Lier! Lier! - TopicsExpress



          

Lier! Lier! Lier! ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မြောက်ကိုရီးယားအသင်း ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယား ရုပ်သံဌာနတစ်ခုက ထုတ်လွှင့်သွားခဲ့ပါတယ်။ စစ်အာဏာရှင် ကန်ဂျုံအန် အုပ်ချုပ်နေတဲ့ မြောက်ကိုရီးယားမှာ ဆံပင်ပုံစံကအစ ဇာတ်ကားကြည့်တာအဆုံး လွှမ်းမိုးချုပ်ကိုင်ခံနေရပြီး မီဒီယာတွေကလည်း သူတို့နိုင်ငံတွင်းက အဖြစ်ဆိုးတွေကို ဖုံးလွှမ်းထားကြပါတယ်။ သတင်းကောင်းတွေပဲ ထုတ်လွှင့်တဲ့ မြောက်ကိုရီးယား မီဒီယာတွေဟာ ဒီတစ်ခါမှာလည်း မြောက်ကိုရီးယားအသင်း ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ကစားရတော့မယ်လို့ ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ အုပ်စုအဆင့် ပွဲစဉ်တွေမှာ ဂျပန်ကို (၇)ဂိုး၊ အမေရိကန်ကို (၄)ဂိုး၊ တရုတ်အသင်းကို (၂)ဂိုးပြတ် အနိုင်ရပြီး ပေါ်တူဂီနဲ့ ကမ္ဘာ့ဖလား ချန်ပီယံအဆုံးအဖြတ် ခံယူရမယ်လို့ မြောက်ကိုရီးယား ရုပ်သံလိုင်းက ဖော်ပြသွားခဲ့တာပါ။ တကယ်တော့ မြောက်ကိုရီးယားဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲတောင် အောင်မြင်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီသတင်းမှာတော့ အရင်တုန်းက မြောက်ကိုရီးယားအသင်း ဂိုးသွင်းပြီး အောင်ပွဲခံခဲ့တဲ့မှတ်တမ်းတွေနဲ့ တွဲဖက်ဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီးယားက ထုတ်လွှင့်ခဲ့တာကို သတင်းရင်းမြစ်တစ်ရပ်က youtube မှာ တင်ခဲ့တာလို့ သိရပါတယ်။ According to the North Korean media. North Korea have qualified for the World Cup Final in Brazil, where they will face the might of Cristiano Ronaldo and Portugal. Thats what the state-run North Korean TV station are telling the nation, with this news report including footage of matches that were clearly played years ago in empty stadia. Apparently, North Korea got to the final after beating Japan 7-0, USA 4-0 and China 2-0 in the group stages.
Posted on: Mon, 14 Jul 2014 01:52:43 +0000

Trending Topics



Recently Viewed Topics




© 2015