VDO - TopicsExpress



          

VDO ကားကောင်းကောင်းလေးတွေ မကြည့်ရတာ ကြာပီ ...ထွက်လည်း မထွက်ဘူး နောက်ဆုံးကြည့်တဲ့ ဇာတ်ကားတွေထဲမှာ ဆိုရင် ... White House Down ဆိုတဲ့ ဇာတ်ကားလေး ကောင်းတယ် ...သူလို အိမ်ဖြူတိုက်ခိုက်ခံရတဲ့ သူ့အရင်ကြည့်ရတဲ့ Olympus has fallen ဇာတ်ကားကတော့ တော်တော်ဖွတ်တဲ့ကားဗျ ။ မကြည့်ရသေးရင် ကံကောင်းတာပဲ မစွံဘူးဗျ ။ နောက်ထပ် ဖျော်ဖြေရေးကားလေးကတော့ Man of Steel ဆိုတဲ့ ကားလေးပေါ့ဗျာ ..စူပါမင်းကားတွေ ထုံးစံအတိုင်းပေါ့ဗျာ ..ကြည့်ရတာ တန်ပါတယ် ။ အဲ ခုရှဲတဲ့ Phone Booth ဒီဇာတ်ကားကတော့ဗျာ တော်တော်ကောင်းတဲ့ တန်းမြင့်ကားတစ်ကားပေါ့ ...ထွက်ထားတာ တော်တော်ကြာပီ ။ ကျွန်တော်ဒီကားလေးကို ပြန်ကြည့်ချင်တာ မန်းလေးက ခွေဆိုင်တွေမှာ လိုက်ရှာတာ ဘယ်ထဲကမှ ရှာမရဘူး ။ ရန်ကုန်မှာဆိုရင်တော့ ဟိုဆိုင်ကြီးမှာ သေချာပေါက်ရမှာပေါ့ဗျာ .. .DVD ဒါမှ မဟုတ် blu ray ကို ရနိုင်တယ် ။ ဇာတ်ကားလေးက အသွက်ဗျ ။ အက်ရှင်ကားတော့ မဟုတ်ဘူး ။ စိတ်ဝင်စားစရာ ဇာတ်လမ်းကို တစ်ကားလုံး phone booth နားမှာပဲ ဇာတ်လမ်းလုပ်ရိုက်သွားတာ မိုက်ချက် ။ ခွေဆိုင်ရောက်လို့ ဒီကားလေး ရှာကြည့်ပီး တွေ့တယ်ဆိုရင်တော့ ရှယ်ပဲ ဇာတ်ကားကောင်းတစ်ကား ရပီပေါ့ ... ကျွန်တော်တော့ ပြန်ကြည့်ချင်တာ ... ရန်ကုန်ရောက်ဖြစ်မှပဲ သွားရှာတော့မယ် .... nighty nite .....:)
Posted on: Wed, 30 Oct 2013 17:20:21 +0000

Trending Topics



Recently Viewed Topics




© 2015