Because နှင့် Because of ကို - TopicsExpress



          

Because နှင့် Because of ကို အစားထိုးအသုံးပြုနိုင်သည့် စကားလုံး၊ စကားစုများ - အပိုင်း (၁) Posted by Forum Moderator 3 on October 31, 2013 at 9:40 in အင်္ဂလိပ်စာ သိကောင်းစရာ အဖြာဖြာ View Discussions အကြောင်းအရာများကို ရှင်းလင်းပြောကြားလိုလျှင် စာလုံးများနှင့် စကားစုများကို အသုံးပြု၍ အကြောင်းပြပြောဆိုနိုင်ပါသည်။ လူသုံးများသော စကားလုံးများမှာ because သို့မဟုတ် because of တို့ ဖြစ်ပါသော်လည်း အခြားစကားလုံး/စကားစုများကို လည်း သူ့နေရာနှင့် သူ အသုံးတည့်အောင် သုံးတတ်ကြပါသည်။ Because နှင့် Because of အစားပြောင်းလဲ အသုံးပြုနိုင်သော စကားလုံးများကို အသုံးပြုပုံနှင့် ထိုစကားလုံးများ၏ တန်ဖိုးအရည်အသွေးများအကြောင်း တင်ပြဆွေးနွေးထားပါသည်။ 1. As As သည် Because အစား တိုက်ရိုက်အသုံးပြုထားသည့် အဓိပ္ပါယ်တူစကားလုံးဖြစ်ပါသည်။ He opted not to go and see the movie as it had gotten poor review. ဟူသော ဝါကျတွင် အကြောင်းပြပုဒ်ဖြစ်သော ဝါကျ၏ ဒုတိယပိုင်းတွင် because အစား အဓိပ္ပါယ်တိုက်ရိုက်တူသည့် as ကို အသုံးပြုထားပါသည်။ (as သည် because ထက် အရည်အသွေးနိမ့်ပါသည်။) 2. As a result of (အကျိုးဆက်တရားပြခြင်း) As a result of စကားစုသည် because of အစားအသုံးပြုသော စကားစုဖြစ်ပါသည်။ As a result of his intervention, the case was reopened and they were ultimately exonerated. ဟူသော ဝါကျတွင် ဝါကျ၏ ပထမပိုင်းဖြစ်သော As a result of his intervention, တွင် As a result အစား Because of ကို အစားသွင်းပေးခြင်းအားဖြင့် သူ၏ ကြားဝင်ဆောင်ရွက်ပေးမှုကြောင့် ဟူသည့် အကြောင်းကြောင့် the case was reopened and they were ultimately exonerated. အမှုကို ပြန်လည်ဖွင့်လှစ်ပြီး နောက်ဆုံးတွင် အပြစ်မရှိကြောင်း ထုတ်ဖော်ကြေငြာခြင်းခံရသည်။ ဟူသော အကျိုးဆက်တရား ကို ရရှိပါသည်။ 3. As long as As long as သည် Because နှင့် အဓိပ္ပါယ်တူပြီး informal ရိုးရိုးတန်းတန်း သမန်ကာလျှံကာ အသုံးမျိုး၌ အသုံးပြုပါသည်။ As long as youre going, could you pick some things up for me? ဟူသော ဝါကျမျိုးတွင် As long as youre going ဟူသော usage တွင် မြန်မာဘာသာ၌လည်း သွားရင်းနဲ့တလက်စထဲ ဟု သမန်ကာလျှံကာ ပြောလေ့ရှိပါသည်။ ဝါကျတစ်ခုလုံးကို ပြန်ဆိုပါက သွားရင်းနဲ့တလက်စထဲ ငါ့အတွက် ပစ္စည်းအချို့ပါ ယူခဲ့ပေးပါ။ ဟု ပစ္စည်းလူကြုံပါးမှာခြင်းမျိုးဖြစ်ပါသည်။ 4. Being as / Being that Being as / Being that တို့သည် As long as နှင့် အသုံးအနှုန်းတူပါသည်။ 5. Considering that Considering that သည် As long as, Being as အုပ်စုဝင်ဖြစ်ပါသည်။ 6. Due to Due to သည် As a result of နှင့် တူပါသည်။ Due to သည် conjunction မဟုတ်ဘဲ preposition ဖြစ်ပါသည်။ Due to အစား Because of ကိုလည်း အသုံးပြုနိုင်ပါသည်။ Due to the large number of applications, we cannot respond individually to each applicant. ဟူသည့် ဝါကျတွင် ဝါကျ၏ပထမပိုင်းရှိ Due to ၏ နေရာတွင် Because of ကို အစားထိုး၍ ရပါသည်။ အကြောင်းပြဝါကျဖြစ်သော ထိုဝါကျ၏ ပထမပိုင်းကို Due to/Because of/As a result of the large number of applications, ... လျှောက်လွှာများ များပြားလွန်းပါသဖြင့် ဟူသော အကြောင်းကြောင့်၊ ... we cannot respond individually to each applicant. လျှောက်လွှာရှင်တစ်ဦးချင်းအား အကြောင်းမပြန်ကြားနိုင်ပါ။ ဟူသည့် အကျိုးဆက်ပြ ဝါကျဖြင့် ကျိုးကြောင်းဆက်စပ်ပြထားပါသည်။ 7. For For ကို Because အစား အကြောင်းပြ အဖြစ် ကဗျာအရေးအသားများတွင် အသုံးပြုပါသည်။ Let us eat and drink, for tomorrow we die. ဟူ၍ ၎င်း၊ The Brook ကဗျာတွင် For man may come and man may go, But I go on forever. ဟူ၍ ၎င်း၊ The Doffodils ကဗျာတွင် For oft, when on my couch I lie, ... ဟူ၍ ၎င်း၊ ကဗျာ စာဆိုများက ရေးစပ်ဖွဲ့ဆိုထားကြပါသည်။ 8. Inasmuch as Because အစား Inasmuch as ကို formally တခမ်းတနားအသုံးပြုပါသည်။ Inasmuch as his account has been discredited, I wouldnt believe anything else he says. ဟူသည့် ဝါကျတွင် ဝါကျ၏ ပထမပိုင်းကို Inasmuch as his account has been discredited, ... အစချီ၍ သုံးမည့်အစား၊ informally ရိုးရိုးရှင်းရှင်း Because his account has been discredited, ... ဟု ရေးပါက လွယ်ကူစွာ နားလည်နိုင်ပါသည်။ Mark Nichol ၏ 16 Substitutes for “Because” or “Because Of” ကို ကိုးကားရေးသားပါသည်။ Daw Tin Nwai Win Retired Lecturer (English Department, Yangon University) Diploma in Teaching of English Overseas (Leeds University), M.A (T.E.F.L) Y.I.O.E Read more: Because နှင့် Because of ကို အစားထိုးအသုံးပြုနိုင်သည့် စကားလုံး၊ စကားစုများ - အပိုင်း (၁) - Myanmar Network myanmar-network.net/forum/topic/show?id=3423487%3ATopic%3A977882&xgs=1&xg_source=msg_share_topic#ixzz2jHi417C9
Posted on: Thu, 31 Oct 2013 08:03:39 +0000

Trending Topics



Recently Viewed Topics




© 2015