Success & Social Network ( အောင်မြင်မှု - TopicsExpress



          

Success & Social Network ( အောင်မြင်မှု နှင့် လူမှုရေးကွန်ယက်) ၁၆.၆.၂၀၁၃ (တနင်္ဂနွေနေ့) နေ့လည် ၁ နာရီမှာ မျှဝေ ဆွေးနွေးသွားပါမည်။ အောင်ကိုဦး(UMK) ဆိုတာ ဘယ်သူလဲ …… ? ရန်ကုန်မြို့၊ ဦးမြကြိုင် အင်္ဂလိပ်ဘာသာစကား သင်တန်းကျောင်း မှ အင်္ဂလိပ်ဘာသာစကားဆရာ တစ်ယောက်ဖြစ်ပြီး “အောင်ကိုဦး (UMK)၊ အောင်ကိုကို(အမ်း)” အမည်များဖြင့် Education Digest Journal, Academic Weekly Education Journal, the Union Daily Newspaper, TechSpace Journal, British Council; Myanmar Network တွေမှာ အင်္ဂလိပ်ဘာသာစကားဆိုင်ရာ၊ ပညာရေးဆိုင်ရာ၊ လူငယ့်ရေးရာ၊ ဘဝအောင်မြင်ရေးဆိုင်ရာ ဆောင်းပါးများကို ရေးသားနေသည့် အပြင် facebook/aungkou facebook နှင့် siraungkou-umk.blogspot စသည့် ကိုယ်ပိုင် blog တွင်လည်း အင်္ဂလိပ်ဘာသာစကား သင်ခန်းစာများ၊ ဆောင်းပါးများကို နေ့စဉ် တင်ပေးလျှက်ရှိနေသည့် (၂၇) နှစ် အရွယ် လူငယ် စာရေးဆရာ၊ သင်တန်းဆရာ တစ်ယောက်ဖြစ်ပါတယ် ။ အခမဲ့ အွန်လိုင်း အင်္ဂလိပ်ဘာသာစကား သင်တန်း (General English 4 Skills Class online free) ဖွင့်လှစ်ကာ အွန်လိုင်း သင်တန်းသား ၅၀၀၀ နီးပါးကို အွန်းလိုင်းမှ အခမဲ့ ပို့ချ ပေးလျှက် ရှိပါသည်။ Barcamp Yangon 2013 တွင်လည်း Choice of Future for the Youth (လူငယ်များအတွက် အနာဂတ်ဘဝ ရွေးချယ်မှု) ၊ Foreign Investment & The Role of Youth (နိုင်ငံခြားရင်းနှီးမြှပ်နှံမှု နှင့် လူငယ်များ၏ အခန်းကဏ္ဍ) ခေါင်းစဉ်များ ဖြင့် ပါဝင် ဆွေးနွေးခဲ့ပါသည်။ ဘာတွေ ဆွေးနွေးမှာလဲ ……? ဘဝမှာ လူတစ်ယောက်အတွက် အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်တွေက ဘာတွေလဲ …? အနာဂတ်အောင်မြင်မှုအတွက် ဘာတွေ ပြင်ဆင်ရမလဲ … ? ဘယ်လို လုပ်မလဲ …? အောင်မြင်မှုအတွက် လူမှုရေးကွန်ယက် ကို ဘယ်လို အသုံးပြုနိုင်လဲ … ? ဘယ်လောက် အထိ ထိရောက်မှု ရှိလဲ … ? စတဲ့ အချက်အလက်တွေကို မျှဝေ ဆွေးနွေးသွား မှာ ဖြစ်ပါတယ် ……။ စိတ်ပါဝင်စားသူများ အားလုံးကို လာရောက်ကြဖို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါတယ်။ အောင်ကိုဦး (UMK) Be the Best !
Posted on: Sat, 15 Jun 2013 15:12:12 +0000

Trending Topics



Recently Viewed Topics




© 2015