"Broke back mountain" က ဒါရိုက်တာ - TopicsExpress



          

"Broke back mountain" က ဒါရိုက်တာ ကောင်းတာလည်းသိတယ်။ ဇာတ်ကားကောင်းမှာကိုလည်းသိတယ်။ သရုပ်ဆောင်အားကောင်းတာကိုလည်းသိတယ်။ ဒါပေမယ့် ဇာတ်လမ်းသဘောကို အကြမ်းဖျင်းသိနေတာကြောင့် ဘယ်လို ခံစားပြီးကြည့်လို့ရမယ်မသိလို့ ခုထိ မကြည့်ဖြစ်သေးဘူး။ ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေက အားကောင်းတော့ ကြည့်ဖို့လည်း စိတ်လည်းဝင်စားတယ်။ "Milk" လိုကားမျိုးကျတော့ ကြည့်ရတာ အဆင်ပြေတယ်။ ခံစားလို့ရတယ်။ "Gay right" အတွက် လှုပ်ရှားတာကိုအဓိကပြတာဆိုတာကို ကောင်းကောင်း ခံစားနားလည်ပေးလို့ရတယ်လေ။ ရုပ်ရှင်ကောင်းကြည့်စရာလည်းရှားလာပြီဆိုတော့.. "Broke back mountain" ကကျတော့ gay အချစ်ဇာတ်လမ်းထင်တယ်။ ဟုတ်တယ်မလား? Gay စိတ်တချက်မှ မပေါက်မိတဲ့ သူတွေအနေနဲ့ကြည့်မယ်ဆိုရင် ရော ခံစားလို့ရပါ့မလား?? Gay တွေရဲ့ စိတ်သဘောကို နားလည်အောင် သဘောထားပြီးကြည့်မှ ခံစားလို့ရမဲ့ပုံပဲ။ ကဲ straight or Gay ရုပ်ရှင်ဝါသနာအိုးများရှိလို့ ကြည့်ပြီးရင် တဆိတ်လောက်..
Posted on: Wed, 25 Sep 2013 02:26:57 +0000

Trending Topics



Recently Viewed Topics




© 2015