ကိုခင်ကျော်၊ လှိုင်သာယာ - TopicsExpress



          

ကိုခင်ကျော်၊ လှိုင်သာယာ (၁၄) ရပ်ကွက်၊ ငွေပြည်သာယာလမ်း၊ အိမ်အမှတ် (၁၂) (ခ) နေ မုဆိုးမ ဒေါ်တင်လှိုင် ၏ သား ကိုခင်ကျော် ( အသက်၂၉ နှစ်) အားလှိုင်သာယာ ရဲစခန်းမှ ဇန်န၀ါရီလ (၁၆) ရက် ကြာသပနေ့ ညနေ ၆ နာရီတွင် အရပ်ဝတ် ရဲများက မသင်္ကာမှုဖြင့် လာရောက်ဖမ်းဆီးသွားပြီး ၊ သတင်း အဆက်သွယ်မရဖြစ်ခဲ့ကြောင်း အရပ်ဝတ်ရဲများ နှင့် အတူ (မည်သည့် ရပ်ကွက် အုပ်ချုပ်ရေး တာဝန်ရှိသူမှ မပါပဲ)ဇန်န၀ါရီလ (၁၉) ရက် ညနေလေးနာရီခွဲခန့်က နေအိမ်သို့ လက်ထပ်တန်းလန်းဖြင့် ရောက်လာကြောင်း၊ မျက်နှာတွင် ထိုးကြိတ်ခံထားရသော ဒါဏ်ရာများ၊ လက်ထိပ်တန်းလန်း နှင့် ကိုခင်ကျော်က နေအိမ်တွင်း မှ ဒီဗွိဒီ အခွေ တချို့ကို အရပ်ဝတ်ရဲများက အားပြသရာ ဓါတ်ပုံများ ရိုက်ယူကြကြောင်း၊ ၊ ဗီဒို များ မှ အ၀တ်များ အားလုံးဆွဲထုတ်ပြီး ရှာဖွေ မှတ်တမ်းရိုက်ကြကြောင်း....ယနေ့တိုင် ရဲစခန်းသို့ အကြိမ်ကြိမ် သွားရောက် မေးမြန်းရာ ယခုတိုင် သားဖြစ်သူ မောင်ခင်ကျော်နှင့် တွေ့ခွင့် မရသေးကြောင်း။ တရားဥပဒေ စိုးမိုးရေး အတွက် ဖမ်းဆီးထားသူ အချုပ်သားကို မိသားစုနှင့် တွေ့ခွင့်မပေးရသည့် အကြောင်းကို သိရှိလိုသောကြောင့် ယနေ့ ကိုခင်ကျော် မိသားစုအား လှိုင်သာယာ ရဲစခန်းသို့ သွားရောက်ပြီး ဆက်သွယ်မေးမြန်းနိုင်မည့် ဖုန်းနံပတ်ကို စုံစမ်းစေရာ ရဲစခန်းမှ ဖုန်းနံပတ်ပေးရန် ငြင်း ဆန်ကြောင်း..... အမျိုးအမည်မသိ အဖမ်းခံထား၇သော ကိုခင်ကျော် မိသားစု နှင့်ဆက်သွယ်မေးမြန်းလိုသူများ 0931851872 သို့ တိုက်ရိုက်မေးမြန်းဆက်သွယ်ပြီး မြန်မာပြည်၏ တရားဥပဒေ စိုးမိုးမှု အခြေအနေကို ၀ိုင်းဝန်းသုံးသပ်တင်ပြစေလိုပါကြောင်း မြန်မာ့လူမှုဘ၀ တိုးတက်မြင့်မားရေး အသင်း(ယာယီ) Nay Myo Zin ပြန်လည်မျှဝေပေးပါတယ်။ 20.1.2014
Posted on: Mon, 20 Jan 2014 04:29:02 +0000

Trending Topics



Recently Viewed Topics




© 2015