Facebook ဆိုတဲ့ Social Network ဟာ အပြင်လောကလိုပဲ။ အပြင်လောကမှာ မိတ်ဆွေတစ်ယောက်နဲ့ အလှမ်းကွာ မျက်ချေပြတ်သွားပြီ၊ ကင်းကွာသွားပြီဆိုရင် အဲ့သည့် မိတ်ဆွေ ဘာတွေ ဖြစ်နေတယ်၊ ဘာတွေ လုပ်နေတယ်၊ ဘာတွေ ပြောဆိုနေထိုင်နေတယ် ဆိုတာတွေ မသိ မမြင် မကြားရတော့သလိုဘဲ Facebook ပေါ်မှာလည်း တစ်ယောက်နဲ့ တစ်ယောက် အထိအတွေ့ အဆက်အဆံ မရှိတော့ဘူး၊ အပြောအဆို မရှိတော့ဘူး ဆိုရင် တင်သမျှ ပိုစ့်တွေ၊ စတေးတပ်နဲ့ ဓါတ်ပုံတွေ လှုပ်ရှားမှု စတာတွေကို New feeds မှာ လာလည်း မပြတော့၊ လာလည်း မပေါ်တော့၊ ရှိနေတယ် ဆိုတဲ့ သဘောသက်သက်သာပဲ ကျန်နေတော့တာ။ ပြောရရင် ဒီအချက်ဟာ Facebook ကို ကျွန်တော် နှစ်သက်စွဲလမ်း ရတဲ့အချက်တွေ များစွာထဲက တစ်ခုပေါ့။
Posted on: Sun, 08 Sep 2013 13:29:40 +0000
Trending Topics
Recently Viewed Topics
© 2015