Major fire in Phuket မနေ့က super cheap ဆိုတဲ့ shopping mall ကြီး မီးလောင်ပြာကျသွားခဲ့ရှာပါပြီ၊ သတင်းထဲမှာပြောထားတာကတော့ အထဲမှာ လူအယောက် ၁၀၀၀ လောက်ရှိနေတယ်ပြောပါတယ်၊ ဘယ်နှစ်ယောက်သေတယ်ဆိုတာကိုတော့ မပြောသေးပါဘူး၊ Supper Cheap ဆိုတာ ဖူးခက်မြို့မှာ နေထိုင်ပြီး အလုပ်လုပ်နေကြတဲ့ မြန်မာလူမျိုးအများဆုံး အလုပ်လုပ်တဲ့နေရာပါ၊ အသိ မိတ်ဆွေ ဒကာ - ဒကာများလည်း အများကြီးရှိပါတယ်၊ ရွှေစဉ်တိပိဋက ဆရာတော် ၃ ပါး မကြာမကြာ သွားရောက်ချီးမြောက်လေ့ရှိတဲ့ နေရာပါ၊ တစ်ဈေးလုံးမှာရှိတဲ့လူတွေအကုန်လုံးနီးပါး မြန်မာလူမျိုးတွေကြီးပါ၊ အခုတော့ အခြေအနေကို စုံစမ်းကြည့်နေပါတယ်၊ ဒကာ-ဒကာမများ ဘေးအန္တရာယ်ကင်းရှင်းကြပါစေဗျာ။
Posted on: Thu, 17 Oct 2013 17:24:52 +0000
Trending Topics
Recently Viewed Topics
© 2015