Prey and Predator - TopicsExpress



          

Prey and Predator (သားကောင်နဲ့သားရဲ) တနေ့၊ ကျွန်တော်ရဲ့ ချစ်ခင်တဲ့ ဂျာနယ်လစ် တစ်ဦးအလည်လာတယ်။ ကျွန်တော်က ဂျာနယ်လစ်ဆို . . . ငယ်ငယ်ကတည်းက . . . . killing field ဆိုတဲ့ ဇာတ်ကားကြည့်ပြီး သဘောကျခဲ့တာ။ အခုလည်း killing field ထဲက ဂျာနယ်လစ်တွေကို ချစ်ခင်လျှက်ပါ။ ကျွန်တော် တက်နိုင်တဲ့ သိထားသမျှ အနည်းငယ် ပိစိကွေးကိုလည်း မျှဝေဖို့အသင့်ပါ။ သူသိချင်တာက ရွှေဘိုစပါးခင်းတွေမှာ တောင်သူတွေစိတ်ညစ်နေတဲ့အကြောင်း၊ တရားခံက ကြွက်တွေ။ လူတ၀က်၊ ကြွက်တ၀က် အထူးအထွက်တိုးစပါး။ သြော်လူတွေနဲ့ ကြွက်တွေ စစ်ခင်း ကြပြီပေါ့လေ။ စိတ်မကောင်းတာနဲ့ စိတ်ဝင်စားတာက တစ်ချိန်ထဲ။ ကျွန်တော်တို့ရဲ့ Ecosystem မြွေနဲ့ကြွက်၊ သိန်းငှက် သူ့ဟာနဲ့သူ။ မြွေတွေကိုရောင်း၊ ကြွက်ရဲ့ population ပေါက်ကွဲမှုကကြောက်စရာ။ မြွေတွေကို တရုတ်ပြည်ပို့ရင်း လမ်းမှာအဖမ်းအဆီးရှိရင် လမ်းကတောတွေ၊ ချောက်တွေထဲပြစ်ချခဲ့တဲ့ ကားဆရာတွေ၊ သေတဲ့မြွေကသေ၊ ပြတ်တဲ့မြွေကပြတ်၊ ရှင်သန်ခဲ့တဲ့ မြွေပွေး၊ မြွေဟောက်က အေးတဲ့ဒေသမှာ ရှင်သန်ဖို့ကြိုးစား၊ ခက်ခက်ခဲခဲပါ။ ရှင်သန်ရှင်းနဲ့ဒေသခံမြွေနဲ့ ချစ်ကြည်မှုယူ၊ မလိုအပ်တဲ့ မျိုးစိတ်သစ်တွေ။ ထောက်ပြမဲ့ ပညာရှင်မရှိ။ ရှမ်းပြည်မှာ ပြောကြတယ်။ အရင်ကမြွေဆိုးမရှိဘူးတဲ့။ အခုတွေ့နေရပြီ။ လူတွေရဲ့ ဆိုးယုတ်မှုကို လူတွေပဲ ပြန်ခံစားရမှာပဲလေ။ "Cause and effect" ကံကံရဲ့အကျိုး မငြင်းနဲ့။ Biological control တစ်ခု ပြောပြချင်ပါတယ်။ အဖိုးတန် ဂျုံ၊ စပါး၊ ကန်ဇွန်းဥ စိုက်တဲ့ အခင်းရဲ့ ပေ ၂၀ ပတ်လည်အကွာမှာ ပဒိုင်းပင်တွေပတ်ပတ်လည် စိုက်ထားရင် ကြွက်စိတ်ညစ်ပါတယ်။ Chemical control တွေ၊ Technological control တွေကိုတော့ ရှင်းပြရမှာ အများသားမို့ . . . ဘာပဲဖြစ်ဖြစ် သစ်ပင်တွေလည်းရှိမှ . . . ဖားတွေလည်းပေါမှ . . .မြွေတွေလည်းရှိအုန်းမှ . . . သိန်းငှက်တွေရဲ့ အစာတွေကလည်း အဆိပ်မသင့်တဲ့ ကြွက်တွေဖြစ်နေမှာလေဗျာ။ ရွှေဘိုသား၊ လှတောက ကျွန်တော့်ရဲ့သူငယ်ချင်း Dr. ခင်မောင်ဦးကပြောဘူးတယ်။ သူတို့ရဲ့ ရွာမှာ စိုက်ပျိုးရေးက အပိုင်သေချာတဲ့ ရွှေနေကြာကိုစိုက်ဆိုတဲ့ ဆိုင်းဘုတ်လာချိန်ဖူးတယ်တဲ့။ လှတောသားက မြေဖြူနဲ့ အောက်မှာ သေသေချာချာလေးရေးပေးလိုက်တယ်။ "သွားမလုပ်နဲ့ နွားပြုသွားမယ်တဲ့" လှတောသားတို့ ကြွက်နဲ့ စိတ်ညစ်နေတာကြားတော့ စိတ်မကောင်းဘူးဗျာ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ပျက်ယွင်းနေတဲ့ အရပ်ဒေသမှာ သားကောင်ဖြစ်လိုက်သားရဲ့ ဖြစ်လိုက်နဲ့ပါပဲ။ လေးဖြူရဲ့သီချင်း အမဲလိုက်အကလိုပေါ့ဗျာ။
Posted on: Wed, 17 Jul 2013 06:15:36 +0000

Trending Topics



Recently Viewed Topics




© 2015