facebook - TopicsExpress



          

facebook အဟက်မခံရအောင်ဘယ်လိုကာကွယ်ကြမလဲ ကျွန်တော်တိုတိုနဲ့ရှင်းရှင်းပဲရေးပါ့မယ်.. ၁. fake login facebook တွေထဲမဝင်ပါနဲ့ .ဥပမာ အခြား website တွေထဲဝင်မွှေရင်း facebook icon ပဲတွေ့တွေ့၊ facebook login here ပဲတွေ့တွေ့ မဝင်ပါနဲ့ facebook/ မဟုတ်ရင်လုံးဝမဝင်ပါနဲ့။ အပေါ်ကbar မှာကြည့်လို့ရပါတယ်။ ၂. facebook ကို login အမြဲမဖွင့်ထားပါနဲ့။ ၃. facebook ပေါ်က link တွေကို ကိုယ်တိုင်နားမလည်ရင်မဝင်ပါနဲ့။ ၄. မိမိ မသိသောသူများကို friend request လုပ်လာရင်သေချာစစ်ဆေးပြီးမှလက်ခံပါ။ ၅. firefox သုံးရင် tool ထဲဝင် clear history ကိုဖွင့် time range to clear မှာ everything လို့ထားပါ၊ details မှာ အကုန်အမှတ်ခြစ်ပြီး clear now ကိုနှိပ်လိုက်ပါ။ သုံးပြီးတိုင်းရှင်းပြစ်ပါ။ ၆. ဆိုင်မှာသုံးသုံး။ အများသုံး wifi တွေမှာသုံးသုံး စိတ်မချရပါ။မိမိ data ကိုဖောက်လို့ရပါသည်။ ရ. keyprowler နှင့် keyboard tracer software များတပ်ဆင်ထားသလားစစ်ဆေးပါ။ spy keyboard များကိုလဲစစ်ဆေးပါ။ ၈. facebook security ကိုမြှင့်ထားပါ။ ၉. password ကို symbol များ ဖြင့်တွဲထားပါ။ ဥပမာ..lwinoo12345%(2014)$ ၁၀. မိမိ facebook ထဲမှ about ကိုသွားပါ..gmail / email / facebook email များကို hidden နှင့် only me လုပ်ထားပါ။ ၁၁. မိမိ friends များကို လွယ်ကူစွာမမှတ်မိနိုင်သောကြောင့် facebook မှ friends ကိုဖွင့်ပြီး computer ထဲမှ All program ထဲမှ accessories ထဲမှ snipping tool ဖြင့်ဓါတ်ပုံရိုက်ပြီး file တစ်ခု ဖွင့်ပြီးမှတ်ထားပါ။ Lock ကျသည့်အခါ friends ဓါတ်ပုံများဖြင့်ဖြေဆိုသည့်အခါအဆင်ပြေရန်ဖြစ်ပါသည်။ ၁၂.ဖောက်ထွင်းမည့်သူသည် သင့်ထံသို့ friend request အား ထိုသူပိုင် facebook သုံးခုဖြင့်အပ်ပြီး forget your password နည်းဖြင့် သူ့ထံသို့ code များယူသွားပါလိမ့်မည်။ထို့ထက်ထပ်မရှင်း ပြတော့ပါ။ ၁၃. facebook lock ကျသွားလျှင်နိုင်ငံရပ်ခြားမှမိတ်ဆွေများကိုဖုံးဖြင့်ဖြစ်စေ gmail ဖြင့်ဖြစ်စေ အကူအညီရယူပြီး ထိုသူတို့၏ ဖုံးနံပါတ်အားရိုက်ထည့်ပြီး code ရယူပါ။ ( online free phone and free sms များကို ကျွန်တော်စမ်းသပ်ပြီးပါပြီ..အစဉ်မပြေပါ) ညီအကိုမောင်နှမများအားလုံး မသမာသူများ၏ facebook အဟက်ခံရခြင်းမှကင်းလွတ်ကြပါစေ.. လွင်ဦးဟန်
Posted on: Mon, 26 Aug 2013 11:15:03 +0000

Trending Topics



Recently Viewed Topics




© 2015