RedLink ကုမ္ပဏီအား - TopicsExpress



          

RedLink ကုမ္ပဏီအား အများပိုင်ကုမ္ပဏီအဖြစ် ဆောင်ရွက်မည် Wednesday, October 9, 2013 RedLink ကုမ္ပဏီအား အများပိုင်ကုမ္ပဏီအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း RedLink Communications ကုမ္ပဏီလီမိတက်မှ Vice Chairman နှင့် Co-Founder ဖြစ်သူ ဦးသိန်းသန်းတိုးက ပြောသည်။ အဆိုပါကုမ္ပဏီ၏ အနာဂတ်ဆောင်ရွက်ချက်အဖြစ် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ ၃-၁၀-၂၀၁၃ ရက်နေ့က ကျင်းပခဲ့သည့် 2nd Into Myanmar Telecoms & IT Submmit 2013 တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ “အများပိုင်ပြောင်းဖို့ လုပ်နေဆဲကာလပါ။ ဆောင်ရွက်သင့်တာ ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောကြားသည်။ ၎င်းကုမ္ပဏီ၏ အနာဂတ်ကာလစီမံချက်၊ ဆောင် ရွက်ချက် ၁၀ ခု ဝန်းကျင်ခန့်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ၎င်းဆောင်ရွက်ချက်များမှာ ဖိုင်ဘာကွန်ရက်လုပ်ငန်းခွင်များ ပိုမိုတိုးချဲ့ခြင်း၊ အရောင်းနှင့် ဝန်ဆောင်မှုစင်တာများ တိုးချဲ့ဆောင်ရွက်ခြင်းတို့ ပါဝင်သည်။ ၎င်းင်းအပြင် အရောင်းကိုယ်စားလှယ်များတိုးချဲ့ခြင်း၊ ဒေတာစင်တာ များဆောင်ရွက်ခြင်း၊ ၀ိုင်ဖိုင်ကွန်ရက်တိုးချဲ့ခြင်း၊ ၀ိုင်ဖိုင်ကွန်ရက်အတွက် ပူးပေါင်းဆောင်ရွက်သူများ တိုးချဲ့ခြင်း အစရှိသည်တို့ ပါဝင်ကြောင်း သိရသည်။ ကွန်ရက်တိုးချဲ့ခြင်းစီမံကိန်းများ ဆောင်ရွက်ခြင်းလည်း ပါဝင်ကြောင်း တွေ့ရသည်။ ပြည်ပမှ အော်ပရေတာများဝင်ရောက်ချိန်တွင် ယှဉ်ပြိုင်ရမည့်အပိုင်းရှိသော် လည်း အားသာချက်အပိုင်းများလည်း ရှိကြောင်း ဦးသိန်းသန်းတိုးက သုံးသပ်ပြောကြားသည်။ “အချင်းချင်း ဝေမျှလို့ရတာအများကြီးရှိတယ်။ ဥပမာ- လုပ်ငန်းခွင် (Site) တွေပေါ့။ သူတို့က ကျွန်တော်တို့ဆီက အချို့ဆိုက်ကိုပေးသုံးဖို့ ဆွေးနွေးသလို သူတို့ဆိုက်တွေလုပ်ရင်လည်း ကျွန်တော်တို့ပြန်ငှားလို့ရတယ်။ ကိုယ်ရှိတာသူ့ကိုငှား၊ သူရှိတာ ကိုယ့်ကိုငှားအပြန်အလှန်ပေါ့” ဟု ပြောကြားသည်။ ဖိုင်ဘာကွန်ရက် သွယ်တန်းရာတွင်လည်း အပြန်အလှန်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ၎င်းဆောင်ရွက်ချက်များမှာ ရလဒ်ကောင်းများဖြစ်ကြောင်း ပြောကြားသည်။ ထွန်းထွန်း Internet Journal
Posted on: Wed, 09 Oct 2013 04:14:34 +0000

Trending Topics



Recently Viewed Topics




© 2015