GSM ဖုန်းတွေအတွက် New Services by Today - TopicsExpress



          

GSM ဖုန်းတွေအတွက် New Services by Today Myanmar ဖုန်းတော်တော်များများရဲ့ Call Setting ထဲကိုဝင်ကြည့်လိုက်ရင် Call Waiting ၊ Call Forwarding အစရှိတဲ့ Function တွေကိုပါဝင်တာ တွေ့ရပါလိမ့်မယ်၊ ဒါပေမဲ့ သုံးလို့မရပါဘူး ဘာလို့ လဲဆိုတော့ လက်ရှိ ကျွန်တော်တို့တွေသုံးနေတဲ့ MPT ကဖွင့်ပေးမထားလို့ပါပဲ ၊ ဟိုးအရင်ကတော့ မြန် မာနိုင်ငံမှာ အဲဒီ Service မပေးပါဘူး ၊ အခုကတော့ (ဘယ်တုန်းစရလဲသေချာမသိပါ) ပိုက်ဆံပေး ရင်လျောက်လို့ရပါပြီ ၊ Call Waiting ▬▬▬▬▬ Call Waiting ဆိုတာကတော့ မိမိဖုန်းပြောနေတဲ့အချိန်မှာ နောက်ထပ်ဖုန်း အ၀င် Call တစ်ခုထပ်လာရင် အသိပေးပါတယ် ၊ အဲဒီအချိန်မှာ လက်ရှိပြော နေတဲ့ဖုန်းကိုမချပစ်ဘဲ .. Hold ကိုနှိပ်ပြီး နောက်ထပ် ၀င်လာတဲ့ Call ကိုလက်ခံပြီးစကားပြောလို့ရတဲ့ Service ပဲဖြစ်ပါတယ်။ ဒီ Service ကတော့ ဖုန်းတစ်လုံးမှ အလွတ်မခံချင်တဲ့ လုပ်ငန်းရှင်သမားတွေအတွက်တော့ တော်တော်ကိုအသုံးဝင်တဲ့ Service တစ်ခုပဲဖြစ်ပါ တယ်။ အိမ်ကမိန်းမဆက်တာကိုမလွတ်စေချင်ရင်လဲ လုပ်ထားလိုက်ပေါ့နော် Call Forwarding ▬▬▬▬▬▬▬ Call Forwarding ဆိုတာကတော့ မိမိဖုန်းကဆက်သွယ်မှု့ဧရိယာပြင်ပ ရောက်နေတဲ့အခါမျိုးမှာ နောက်ထပ်အခြားနံပါတ်တစ်လုံးကိုအလိုလျောက် လွဲပြောင်းပေးတဲ့စနစ်ပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် မိမိမှာဖုန်းနှစ်လုံးရှိတယ် ဆိုပါစို့ ပထမတစ်လုံးမှာ ဒုတိယတစ်လုံးရဲ့နံပါတ်ကို Call Forwarding Service နဲ့ထည့်ထားလိုက်မယ် ၊ ပထမတစ်လုံးကို ခေါ်လိုက်တဲ့အခါမှာ ဆက်သွယ်မှု့ဧရိယာရောက်နေခဲ့မယ်ဆိုရင် ၊ ထည့်သွင်းထားတဲ့ ဒုတိယ ဖုန်းတစ်လုံးဆီကိုလွဲပြောင်းပြီးအလိုလျောက်ဖုန်းခေါ်ဆိုသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ Information Technology ကိုတာဝန်ယူထားတဲ့ MPT ကတော့ ဒီ Service တွေရနေ တယ်ဆိုတာကို သတင်းထားပြန်ထားတာ ဘယ်နေရာမှာမှ မတွေရပါဘူး ... (MPT ဆိုတာဘယ်လိုပြော မလဲ .. ပြောချင်သလိုသာပြောတော့ပေါ့နော် :D) ရတနာပုံတယ်လီပို့စ်ကိုဆက်သွယ်မေးမြန်းချက်အရတော့ ဒီ Service ကို 5 သိန်းတန် 450 ဖုန်းနဲ့ 1500 တန်ဖုန်းကလွဲရင်ကျန်တဲ့ဖုန်းတွေမှာ လျောက်လို့ရတယ်လို့တောပြန်လည်ဖြေကြားထားပြီး လျောက်ထား လိုရင် တော့ ရွှေဂုန်တိုင်ရုံးမှာလျောက်ထားနိုင်ပြီး လျောက်လွှာကြေးဘယ်လောက် မစရမလဲဆိုတာတော့ ရတနာပုံတယ်လီပိုစ် ကိုယ်တိုင်လဲမသိရှာပါဘူး ... လစဉ်ကြေး ▬▬▬▬ Call Waiting Service - လစဉ်ကြေး ၅၀၀ ကျပ် Call Forwarding Service - လစဉ်ကြေး 10 FEC
Posted on: Fri, 02 Aug 2013 07:40:52 +0000

Trending Topics



Recently Viewed Topics




© 2015