖတ်ပြတဲ့အဆင့်က တက်မှာပါ။ HR ရဲ့ Trainingအပိုင်းနဲ့ တိုက်ရိုက် ပတ်သတ်နေပါတယ်။ Internal Branding လည်း လိုအပ်ပါတယ်။ product familiarဖြစ်အောင် trainမယ် သေချာ trainထားတဲ့ employee ကို အလုပ်မှာမြဲအောင် retension strategyတွေသုံးမယ် အစရှိသဖြင့်ပါ။People ရဲ့ skill ပိုင်း knowledgeပိုင်း အပြီးမှာ attitude ပိုင်း ကိုဆက်ဆွေးနွေးပါမယ်Employee ဖြစ်ဖြစ် Customerဖြစ်ဖြစ် productကို အမှန်တကယ် ယုံကြည်သက်ဝင်မှုရှိဖို့ လိုအပ်ပါတယ်။ အဲ့ဒါရဲ့အမြင့်ဆုံးအဆင့်ကတော့ Evangelism ပါ။ Evalgelism > Loyaltyပါ brand တခုကို ဘာသာရေးလောက်နီးနီး သက်ဝင်ယုံကြည်ပြီး မြတ်နိုးတဲ့အဆင့် ရောက်သွားတာပါ။ brandတခုကို တပြားမှလည်းမရ ပဲနဲ့ ဒါကောင်းတယ် ဒါပဲသုံး ဆိုတာမျိုး အလကားပဲတင်းလိုက်ကြော်ငြာပေးနေတဲ့ တချို့ customerတွေ တွေ့ဖူးမယ် ထင်ပါတယ်.သူတို့ကိုယ်တိုင်လည်း အဲ့ဒါပဲ သုံးတယ် အဲ့ဒါကို ထိရင် မခံဘူး defend လုပ်တယ် အစရှိသဖြင့်ပေါ့(အချို့ အတုအယောင်တွေလည်း ရှိတတ်ပါတယ် ) Marcedes, Harley Davidson, Apple နဲ့ အခြား brand အချို့ဟာ သည်လိုမျိုး လူတွေ ပိုင်ဆိုင်ထားပါတယ်။Evangelism Marketing လို့ ခေါ်ကြပါတယ်။ Internet ခေတ်မှာတွေ့ရတဲ့ users blogတွေ fan pageတွေဟာ evangelism ရဲ့ ပြယုဂ် ဖြစ်ပါတယ် အကျဉ်းချုပ်ပြောရရင် သည် P ကတော့ လူနဲ့ပါတ်သတ်တဲ့ issue ဖြစ်တော့အလွန်သိမ်မွေ့စွာ ကိုင်တွယ်ဖို့ လိုပါတယ် လူနဲ့ စက်နဲ့မတူတာက စက်က သုံးတာကြာလေ ပါဝါကျလေ သုံးမကောင်းဖြစ်လေအသစ်လိုချင် လေပါပဲ ။လူဆိုတဲ့ သတ္တ၀ါကြီးကတော့ သုံးတာကြာလေ skill-up ဖြစ်လေ knowledge-up ဖြစ်လေ well-trained, well-experienced ဖြစ်လေ မို့လို့ပါ။ 7) Physical Evidence Product ထက်စာရင် Service မှာ သည် issue က ပိုကြီးမားပါတယ်။ serviceဟာ intangible ပါ perishable ပါ a service cant be experienced before it is delivered. လို့ ဆိုကြပါတယ် Tour package, Hotel Room, Cinema, Training course ဒါတွေဟာ service ပါ။ selling the experienceပါ။ အဲ့သည်မှာ Customer တွေ စိတ်ချလက်ချ ၀ယ်ယူနိုင်ဖို့ information တွေ provide လုပ်ပေးရမှာပါ။intangible ဖြစ်လို့ ကိုင်လို့ ပြလို့မရနိုင်ပေမယ့် ခံစားလို့ရအောင် တွက်ချက်ကြည့်လို့၇အောင် မှန်းဆလို့ရအောင်တော့ ဖြည့်ဆည်းပေးနိုင်ပါတယ်။ Hotel တွေဟာ Lobby decoration အတွက် ဘာကြောင့် အလွန်အမင်းငွေကုန်ကြေးကျခံကြတာလဲ။ လေကြောင်းလိုင်းတွေ tour company တွေဟာ ဘာလို့ အင်မတန်ဈေးကြီးတဲ့ ဓါတ်ပုံဆြာ တွေငှားပြီး tourist attraction ဓါတ်ပုံတွေရိုက်ကြတာပါလဲ ..?အဖြေက ရှင်းပါတယ် Physical Evidenceအတွက်ပါ တခြား service တွေကလည်း အခြားနည်းလမ်းတွေနဲ့ physical evidence ပြကြပါတယ်။ Successful case studies တွေ PRထုတ်ပြန်မှုတွေ တွေ့ဖူးကြမှာပါ။တခြားသော customer feedbackတွေ small-gift itemsတွေနဲ့လည်း communicate လုပ်နိုင်ပါတယ် Physical Evidence ကို Promotion နဲ့တွဲသုံးကြတာများပါတယ်။ Product တွေအတွက် Physical Evidence ကတော့ Branding နဲ့တဆင့် communicate လုပ်ကြပါတယ်.. ဟိုးအရင် ကတည်းက ရှိပြီးသား logic တခုပါ။အဲ့ဒါကတော့ Logo ပဲဖြစ်ပါတယ်။ ကျနော်တို့ဟာ အမှန်ခြစ်ကလေး ခြစ်ပြလိုက်တာ ကိုမြင်တာနဲ့ အဲ့ဒါ Nike မှန်းသိပါတယ်။ Mario လို့ပြောတာနဲ့ Nintendo ကိုပြေးမြင်မိပါတယ်။ ဒါတွေဟာ Logo ဆိုတဲ့ graphical/ characterical ပိုင်းကတဆင့် ဦးနှောက်တွေ recall လုပ်ကြတာပါ။ နိဂုံးချုပ်ပြောရရင် ကျနော်တို့တွေ ၀ယ်သူ ဘက်ကနေကြည့်ကြည့်မယ်ဆိုရင် အထက်ပါ marketing mix ကြီးနဲ့ သေသေချာချာ ရောမွှေချိန်ဆထားတဲ့ပစ္စည်းတွေ ၀ယ်ယူသုံးစွဲလာခဲ့တာလူမှန်းသိတတ်ကတည်းက ခုချိန်ထိပဲဆိုပါစို့။ ဘယ်brand ကိုသုံးမှ လူအထင်ကြီးတာ တို့ . ဘာကိုင်နှိုင်မှ လူရှိန်တာ ကွ တို့ ဘယ် ပစ္စည်းသုံးရတာ အောက်ပါတယ်ကွာ ဆိုတာတို့ လည်းတသက်လုံး လုပ်လာခဲ့ပြီးပါပြီ marketerတွေ မသိမသာနဲ့ brainwash လုပ်တာခံလာခဲ့တာ လည်းတသက်လုံးပဲ ဆိုပါတော့ ..marketing mix ဟာ marketing planning ဘက်မှာ keys to success ပါ လေ့လာနေတဲ့သူငယ်ချင်းတွေအတွက် အသုံးဝင်မယ်ဆို၇င်ကျနော် အရမ်းဝမ်းသာပါတယ်ဗျာ တကယ်လို့ marketing knowledge စိတ်မ၀င်စားဘူး ဆိုရင်တောင် 7Ps (marketing mix) ကိုနားလည်ထားရင်တော့ဖြင့် product choice, decision making ပိုင်းတွေမှာ အထောက်အကူဖြစ်မလား ရယ်လို့ ရည်ရွယ်ပြီး ရေးလိုက်ပါတယ်ခင်ဗျား.အမှားအယွင်းပါရင် ဝေဖန်/ထောက်ပြ ပြောဆိုပေးကြပါ။ အဆုံးအထိ ဖတ်သွားလို့လည်း ကျေးဇူးတင်ပါတယ်ဗျ အင်ဇာဂီ mandalaygazette မှ ကူးယူဖေါ်ပြပါသည်
Posted on: Sun, 02 Feb 2014 09:26:59 +0000

Trending Topics



Recently Viewed Topics




© 2015