m/ - ဒီ Sign ကို - TopicsExpress



          

m/ - ဒီ Sign ကို တော်တော်များများသိကြမှာပေါ့ ..Long live Rock N Roll ဆိုပြီး ထင်ရှားလာပေမယ့် ဒီသင်္ကေတရဲ့  အကြောင်းတွေအများကြီးရှိပါတယ်.. bro Thawdar Myint Han နဲ့ လက်ဖက်ရည်ဆိုင်မှာ ပွားရင်း သူပြောတာတွေ နားထောင်ရင်း ဒါရေးဖို့ အကြံရလာလို့ ...... ဒီ သင်္ကေတဟာ အီတလီနဲ့ မက်ဒီတေးရီးယန်း ဒေသ ဘက်မှာ သမိုင်းဦးခေတ်ထဲက စတင်ပေါ်ပေါက်ခဲ့တာပါ .အီတလီလို “Mano Cornuto ' လို့ ခေါ်ပြီး မကောင်းဆိုးဝါးတွေကို အနားမလာနိုင်အောင် မောင်းထုတ်တဲ့အနေနဲ့ သုံးခဲ့ကြပါတယ်..နောက် ကံကြမ္မာဆိုး-အညံ့ တွေကိုနှိမ်နင်းတဲ့အနေနဲ့ သုံးခဲ့ပါတယ်. နောက်အယူတစ်ခုကတော့ ဂရိ မိစ္ဆာနတ်ဘုရား Goat of Mendes ရန်က ကာကွယ်ဖို့ ဆိုပြီး စတင် သုံးခဲ့ကြပါတယ်တဲ့ .. ဘရာဇီး အာဂျင်တီးနားဘက်က လူတွေ အယူ ကတော့ သူတို့ ဆီ ဖျားနာခြင်းတွေ ကံဆိုးမိုးမှောင် တွေ မကျရောက်အောင် ဒီ သင်္ကေတ ကို အသုံးပြုကြပါတယ်. ဒီ Horn Sign ကို အသုံးပြုခြင်းနဲ့ သူတို့ မှာ Supernatural စွမ်းအားတွေ ရရှိလာတယ်လို့ ယုံကြည် ခဲ့ကြတယ်.. နောက် အီတလီ meaning တစ်ခုက ဒီ သင်္ကေတ နဲ့ လူတယောက်ယောက်ကို ညွှန်ပြလို့ ရှိရင် အဲ့လူမိန်းမက တခြားတယောက်ယောက်နဲ့ ဖောက်ပြားနေတယ်လို့ လည်း ရည်ရွယ်တယ်. Horn Sign ကို စေတန် သင်္ကေတ မကောင်းတဲ့ သင်္ကေတ အဖြစ် နောက်ပိုင်းလူတွေက သတ်မှတ် လာကြပြီး .ဒီသင်္ကေတ အသုံးပြုရင် နတ်ဆိုးတွေနဲ့ အဆက်အသွယ်ရတယ်လို့ လဲ မှတ်ယူခဲ့ကြ ပြန်တယ်...စေတန် သင်္ကေတ-နတ်ဆိုးသင်္ကေတ အဖြစ် Mano Cornuto က နာမည်ကျော်လာပါတယ်. Rock ဂီတ မှာ စတင်အသုံးပြုတယ်လို့ သတ်မှတ်ခံရတာကတော့ ဘီးလ်တဲစ် တီးဝိုင်းရဲ့  John Lennon ဖြစ်ပြီး 1969 သူတို့ အဖွဲ့ ရဲ့ Yellow Submarine ဆိုတဲ့ အယ်ဘမ် ကာဗာ (ကာတွန်း) ပုံမှာ John Lennon က ဒီသင်္ကေတ ကို Paul McCartney ရဲ့ ခေါင်းပေါ်မှာ ပြနေတဲ့ပုံလေးပါ .. အဲဒီ့သင်္ကေတနဲ့ Paul McCartney သေဆုံးသွားပီလို့ ကောလဟာလတွေ အကြီးအကျယ် ထွက်ခဲ့ပါသေးတယ်.. နောက် ဒီသင်္ကေတကို ထင်ရှားလူသိများလာစေတဲ့လူကတော့ Heavy Metal ရဲ့ ဖခင်ကြီး တစ်ယောက်ဖြစ်တဲ့ Ronnie James Dio ပါ ..သူဟာ သူ့ အီတလီလူမျိုး အဖွား က နတ်ဆိုးရဲ့  စောင့်ကြည့်ခြင်းက ကာကွယ်ဖို့ သုံးတာကိုတွေ့ ပြီး - နောင် သူ 1979 ခုနှစ်မှာ Black Sabbath band ကို ၀င်တော့ Horn Sign ကို စတင်အသုံးပြုပါတယ်.သူ့ အရင် vocalist Ozzy Osbourne က Peace Sing ကို အသုံးပြုပြီး ဆိုလေ့ရှိတယ်လေ..ဒါနဲ့ သူက ပရိတ်သတ်တွေနဲ့ Live show တွေ မှာဆက်သွယ်တဲ့အခါ Ozzy နဲ့ မတူအောင်Devil Sign ကိုသုံးပြီး ဆိုလေ့ရှိတယ် . Dio နဲ့ Black Sabbath ပထမ ဆုံး tour မှာပဲ အဲ့ဒီ m/ သင်္ကေတ ဟာကျော်ကြားသွားရော. နောက်တော့ Heavy Metal ပရိတ်သတ်တွေအားလုံးရဲ့ သင်္ကေတ တစ်ခုအထိပါရောက်လာခဲ့တယ်. Heavy Metal ပရိတ်သတ်တွေက "maloik" လို့ လည်း Horn Sign ကို ခေါ်ကြပါတယ်. Dio နဲ့  Metal-Rules အင်တာဗျူးမှာ Dio ဖြေထားတာလေး မိုက်ပါတယ် .. Metal-Rules - ' ခင်ဗျား က ဒီသင်္ကေတ ကို Heavy Metal ဂီတမှာ ပထမဆုံးသုံးတဲ့ လူလို့ ပြောလို့ ရမလား .' Dio - ' ဒါလုံးဝမဟုတ်ပါဘူး .တခြားတယောက်ယောက်က တစ်နေရာရာမှာ ဒီသင်္ကေတကိုအသုံးပြုခဲ့ပါလိမ့်မယ်.ကျွန်တော်က ဒီသင်္ကေတကို ထင်ရှားလာအောင်လုပ်ပေးခဲ့တာ ပါ...ဒီသင်္ကေတ ကို ကျွန်တော် အမြဲ အသုံးပြုခဲ့ပြီး ဒီ Sign ဟာ ကျွန်တော့်ရဲ့ Trade Mark တစ်ခု ဖြစ်လာပါတယ် .Britney Spear ပရိတ်သတ်တွေ ဒီ Sign ကို ယူမသုံးခဲ့ဘူးဆိုရင်ပေါ့ .ကျွန်တော် ကျေနပ်တာ တစ်ခုကတော့ ဒါဟာ နောက်တော့ Rock N Roll ရဲ့ သင်္ကေတတွေ ထဲက တစ်ခုဖြစ်လာပါတယ် . နောက်ပိုင်း Rock /Metal bands တွေ ကော ပရိတ်သတ်တွေကပါ ဒါကို အကုန် အသုံးပြုလာ ကြပါတယ် .. ပုံစံတွေ ထဲက ခွဲထွက်လာတဲ့ ဟဲဗီးမက်တယ် သမားတွေ အတွက် ဒီသင်္ကေတ ဟာ Meaning တွေ ထပ် ပါ လာပါတယ်..ဖန်ဆင်းရှင်အယူဝါဒတွေ .အကောင်းမြင်ဝါဒီ သမားတွေနဲ့  မတူတဲ့ ဟဲဗီးမက်တယ် သမားတွေဟာ စေတန် သင်္ကေတ ကို နှစ်နှစ်ခြိုက်ခြိုက် အသုံးပြုပြီး သူတို့ ရဲ့ အမြင်အတွေးတွေကို ဟဲဗီးမက်တယ် ဂီတ နဲ့ အတူ ချပြခဲ့ကြပါတယ်. အစဉ်အလာရှေးရိုးဝါဒီတွေ .ဘာသာရေးအစွဲတွေပြင်းထန်နေတဲ့ အဲ့ခေတ်မှာ ဟဲဗီးမက်တယ်သမား တွေက ဂီတ ကို ကော အတွေး အခေါ်တွေကိုပါ ဆန့် ကျင်တိုက်ထုတ်ခဲ့ကြတာပေါ့ . အဲ့ခေတ်ရဲ့ လူတွေကတော့ Heavy Metal ဂီတ သမားတွေကို နတ်ဆိုးစေတန်တွေ လို့ ပါ မြင်ခဲ့ ကြတာ .အခု ထိ တစ်ချို့ လူတွေက ဒီဂီတကို တလွဲမြင်နေကြတုန်း ..... Rock N Roll / Heavy Metal ရဲ့ Symbol တစ်ခု ဖြစ်တဲ့ ဒီသင်္ကေတ ကို တစ်ချို့ တွေက သုံးတာ သုံးနေပြီး ဘာမှန်း မသိကြလို့ ရေးလိုက်တာပါ .. LONG LIVE ROCK N ROLL m/ လိုတာရှိရင် ဖြည့်စွက်ပေးကြပါအုန်း .. #Angel
Posted on: Sat, 17 Aug 2013 08:13:50 +0000

Trending Topics



Recently Viewed Topics




© 2015