Web developer တစ်ယောက် ဖြစ်ချင် - TopicsExpress



          

Web developer တစ်ယောက် ဖြစ်ချင် သူများအတွက် အခုခေတ်ဟာ IT ခေတ်ဖြစ်တာနှင့် အညီ အလုပ်အကိုင် အခွင့် အလမ်းများ ဟာ လည်း ပိုမို လာသဖြင့် လူငယ်များ သည် IT technician များအဖြစ် ရပ်တည်ရန် စိတ်အား ထက်သန်လာကြပါသည်။ ထိုအထဲ တွင် web developer ဖြစ်ချင် သူများလည်း အများအပြားရှိကြသည်။ ၄င်းတို့သည် သင်တန်းများကို အပြေး အလွားတတ် ကြသည်။ ထို့ကြောင့် သင်တန်း ဖွင့်ခြင်း စီးပွားရေး သည် အရှိန် အဟုန်မြင့်လာခဲ့သည်။ ထို အချက် နှင့် ပတ်သက်၍ ကာတွန်းလေးတစ်ခု ကို သတိရမိပါသည်။ ထိုကာတွန်းထဲတွင် ဆွဲထားသည်မှာ သင်တန်းများမှိုလိုပေါက်နေခြင်း ဖြစ်သည်။ သင်တန်းများမှာလည်း ဟာသမြောက်သည် ငှက်ပျော်သီး အခွံခွာ နည်းသင်တန်း၊ ခဲတံချွန်နည်း သင်တန်း (တစ်ယောက် စက်တစ်လုံးဖြင့် သင်ပေးသည်)၊ သင်တန်းဖွင့်နည်း သင်တန်း ဟု ရေးသား သရော်ထားသည်။ သင်တန်းများလာသည် နှင့် အမျှ သင်တန်းတက်ချင်သူလူငယ်များ မှာလည်း သင်တန်း ရွေးရသော အခါ ဒုက္ခများလာကြသည်။ ပေးရသော ပိုက်ဆံ နှင့် ပြန်ရသော ပညာ မတန် သော အခြေအနေများ ဖြစ်လာသည်။ ထိုသို့ဖြစ်လာရခြင်းမှာလည်းအကြောင်းများစွာရှိသည်။ သင်တန်းများ များလာသည်နှင့် အမျှ သင်တန်းသားပိုမိုလို အပ်လာကြသည်။ ထို့ကြောင့် အရာရာ ကို အာမခံ၍ ဖြစ်နိုင်သည် ဟုသာပြောလာကြသည်။ အရည်အချင်း မတူသော ကျောင်းသား များကို တစ်တန်းထဲ ထား၍ သင်ကြားသော အခါ အရည်းအသွေး နိမ့်သူမှာ ပြတ်ကျန်ခဲ့ပြီး မြင့်သူမှာ ပျင်းစရာ ကောင်းလှသည်။ ထိုသို့ခွဲခြားသင်ပြန်လျင်လည်း သင်တန်း ခန်းတွင် လူ ပြည့်မည်မဟုတ်။ လူလျော့၍ ဈေး ပိုယူလျင်လည်း တက်ကြမည်မဟုတ်။ထိုသို့သော အခက်အခဲများကြားတွင် လူငယ်များတွက် အကြံပေးလိုသည်မှာ အမှတ်တကယ်တတ်ချင်ပါသလား ကိုယ်တိုင်လေ့လာသင်ကြားပါ၊ လေ့ကျင့်ပါ။ သင်တန်းမှသင်ကြားပေးသည်မှာ အခြေခံဟု မှတ်ယူပါ။ Developer တစ်ယောက်အနေဖြင့် စဉ်းစားတွေးခေါ်ရမည်ကို ကြောက်ရန်မဖြစ်၊ ခေါင်းပူနေအောင်တွေးပေးရမည်။ ထို့မှသာ အခက်အခဲများကြုံလာပါက ဖြေရှင်းနိုင်ပါလိမ့်မည်။ အချို့သော ကျောင်းသားများက သင်တန်းပြီး၍ သင်တန်းမှ ပေးသော project တစ်ခုကို လုပ်နိုင်လျင် တတ်ပြီဟု ယူဆတတ်ကြသည်။ အမှန်က တကယ့်လက်တွေ့တွင် ထို့ထက်ရှုပ်ထွေးသော project များကိုသာ တွေ့ကြရမည်ဖြစ်ပါသည်။ Developer တက်ရန်ရည်ရွယ်သူများသည် programming fundamental ကို အရင်လေ့လာသင့်ပါကြောင်း နိဂုန်းချုပ်လိုက်ရပါသည်။ contact us: 01-1221275 new worth company (web development service) create your website with us.
Posted on: Fri, 16 Aug 2013 07:03:37 +0000

Trending Topics



Recently Viewed Topics




© 2015