Kyaw - TopicsExpress



          

Kyaw San တရုတ်ဗဟိုစစ်တပ်ကော်မရှင် ဒုဥက္ကဌ မြန်မာမှာရောက်ရှိနေ ရေးသားချိန် 23 July 2013, 10:54 AEST တရုတ်နိုင်ငံက ဗဟိုစစ်တပ်ကော်မရှင် ဒုဥက္ကဌဟာ မနေ့ကတည်းက မြန်မာနိုင်ငံကို ရောက်ရှိနေပြီး မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး တိုးမြှင့်လိုတဲ့အတွက် လာရောက်တာဖြစ်ကြောင်း သိရပါတယ်။ တရုတ်နိုင်ငံ ဗဟိုစစ်တပ်ကော်မရှင် ဒုဥက္ကဌ Fan Changlong ရဲ့ သုံးနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံကို လာရောက်တာဖြစ်ပြီး ထိုင်းနိုင်ငံနဲ့ Kazakhstan နိုင်ငံကို လည်ပတ်ဖို့ ရှိကြောင်း သိရပါတယ်။ ရန်ကုန်မြို့ နိုင်ငံတကာလေဆိပ်အရောက်မှာ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်အရ တရုတ်အရာရှိရဲ့ လည်ပတ်မှုဟာ တရုတ်-မြန်မာ နှစ်နိုင်ငံကြား အားလုံးပြည့်စုံပါဝင်တဲ့ နည်းဗျူဟာ ပူးပေါင်းမှု ရရှိရေး၊ နှစ်နိုင်ငံကြား နားလည်မှု မြှင့်တင်ရေး၊ အမြင်တူမှုတွေ စုစည်းရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းကို နှစ်နိုင်ငံ ပူးပေါင်း လုပ်ဆောင်ရေးအတွက် လာရောက်တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲ့ဒါ့အပြင် နှစ်နိုင်ငံ စစ်တပ်အကြား ပူးပေါင်းရေးနဲ့ ဒေသတွင်းမှာ တည်ငြိမ်အေးချမ်းမှု ဆက်လက် ထိန်းသိမ်းဖို့အတွက် နှစ်နိုင်ငံ စစ်တပ် ပူးပေါင်း လုပ်ဆောင်ရေးအတွက် လာရောက်လည်ပတ်တာလည်း ဖြစ်ပါတယ်။ မြန်မာနဲ့ တရုတ် ပြည်သူတွေသာမက နှစ်နိုင်ငံ စစ်တပ်တွေဟာလည်း နှစ်ပေါင်းများစွာကတည်းက ပေါက်ဖော်အဖြစ် ပေါင်းသင်းနေထိုင်လာကြတာဖြစ်ပြီး ဒီဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းဖို့ တရုတ်နိုင်ငံ စစ်တပ်အရာရှိ Fan Changlong က ပြောပါတယ်။ တရုတ်နိုင်ငံ ဗဟိုစစ်တပ်ကော်မရှင် ဒုဥက္ကဌဟာ ဒီကနေ့မှာတော့ မြန်မာနိုင်ငံ စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံဖို့ရှိတယ်လို့လည်း သိရပါတယ်
Posted on: Fri, 26 Jul 2013 02:07:38 +0000

Trending Topics



Recently Viewed Topics




© 2015