Emperor နှင့် SIR အဖွဲ့များ၏ Music - TopicsExpress



          

Emperor နှင့် SIR အဖွဲ့များ၏ Music Tour ကို ပွင့်လင်းရာသီတွင် မြန်မာနိုင်ငံအထက်ပိုင်း၌ ကျင်းပမည် Tuesday, August 27, 2013 Emperor တီးဝိုင်းနှင့် SIR အဖွဲ့များ၏ Music Tour ကို ပွင့်လင်းရာသီ၌ မြန်မာနိုင်ငံ အထက်ပိုင်းနေရာများတွင် ကျင်းပမည်ဖြစ်ကြောင်း စီစဉ်သူ Myanmar Media Management မှ Program Director ကိုစည်သူသိန်းက မဇ္ဈိမသို့ ပြောကြားလိုက်သည်။ ယင်းနယ်လှည့်ဂီတဖျော်ဖြေပွဲတွင် Emperor တီးဝိုင်းမှ ဇော်ဝင်းထွဋ်နှင့်အတူ အမျိုးသမီး အဆိုတော်များက ဖျော်ဖြေကြမည်ဖြစ်ပြီး SIR အဖွဲ့တွင်မူ Big Bag၊ Idiots၊ Wanted၊ Reason တို့က သီဆိုဖျော်ဖြေကြမည် ဖြစ်သည်။ “ကျွန်တော်တို့ Myanmar Media Management ကို စပြီးတည်ထောင်ခဲ့ကတည်းက ကိုညီထွဋ်နဲ့ပဲ တွဲပြီး လုပ်ချင်တာပါ။ ကိုညီထွဋ်ကလည်း လုပ်ပေါ့။ ဒါပေမဲ့ ကိုညီထွဋ်က သူတစ်ဦးတည်းမဟုတ်ဘဲ လူငယ်တွေနဲ့အတူ လုပ်ချင်တဲ့အတွက်ကြောင့် အခုလို လူငယ်ရော့ခ်ပရိသတ်လည်း လက်ခံတဲ့ SIR အဖွဲ့နဲ့ တွဲဖို့စီစဉ် ဖြစ်တာပါ။ အင်ပါယာတီးဝိုင်းအနေနဲ့တော့ ကိုညီထွဋ်အပြင် မြို့တစ်မြို့မှ မိန်းကလေးအဆိုတော် တစ်ဦး စီနဲ့ တွဲဖက်သီဆိုဖို့ စီစဉ်ထားတယ်။ အခု အောက်တိုဘာ ၅ ရက် မှာကျင်းပမယ့်ရှိုးပွဲက နယ်လှည့်ဂီတ ဖျော်ဖြေပွဲရဲ့ ပွဲဦးထွက်ပွဲပါ” ဟု ကိုစည်သူသိန်းက ဆိုသည်။ “ကျွန်တော် ဒီလိုနယ်လှည့်ဂီတပွဲတွေကို ပြည်တွင်းမှာ သုံးကြိမ် ကျင်းပခဲ့ဖူးပါတယ်။ နောက်ဆုံးကတော့ Bagan FM ကလုပ်တဲ့ပွဲပါ။ အစီအစဉ် အသေးစိတ်ကိုတော့ နီးတော့မှ ပြင်ဆင်ကြမှာပါ။ အခုဖျော်ဖြေပွဲရဲ့ နောက်ဆုံးပွဲကိုတော့ ရန်ကုန်ပရိသတ်တွေနဲ့အတူ ကျင်းပမှာဖြစ်ပါတယ်” ဟု အဆိုတော် ဇော်ဝင်းထွဋ်က ဆိုသည်။ ၎င်း Music Tour ကို မန္တလေး၊ တောင်ကြီး၊ ပြင်ဦးလွင်၊ စစ်ကိုင်း၊ ပခုက္ကူ၊ ပုဂံ စသော ဒေသများတွင် တစ်ရက်လျှင် တစ်ပွဲနှုန်းဖြင့် ၂၀၁၃ ဒီဇင်ဘာလကုန်အထိ ကျင်းပသွားမည်ဖြစ်သည်။ Mizzima - News in Burmese
Posted on: Tue, 27 Aug 2013 09:03:32 +0000

Trending Topics



Recently Viewed Topics




© 2015