“A delusion is something that people believe in despite a total - TopicsExpress



          

“A delusion is something that people believe in despite a total lack of evidence.” Richard Dawkins I regard the brain as a computer which will stop working when its components fail. There is no heaven or afterlife for broken down computers; that is a fairy story for people afraid of the dark. Stephen Hawking သည်းခံမှုပေါ့။ သည်းခံမှုဆိုတာက အပြန်အလှန်လေးစားမှုကနေစတယ်။ အပြန်အလှန်လေးစားမှုဆိုတာက ကိုယ်ချင်းစာတရားရှိမှုကနေဖြစ်ပေါ်တယ်။ ကိုယ်ချင်းစာတရား ဆိုတာက သူ့နေရာ ငါသာဆိုရင်ဆိုတဲ့ အဖြစ်အပျက်နေရာကို ကိုယ့်ခေါင်းထဲမှာ ပုံဖေါ်နိုင်၊ တွေးနိုင်ရလောက်တဲ့ ဥာဏ်ရည်ရှိနေမှုကစတယ်။ အဲ့ဒီလို ဥာဏ်ရည်ဖြစ်သွားနိုင်ဖို့ကို ခေတ်ပညာ၊ လော့ဂျစ်၊ တွေးခေါ်မြော်မြင်မှုကို အကျင့်လေး လုပ်လုပ်ပေးတတ်တဲ့ ပညာရေးစနစ်မျိုးကနေစတယ်။ ဒါပေမယ့်လည်း ဆိုထားတဲ့ အရာအားလုံးကို အမုန်းက နိုင်ပါတယ်။ ဘယ်လို အမုန်းမျိုးလည်းဆိုတော့ ငယ်ငယ်ကတည်းက ရိုက်သွင်းခံရတဲ့ အမုန်း။ ကိုယ်တိုင်တောင် စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိသေးတဲ့ ကလေးငယ်တွေကို မိဘတွေ၊ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတွေကနေ လက်ဆင့်ကမ်းပေးတဲ့ အခါမျိုးမှာ ဘယ်လောက်ပဲ ပညာရည် မြင့်လာ မြင့်လာ ရိုက်သွင်းခံထားရတဲ့ အမုန်းနဲ့ ကြိုတင်တွေးထားမှုတွေကို ကျော်ဖြတ်ပြီး တွေးနိုင်ဖို့ အတော်ကြီးကို ရုန်းကန်လိုက်ရတဲ့ ကိစ္စဖြစ်နေတယ်။ နောက်တစ်ခုက ခုလို ခွဲခြားမှုဖြစ်လာတာတွေရဲ့  အစပေါ့။ ပြည်တွင်းနေတွေ အစတုန်းက စပြီး မခွဲခြားခဲ့ဘူးလားဆိုတာ မေးစရာရှိတယ်။ ခွဲခြားတာပေါ့။ သင်္ကြန်တွင်း ကလေးတွေကို လက်ရှိ မြန်မာပြည်ရဲ့  ယဉ်ကျေးမှုနဲ့ ရောနှော ပျော်ဝင်မသွားရအောင် လေးတန်းအောင်ရုံ ပေမယ့် ဘွဲ့ ရတဲ့ လူအများကြီးအပေါ် သြဇာပေးနိုင်တဲ့ တရားဟောဆရာတွေက စခွဲခြားခဲ့ကြတယ်။ သီတင်းကျွတ် မီးထွန်းပွဲသည် ကိုယ်နဲ့ မဆိုင်ဆိုတာ တွေ ရိုက်သွင်းခဲ့ကြတယ်။ နောက်တစ်ခုက ဘာသာရေးနဲ့ ရောနှောပြီးတော့ ယဉ်ကျေးမှုတွေပဲ။ မြန်မာပြည်ထဲမှာ အရှေ့  အလယ်ပိုင်းက ယဉ်ကျေးမှုတွေ လာပြီး ကျင့်သုံးဖို့တော့ လုံးဝခက်မှာပဲ။ လူတစ်ယောက်ကို သူယုံကြည်နေတဲ့ အရာတစ်ခုကို အနည်းငယ် မှားနေကြောင်းပြောလိုက်တာနဲ့  သူ့ရဲ့  Defense Mechanism အနေနဲ့ မှန်သလား မှားသလား ဆိုတာကို စဉ်းစားတာသည် နောက်မှ ဖြစ်သွားပြီး သူကိုယ်တိုင် သဘောမပေါက်ထားတဲ့ အရာတစ်ခုကို ကာကွယ်ပေးဖို့ဆိုပြီး ဘက်ခွဲခြားလိုက်တယ်။ သူ့ယုံကြည်နေမှုကို သူကိုယ်တိုင် ရယ်စရာတွေ အဖြစ် မျက်နှာပူနေရရင် ပိုဆိုးတယ်။ နောက်ပြန်တွေးကြည့်ရင် ယနေ့ခေတ်ထိတိုးတက်လာတာတွေအကုန်က ဘယ်ဘာသာရေးက မှ လုပ်ခဲ့တာမဟုတ်ဘူး။ ဘယ်ဘုရားကမှလည်း ဖန်ဆင်းခဲ့တာ မဟုတ်ဘူး။ လူတွေလုပ်ထားခဲ့တာတွေချည်းပဲ။ ဒါပေမယ့် လူတွေသည် သေမှာကြောက်နေတုန်းပဲ။ ကိုယ့်စိတ်က လူတွေက မကောင်းမှုလို့သတ်မှတ်ထားတဲ့ အရာ၊ လူအဖွဲ့အစည်းတစ်ခုခုက လက်မခံတဲ့အရာတစ်ခုခုကို လုပ်မိပြီဆိုရင် Guilt ဆိုတဲ့ အပြစ်ရှိတဲ့ ခံစားမှုက ဖြစ်နေမြဲပဲ။ အဲ့ဒီအခါမှာ ငရဲကို ကြောက်ရတော့တယ်။ ငရဲရှိမရှိဆိုတာသည် ဘယ်လိုမှ လက်ရှိပေါက်ရောက်နေတဲ့ ခေတ်ပညာတွေနဲ့ သက်သေမပြနိုင်ဘူး။ ဘာသာပေါင်းစုံရဲ့  ငရဲပေါင်းစုံသည်လည်း အမျိုးမျိုးကွဲနေတာပဲ။ ကပ်သီးကပ်သပ်စဉ်းစားရင်တော့ သက်ဆိုင်ရာ ဘာသာဝင်က သက်ဆိုင်ရာ ငရဲပဲကျနေသလားဆိုတာမေးစရာရှိတယ်။ ခေတ်တွေဘယ်လောက်ပြောင်းပြောင်း ငရဲက ဆီနဲ့ကြော်၊ ကျောက်တုံးတွေထမ်းခိုင်း၊ ကြာပွတ်တွေနဲ့ရိုက်၊ သေခြင်းရှင်ခြင်း၊ နာကျင်ခြင်း ဆိုတဲ့ အရာတွေအပြင် Physics နဲ့ Biology အရ ဘယ်လိုမှ မဖြစ်နိုင်တဲ့ သတ္တ၀ါတွေက လူတွေကို နှိပ်စက်နေပါတယ်ဆိုတဲ့ အနိဌာရုံနဲ့ခြောက်လှန့်ထားတယ်။ လွတ်လပ်စွာတွေးတောမှုတိုင်းမှာ အပြစ်ဆိုတဲ့ ဘောင်တစ်ခုက ထပ်ကန့်ထားတယ်။ ကျွန်တော်တို့အတွက် စဉ်းစား ဆင်ခြင်နိုင်စွမ်းက မလိုက်နိုင်တော့တဲ့ အခါမှာ မျက်ကန်းယုံကြည်မှုဆိုတဲ့ အရာက အစားထိုးဝင်ရောက်လာတယ်။ တစ်ခုခုကို မသေမချာဖြစ်နေတဲ့ အခါမျိုးမှာ လူ့ စိတ်က နေရခက်တယ်။ အဲ့ဒီအရာကို သေချာသွားမလားဆိုပြီး တွေးနိုင်ရလောက်အောင် အတတ်ပညာနဲ့ အတွေး အခေါ်တွေ မရှိတဲ့ အခါမျိုးမှာ ဒီတိုင်း ယုံကြည်လိုက်ရတာသည် နှစ်မျိုးကောင်းတယ်။ ကိုယ်တွေးရတာ သက်သာတဲ့ အပြင် ကိုယ့်ရဲ့  မသေချာတဲ့ စိတ်ကိုပါ သက်သာစေတယ်။ ခုဖြစ်တဲ့ ကိစ္စတွေ ကြားမှာ အခြား နိုင်ငံရေး အခြေအနေတွေ၊ နောက်ခံအကြောင်းအရာတွေကို အကုန်သိလောက်အောင် လက်လှမ်းမမီပေမယ့် ဘာသာရေးက အဓိက အကြောင်း အချက်တစ်ခု ဖြစ်နေတယ်ဆိုတာတော့ ငြင်းလို့မရဘူး။ ဘာသာ တစ်ခု ကောင်းမကောင်းဆိုတာသည် ကိုယ်က အဲ့ဒီဘာသာဝင်တစ်ယောက်ဖြစ်နေရင် ဘယ်လိုမှ တိုင်းတာမိမှာမဟုတ်ဘူး။ ဘာသာရေးက လူတွေကောင်းဖို့ဆိုတာ ပြောတယ်။ ဆုံးမတယ်ပြောတယ်။ ဟုတ်ပြီ။ နှစ်ထောင်ကျော်နေပြီ ဘာသာတွေအကုန်လုံး။ လူ့အဖွဲ့အစည်းက လက်မခံနိုင်တဲ့ အမှုအခင်းတွေ ကျူးလွန်နေတာ ခုဒီစာရေးနေတဲ့ အချိန်တွေမှာလည်း ဖြစ်ပွားနေတာပဲ။ ထိန်းကွပ်နိုင်မှုရှိခဲ့လား။ ဘာသာရေးတွေက ငြိမ်းချမ်းရေးပဲဟောတာပါ ပြောတယ်။ ချကြတာပဲမဟုတ်လား။ ကမ္ဘာက နှစ်ခြောက်ထောင်ပဲ သက်တမ်းရှိနေတာပဲ မဟုတ်ဘူး။ ကျွန်တော်တို့ အာဖရိကက ခြင်္သေနတ်တို့ ဆင်နတ်တို့ကို အာဖရိက ဒေသခံတွေ ကိုးကွယ် ပူဇော်နေတာမြင်တော့ ရူးလိုက်ကြတာ၊ ရယ်စရာလို့ပြောမယ်။ မနုဿီဟလို၊ ကိန္နရီ ကိန္နရာလိုကျတော့ သူတို့ကိုပြကြည့်ရင် ဘယ်လိုပြောမလဲ။ မျက်ကန်းယုံကြည်နေခဲ့ကြတာပဲ မဟုတ်လား။ ဘာသာရေးက တစ်ခုခုပြောထားခဲ့တဲ့ အသိတစ်ခု၊ ကိုယ်နဲ့ တိုက်ဆိုင်ပြီး ကြိုက်မိတဲ့ အသိတစ်ခုဆိုရင် ဘာအဖြစ်တွေပဲ ဖြစ်လာဖြစ်လာ မသက်ဆိုင်တဲ့ ကိုယ့်ရဲ့ တစ်နေ့တာ အဖြစ်အပျက်လေးကိုတောင် အဆိုပါ အသိနဲ့ယှဉ်ယှဉ်တွေးပြီး ကိုယ့်ရဲ့  ယုံကြည်မှုကို ကိုယ်အားဖြည့်နေလေ့ရှိတယ် မဟုတ်လား။ တစ်ခုခုကို ယုံကြည်လိုက်ဖို့ အတွက် ဆယ်တန်း ရူပဗေဒကို တွက်တတ်စရာမလိုဘူး။ ဘာသာရေးကို ဘာအတွက်ကြောင့် ကျွန်တော်တို့ လိုအပ်နေရပါသလဲ။ “I do not agree with what you have to say, but Ill defend to the death your right to say it.” Voltaire (ဆိုကရေးတီးသောက်ခဲ့တဲ့ အဆိပ်ခွက်မျိုး နောက်တစ်ခွက်ပြင်ထားလို့ရပါပြီ။) ဇာဏီထွဏ်း
Posted on: Sun, 16 Feb 2014 07:10:52 +0000

Trending Topics



Recently Viewed Topics




© 2015