Knowledge 1- - TopicsExpress



          

Knowledge 1- နှာခေါင်းပေါက်တစ်ပေါက်စီဟာ အနံ့တွေကို အာရုံခံစားမှု့ချင်းမတူကြပါဘူး။ အနံ့တစ်ခုကို ချက်ချင်းအာရုံခံနိုင်တာ ညာဘက်နှာခေါင်းပေါက်ဖြစ်ပြီး အဲဒီအနံ့ဟာ ဘယ်လိုအရာတွေက ထွက်ပေါ်လာသလဲဆိုတာကို ခွဲခြမ်းစိတ်ဖြာနိုင်တာကတော့ ဘယ်ဘက်နှာခေါင်းပေါက်ပဲ ဖြစ်ပါတယ်။ 2- သူမကိုယ်သူမ အသန့်ရှင်းဆုံးလူသားလို့ သတ်မှတ်ထားတဲ့ Elizabeth I ဘုရင်မကြီးဟာ ( 3 )လနေမှ ရေတစ်ခါပဲ ချိုးပါသတဲ့ ။ ဒါတောင် လိုအပ်တယ်လို့ထင်မှသာ ချိုးတာပါ။ မလိုအပ်သေးဘူးလို့ထင်ရင်( 3 )လနေလို့တောင် ရေတစ်ခါမချိုးပါဘူးတဲ့။ 3- ကြမ်းပိုး ( Bed Bug )တွေဟာ လူတွေရဲ့သွေးကို စုပ်ယူစားသုံးပြီး အသက်ရှင်နေထိုင်ရတယ်ဆိုပေမယ့် တစ်နှစ်ကျော်ကျော်လောက်တော့ အစာမစားဘဲ အသက်ရှင်နေနိုင်ပါတယ်။ 4- မှတ်ဥာဏ်ကောင်းတဲ့လူတွေရဲ့ ဆံပင်ဟာ တခြားသူတွေရဲ့ ဆံပင်နဲ့ယှဉ်ရင် Zinc နဲ့ Copper ဓါတ်တွေ ပိုမိုပါဝင်နေပါတယ်။ 5- ဒိုမီနီကန်သမ္မတနိုင်ငံ ( Dominican Republic )ဟာ လက်ထပ်မှုအနည်းဆုံးအဖြစ် စံချိန်ဝင်ခဲ့တဲ့ နိုင်ငံပါ။ ဘာကြောင့်စံချိန်ဝင်ခဲ့သလဲဆိုတော့ 1994ခုနှစ်က ကောက်ယူတဲ့ စစ်တမ်းတွေအရ လူတစ်ထောင်မှာ နှစ်ယောက်နှုန်းသာအိမ်ထောင်ပြုလို့ပါပဲ။ 6- ကြောင်လေးတွေမှာ အသံကွဲပေါင်း 100 ကျော် ရှိပါသတဲ့။ 7- နှုတ်ခမ်းနီအများစုမှာ ငါးအကြေးခွံတွေက ပါဝင်ပစ္စည်းအဖြစ် ပါဝင်နေပါသတဲ့။ Fashion Image Magaziine June 2013
Posted on: Tue, 11 Jun 2013 09:35:46 +0000

Trending Topics



Recently Viewed Topics




© 2015